|
Written by ဇော်လူစိမ်း
|
ကျွန်တော့်မှာ နေ့တစ်ခုရှိသည်။ မာတင် လူသာကင်းမှာ အိပ်မက်တစ်ခု ရှိခဲ့သည်။ ထိုအိပ်မက်သည်ပင် အမေရိက၏ အတွင်းသားထဲမှတစ်ဆင့် ကမ္ဘာကြီး၏ လူ့အခွင့်အရေး၊ တန်းတူ ညီမျှရေးနှင့် ငြိမ်းချမ်းရေးများဆီသို့ ပျံသန်းဆိုက် ရောက်ခဲ့ပြန်ပါသည်။ သို့သော် ကျွန်တော့်တွင် နေ့တစ်နေ့ ရှိခဲ့ပါသည်။ ကျွန်တော့်တွင် သာမန် နေ့ပေါင်းများစွာ ရှိတဲ့အနက် ထိုသာမန်နေ့လေး တစ်နေ့ကိုသာ သပ်သပ်ရပ်ရပ် သိမ်းထားနေရပါသည်။ ထို့ကြောင့် ကျွန်တော့်မှာ နေ့တစ်ခုရှိ သည်ဟု ပြောခဲ့ရပါသည်။ ထိုတစ်ခုသော နေ့တစ်နေ့သည် ကျွန်တော့် သူငယ်ချင်းအချို့၏ နေ့တစ်နေ့လည်း ဖြစ်ပါ၏။ နေ့ပေါင်းများစွာသည် ထိုနေ့ဆီသို့ ဆိုက်လာခဲ့ပြီး ထိုနေ့ဆီမှလည်း နေ့ပေါင်း များစွာဟာ ဆင့်ကဲ ထွက်ခွာလာခဲ့ရပါသည်။ နေ့တိုင်းသည် ထိုနေ့အတိုင်းပင် ဆိုက်ရောက်၊ ထွက်ခွာ၊ ကျန်ရစ်ခဲ့ရစမြဲပင်။
|
|
|
Written by မောင်ဒီ
|
 ဒီတခါ ပြည်တော်သာစေဖို့ ဒီမိုကရေစီကိုဖြင့် ဒေါင်းအကတွေနှင့်ကြိုလိုက်ချင်။ အိုးဝေ့ အိုးဝေ တေးသံတွေဆိုတာက သာယာပါဘိတယ်ကို သပြေညိုဆိုတဲ့ပန်းတွေနှင့် အောင်စည်သံတွေက ဟိန်း။ သိန်းသန်းကုဋေကဋာ မြို့တွေရွာတွေက ပြည်သူတွေနှင့်အတူသာ ငြိမ်းချမ်းရေးရှာခဲ့သူ အဘိုးကိုမူ လွမ်းမိတယ်။ မောင်ဒီ ၂၄.၁၂.၂၀၁၁
|
|
Written by ကိုညို
|
(၁) အဲဒီနေ့က ဘယ်လိုမှ အိပ်မပျော်ဘူး။ ဒီတခါတော့ အားလုံး ပါမယ်လို့ဘဲ ထင်နေတာ။ ကိုယ်နေထိုင်နေတဲ့ နိုင်ငံနဲ့ဆို ဗမာပြည်စံတော်ချိန်က ၅ နာရီခွဲ ကွာနောက်ကျတယ်။ မနက်ကျရင် သူတို့ လွတ်လာမှာဆိုတော့ ညအိပ် မနေတော့ဘူး။ နက်ဖြန်လည်း အလုပ်မဆင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကွန်ပြူတာ ၂ လုံးကို တပြိုင်တည်း ဖွင့်ထားပြီး သတင်းဝက်ပ်ဆိုက်ဒ်တွေရော၊ ဘလောခ်တွေနဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပါမကျန် ပြေးလွှားရင်း တယောက်ထဲ အလုပ်ရှုတ်နေတယ်။ ဒီနေ့မှာ ထူးထူးခြားခြား ခါတိုင်းညတွေလို မဟုတ်ဘူး၊ ပြည်ပနေထိုင်တဲ့ သူငယ်ချင်းတွေရဲ့ ဂျီတော့ခ် အကောင့်ခ် တွေအားလုံးနီးပါး မီးစိမ်းပြနေတယ်။ “အော် …. သူတို့လည်း ကိုယ့်လို စိတ်လှုပ်ရှားနေကြမှာဘဲ” လို့ တွေးမိတယ်။ သူတို့လည်း အလုပ်ရှုတ်နေမှာမို့ ခါတိုင်းလို ချက်မနေတော့ဘူး။ ဒီမှာ ည ၂ နာရီဆို ဗမာပြည်မှာ မနက် ၇ နာရီခွဲ။ ကွန်ပြူတာရှေ့ ထိုင်ခုံနဲ့ တင်ပါး ၀ရိန်ဆော်ထားပြီး အင်တာနက်က တက်လာတဲ့ သတင်းတွေ မပြတ်တန်း လိုက်ကြည့်နေတယ်။ ချပ်တင် ထဲကနေလည်း အထဲကို ဟိုမေးဒီမေး။ စိတ်မရှည်တော့ တခါတလေ ဖုံးဆက်လိုက်ပေါ့။ မနက် ၅ နာရီကျော်တော့ မီဒီယာ တော်တော်များများမှာ လွတ်လာသူတွေရဲ့ နာမည်တွေမြင်နေရပြီ။ စိတ်ထဲ လွတ်မယ်လို့ တွက်ထားတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီတို့ဇနီးမောင်နှံတို့နဲ့ ၈၈ အုပ်စုတွေ၊ ဦးဂမ္ဘီယ၊ ဦးခွန်ထွန်းဦး၊ စတဲ့ အာဖက်အေ အတွက် တချိန်က ကိုယ်နဲ့ မကြာခဏ အင်တာဗျူးလုပ်ခဲ့သူတွေ တော်တော်များများ လွတ်လာတော ၀မ်းသာလိုက်တာ။ ဒါပေမဲ့ ကိုယ်အမျော်ကြီး မျော်နေသူ တယောက်ကတော့ ပါမလာသေးဘူး။ တောင်ကြီးထောင်က လွတ်လာသူတွေ စာရင်းကို မျော်နေလိုက်တယ်။ နေ့လည်ရောက်တော့ အွန်လိုင်းကနေ တချိန်လုံး ဖွင့်ထားတဲ့ DVB လိုက်ဖ် တီဗွီကနေ ကိုကျော်ကိုကို အင်တာဗျူးမှာ ကြားလိုက်ရပါတော့တယ်။ “ဆရာ ဦးရွှေထူးကလွဲလို့ အားလုံး တောင်ကြီးထောင်ကနေ လွတ်လာပြီ” တဲ့။ တုန်လှုပ်သွားတယ်။ စိတ်ထဲမှာ ဟာလာဟင်းလင်းကြီး ဖြစ်သွားပါတယ်။ လွတ်လာသူတွေ အတွက် ပျော်တော့ ပျော်ပါရဲ့ ဒါပေမဲ့ ဒါ အပျော်တဲ့လား။ ဒီတခေါက်လည်း ဆရာထူးမပါပြန်ဘူး။ အာရုံထဲမှာ တခုခု လိုနေပါတယ်။ ဟိုတလောကဘဲ ဆရာ့ကို အိပ်မက်သေးတယ်။ အိပ်မက်ထဲမှာ ဆရာက သူ့ထုံးစံအတိုင်း မရီမပြုံး တည်တည်ငြိမ်ငြိမ် မျက်နှာနဲ့။
|
|
Written by မိုးဝေး
|
 `မင်းကို မတွေ့တာကြာပြီနော်´ `ဘယ် တွေ့မလဲ ငါ ပြည်သူကြားရောက်နေတာ´ `ပြည်သူကြားမှာ မင်းအဆင်ပြေလား ဘယ်လိုရပ်တည်နေလဲ´ `ငါ ပြည်သူကျွေးတာ စားနေတာ´ `မင်း အားလပ်ချိန်ရော ရှိရဲ့လား ရှိရင် အဲဒီအချိန်တွေမှာ ဘာလုပ်လဲ´ `ငါ အားတဲ့အခါလည်း ပြည်သူ့ဖက်က ရပ်တယ်လေ´ `တစ်ခါတလေ မင်းအကြောင်းရော မင်းတွေးဖြစ်ရဲ့လား´ `ငါ ပြည်သူအကြောင်းပဲတွေးတယ်´ `ပြည်သူ့အကြောင်းဟာ ငါ့အကြောင်းပဲ´ `သြော် . . မင်းအကြောင်းလား မင်းအကြောင်းဟာ ပြည်သူအကြောင်းလား´ မိုးဝေး 2008
|
|
Written by အိုပါး
|
|
|
|
|
|
|
|
Page 1 of 115 |