|
(၁) ရာဇဝင်လို အိုမင်းတဲ့ တောင်ပူစာ တလုံးရဲ့ နဘေးမှာ ရေမစီးတဲ့ ခဲခြစ်ကောက်ကြောင်းရှိတယ် အဲဒိနံဘေးမှာ အဖုံးမပါတဲ့ မှော်သေတ္တာတလုံးရှိတယ် မှော်သေတ္တာထဲမှာ . . . ကြယ်ရောင်တွေကို မြှုပ်ထားတယ် ၀တ်စုံပြည့် သတို့သမီးတွေကို မြှုပ်ထားတယ် ခြေတစ်ဖက်ကျိုးနေတဲ့ အနာဂတ်ကို မြှုပ်ထားတယ် ဒိုမိနစ်လာပီယဲရဲ့ “သုခမြို့တော်” မြှုပ်ထားတယ် မှော်သေတ္တာထဲမှာ ကမ္ဘာကြီးအတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပန်းချီကား ချန်ထားရစ်တဲ့ ကိုချိုကြီးကို မြှုပ်ထားတယ် တန့်ဆည်သပိတ်က ကိုချိုထွန်းကို မြှုပ်ထားတယ် သတင်းထောက်ကြီး ဦးကျော်ညွန့်ကို မြှုပ်ထားတယ် ရွှေကူသပိတ်က ဦးကိုလေးကို မြှုပ်ထားတယ် . . . . . . . . မြှုပ်ထားတယ် . . မြှုပ်ထားတယ် . . . . မှော်သေတ္တာထဲမှာ လူသေတွေထုတ်လုပ်တဲ့ ဆေးရုံ တစ်ရုံ မြှုပ်ထားတယ် |