Home
kaungkin
ဘာဖြစ်လဲ နာဂစ် (ကဗျာ ရွတ်ဆိုမှု) Print E-mail
User Rating: / 10
PoorBest 
Written by ရေး .. ဇာဂနာ/ ရွတ်ဆို .. ကျော်အောင်လွင်   
 
ဒီမိုကရေစီ Print E-mail
User Rating: / 6
PoorBest 
Written by စိမ်းခက်စိုး   

 

 

 

ဒီနေ့မှာဖြစ်ဖြစ်

ဒီနှစ်မှာဖြစ်ဖြစ် ဒါမှဟုတ်

ဘယ်အချိန်မှာဘဲဖြစ်ဖြစ်

အပေးအယူနဲ့ကြောက်ရွံ့အရှုံးပေးခြင်းတွေကနေ

ဒီမိုကရေစီဆိုတာ မွေးဖွားလာမှာမဟုတ်ဘူး။

 

ငါ့မြေပေါ်မှာ

ငါ့ခြေပေါ်ငါရပ်မတ်မတ်ဖို့

မင်းတို့လိုဘဲ

ငါ့မှာလည်းအခွင့်အရေးအပြည့်နဲ့ဆိုတာ….။

 

သူထိုက်နဲ့သူ့ကံဆိုတဲ့စကားကို

လူတွေပြောလွန်းသံကြားမှာ ကြားရတာငါမောနေမိပြီ

မနက်ဖြန်ဆိုတာ မလာသေးတဲ့နေ့တနေ့ပါ။

ငါသေမှ လွတ်လပ်တာမျိုးတော့ ငါတကယ်မလိုချင်ဘူး

မနက်ဖြန်မှရမယ့်အခွင့်အရေးတွေနဲ့ အသက်ရှင်မနေချင်ဘူး…။

 

 

မြင့်မြတ်သောလိုအပ်ချက်ကနေ

ပေါက်ဖွားရှင်သန်လာခဲ့တာဟာ

လွတ်လပ်မှုဆိုတဲ့ သန်မာတဲ့ မျိုးစေ့ဘဲလေ..

 

 

ငါလည်းဒီမှာမွေးတဲ့သူဘဲ

မင်းတို့လိုဘဲလွတ်လပ်ခွင့်ကို လိုချင်တယ်။

လန်စတွန်ဟုခ်ျစ် 

 

 

Read more...
 
မင်းကိုနိုင်ရဲ့ သမိုင်းအမြင်၊ မင်းကိုနိုင်ရဲ့ ပန်းချီနှင့် ဂီတ Print E-mail
User Rating: / 2
PoorBest 
Written by စာတည်းအဖွဲ့   

 

ကျွန်တော်တို့ သိထားခဲ့တဲ့ မင်းကိုနိုင် ဆိုရင် .. ကျောင်းသား ခေါင်းဆောင်၊ မတရားတာကို ခေါင်းငုံ့ မခံတဲ့ လူထုခေါင်းဆောင်၊ မြန်မာပြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ခေါင်းဆောင် နိုင်ငံရေးသမား အဖြစ် စိတ်ထဲမှာ ထင်စွဲနေကြပါတယ်။

 

ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် ဆိုတာ လူထု ခေါင်းဆောင် အဖြစ်သာမက၊ အနုပညာကို ဖန်တီးသူ၊ အနုပညာကို ခံစားတတ်သူ .... အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူရဲ့ လူသိ မများသေးတဲ့ အနုပညာ ဖန်တီးမှုများမှာလည်း အားအင် မသေးလှသော အနုပညာ ဖန်တီးမှုများ ဖြစ်ပါတယ်။ 

 

ဒါကြောင့် မင်းကိုနိုင်ရဲ့  အနုပညာ ပန်းချီကား၊ မင်းကိုနိုင်ရဲ့ သမိုင်းအမြင်၊ မင်းကိုနိုင်ရဲ့ ဂီတ .. စတဲ့ အနုပညာလက်ရာများအား ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) မှ တင်ဆက်လိုက်ပါတယ်။

(စာတည်းအဖွဲ့)

 

 ၇ ဇူလိုင် အတွက် မင်းကိုနိုင် သီဆိုထားတဲ့ သီချင်း အသံဖိုင်ကို အောက်ပါ links များတွင် နားဆင်၊ ရယူနိုင်ပါသည်။

 

တိုက်ရိုက် နားဆင်ရန်

Download ရယူရန်

 

painting

 
ကောင်းကင် မွေးဖွားခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာမူစုစည်းမှု Print E-mail
User Rating: / 2
PoorBest 
Written by စာတည်းအဖွဲ့   

 

 

မင်္ဂလာ နှစ်သစ်ဖြစ်ပါစေလို့ ကောင်းကင်က စာဖတ်ပရိတ်များကို နှုတ်ဆက်လိုက်ပါတယ်။

 

ဒီနေ့ မြန်မာနှစ်သစ်ကူးနေ့ဟာ ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း)ရဲ့  (၁) နှစ်ပြည့် မွေးနေ့ပါ။

 

ဂလိုဘယ်ဖြစ်စဉ်ကြီးထဲမှာ ဥာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာမချို့ တဲ့ တဲ့ မြန်မာများအဖြစ် စီးမြောနိုင်ရေး အတွက် ရသစာပေခံစားမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေကြတဲ့ နောင်တော် မြန်မာစာပေ မဂ္ဂဇင်းများနဲ့အတူတကွ တာဝန်ဝေမျှထမ်းရွက်နိုင်ဘို့ ရည်ရွယ်ပြီး ကောင်းကင်မဂ္ဂဇင်းကို ဖန်တီးခဲ့တာဟာဖြင့် ဒီနေ့မှာ ၁ နှစ်ပြည့်ခဲ့ပါပြီ။

 

ကောင်းကင်ရဲ့ (၁) နှစ်တာ ဖြတ်သန်းမှု ကာလ အတွင်းမှာ ကျွန်တော်တို့ရဲ့ မှားယွင်းမှု၊ စာမူအသစ်များကို တင်ဆက်တာနှေးကွေးမှု၊ နည်းပညာအားနည်းမှု စတဲ့ အချက်အလက်များ ရှိခဲ့သော်လည်း သည်းခံအားပေးနေတဲ့ စာဖတ်ပရိတ်သတ်များကို ကျေးဇူးတင်ရှိပြီး ပါဝင်ရေးသားကြသော စာရေးဆရာများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။

 

မြန်မာပြည်တွင်းမှာ ရသစာပေ အမျိုးအစားများ အားကောင်းသော်လည်း လွတ်လပ်မှု အားနည်းနေပြီး ပြည်ပတွင် လွတ်လပ်မှု အားကောင်းသော်လည်း ရသစာပေအမျိုးအစား အားနည်းနေတာကို တွေ့ရှိခဲ့ပါတယ်။

 

ထိုကြောင့် လွတ်လပ်တဲ့ ရသစာပေ အမျိုးအစားများ အားကောင်းစေရေးဆိုတဲ့ စာပေတာဝန်ကို ထမ်းဆောင်ဖို့ ကောင်းကင် မွေးဖွားလာခဲ့ခြင်း ဖြစ်ပါတယ်။

 

ကောင်းကင် မဂ္ဂဇင်းမှာ တင်ထားရှိတဲ့ စာမူများကို စုစည်းပြီး ၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် တစုတစည်းတည်း အောက်က လင့်(ခ) မှာ တင်ဆက်လိုက်ပါတယ်။

ကောင်းကင် မွေးဖွားခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာမူစုစည်းမှု

 

အိမ်က စက်ထဲမှာ ဖတ်ရန်ဖြစ်ဖြစ်၊ print ထုတ်ပြီး လွယ်လွယ်ကူကူ ဖတ်လို၍ ဖြစ်ဖြစ် (၁) နှစ်ပြည့် စာမူစုစည်းထားသော ဖိုင်ကို ဒီနေရာမှာ download ရယူနိုင်ပါတယ်။

 

ဆက်လက်ပီးလည်း ရသစာပေ အမျိုးအစားအသစ်များစွာကို ပရိတ်သတ်များထံ တတ်စွမ်းသမျှ တင်ဆက်သွားမယ် ဖြစ်ပါကြောင်းနဲ့  … မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့  ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။

 

စာတည်းအဖွဲ့ 

 
ရေလို လေ လို ကဗျာဆရာ.. Print E-mail
User Rating: / 3
PoorBest 
Written by စာတည်းအဖွဲ့   

ကောင်းကင် မဂ္ဂဇင်းမှ ရည်မွန်၏ ကမ္ဘာကြီးပေါ်မှာ ငါတို့ဟာ ကဗျာရှည်အား အပိုင်း(၅) ပိုင်းခွဲ၍ တင်ဆက်ခဲ့ပါသည်။ ဤကဗျာကိုရေးခဲ့စဉ်ကာလ၊ ကဗျာဆရာရည်မွန်အား ထောင်တွင်းထုတ် မဂ္ဂဇင်း တစ်ခုမှ ခေတ်ပေါ်ကဗျာနှင့်ပတ်သက်သော မေးခွန်းတချို့ကိုမေးမြန်းဖေါ်ပြခဲ့ပါသည်။ ထိုအင်တာဗျူးအား ကောင်းကင် မဂ္ဂဇင်း ပရိတ်သတ်အတွက် တောင်ပံခတ်သံ ထောင်တွင်းမဂ္ဂဇင်းမှ ကူးယူဖေါ်ပြလိုက်ပါသည်။ ဤကဗျာဆိုင်ရာ အတွေးအမြင်များသည် ကဗျာဆရာအကျဉ်းထောင်ရှိခဲ့စဉ်အချိန်လွန်ခဲ့သော ၉ နှစ် ခန့်က သဘောထားများဖြစ်ပါကြောင်း။

 

(စာတည်းအဖွဲ့)  

 

interviewတောင်ပံ၊            ။ကဗျာဟာ ခင်ဗျားဘ၀ထဲကို ဘယ်လိုဝင်ရောက်လာ ပါသလဲ။

ရည်မွန်။              ။ကဗျာဟာကျွန်တော့် ဘ၀ထဲကိုဘယ်လိုရောက်လာတယ်ဆိုတာ ကောင်းကောင်းမမှတ်မိ ပါဘူး။ နောက်ကြောင်းပြန် ကြည့်သလောက် ရှစ်တန်းကျောင်းသားလောက်မှာ ကျွန်တော် ကဗျာရေးဘို့ စပြီး အားထုတ်နေမိပါပြီ။ အဲဒီအချိန်လောက်ကစပြီး ကျွန်တော်ကိုယ်ကျွန်တော် ကဗျာဆရာ တစ်ဦး အဖြစ် မှတ်ယူနေထိုင်မှုဟာစတင် ခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်တော်နဘေးမှာ ကဗျာဆရာဆိုတာလည်း တစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပါဘူး။ ကဗျာကို စိတ်ဝင်စားသူတွေလည်း ရှိမနေခဲ့ပါဘူး။ အဲဒီိအချိန်က နံဘေးမှာရှိနေခဲ့တာကတော့ ကျောင်းသင်မြန်မာစာ ပြဌာန်းချက် ကဗျာစာအုပ်တွေပါပဲ။ အဲဒီခေတ် ၁၉၈၀ ဝန်းကျင် ကျောင်းသုံး ကဗျာစာအုပ်တွေကို ကျွန်တော် ခုထိမြတ်နိုးနေမိပါသေးတယ်။

 

တောင်ပံ။            ။ကဗျာဟာ ပွင့်လင်းမှုလား။လျို့ဝှက်မှုလား။

 

ရည်မွန်။              ။ကဗျာဟာ စိတ်ရဲ့အနုမြူပါ။

 

တောင်ပံ။            ။Modern, Post Modern ကဗျာတွေရဲ့ ဂုဏ်ရည်ကိုသစ်ကို ဘယ်လိုဖွင့်ဆိုနိုင်ပါသလဲ။

 

ရည်မွန်။              ။ဘီလ်ဂိတ်ရဲ့ Window စံနစ်ကိုဖွင့် ကြည့်ရင် ၂၀ ရာစုရဲ့ရုပ်ခန္ဓာကို တွေ့ရမယ်။ Modern Post Modern ကဗျာတွေ တွေကို ဖွင့်ကြည့်ရင် ၂၀ ရာစုရဲ့ နာမ်ခန္ဓာကို တွေ့ရမယ်။

 

တောင်ပံ။            ။စာပေ အနုပညာနဲ့ ဒသနဗေဒဆိုင်ရာတွေမှာ ဘာသာစကားဟာ အတားအဆီးသဖွယ် ဖြစ်နေတတ်ပါတယ်။ အစစ်တရားတွေကို ဖွင့်လှစ်ပြသဘို့ မလိုလောက်ဘူးလို့ဆိုကြတယ်။ ကဗျာဆရာရဲ့ အမြင်ကိုသိပါရစေ။

 

ရည်မွန်။`            ။ကုန်းမြေရဲ့သဘာဝကိုဖေါ်ပြဘို့ ငါးသတ္တ၀ါတွေမှာ စကားလုံး မရှိသလိုပဲ အစစ်တရားတွေကို ဖေါ်ပြဘို့ လူသတ္တ၀ါတွေမှာ စကားလုံး မရှိဘူးလို့ဆိုပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်က မစွမ်းမသန်ဆိုတော့ ကရိကထများပေမဲ့ တောင်ဝှေးကိုမစွန့်ပစ် နိုင်သလိုပဲ၊ ဘာသာစကားရဲ့အကူအညီမပါပဲ၊ လောကအကြောင်း ကျွန်တော်တို့ ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ။ ကျွန်တော် တို့မှာဥာဏ်မျက်စိ ရှိပြီဆိုရင် တနည်းအားဖြင့်စကံ္ခု ဥဒပါဒိ ဖြစ်ပြီဆိုရင် တော့ ကျွန်တော်တို့ကိုယ်တိုင် (ဘယ်သူ့အကူအညီ မှ မပါဘဲ) အစစ်တရားကို မျက်မှောက်မှုနိုင်ပါလိမ့်မယ်။ ကျွန်တော်နားလည်သလောက် အစစ်တရားဆိုတာက ဖွင့်လှစ် ပြသဘို့မဟုတ်၊ မျက်မှောက်ပြုဖို့သာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အစစ်တရားဟာ စကားလုံးပညတ် တွေရဲ့အလွန်(Beyond the Words) မှာတည်ရှိပါတယ်။

Read more...
 
«StartPrev12345678910NextEnd»

Page 1 of 48