|
Written by ခင်အောင်အေး
|
|
 ‘My poetry world, The author says’ ကဗျာဆရာက ကဗျာအကြောင်းပြောရမယ်ဆိုတော့ (ကိုယ့်အတွက်) နည်းနည်းတော့ ခွကျတယ်၊ ကဗျာနယ်ပယ်ထဲရောက်သွားတာက ရောက်မှန်းမသိ တဖြည်းဖြည်းရောက်သွားတာ၊ အဲလစ်စ် နဲ့ အံ့ဘွယ်ကမ္ဘာ ဆိုတဲ့ ပုံပြင်လေးက ကိုယ် ကဗျာနယ်ပယ်ထဲရောက်သွားပုံကို တင်စားခိုင်းနှိုင်းဖို့သိပ်ကောင်းတယ်။ အဲလစ် သူ့ဟာသူ ပုံပြင်လေးတွေဖတ်ရင်း wonderful land ထဲ ကျရောက်သွားတာ ကဗျာတွေ ကြိုက်လို့ဖတ်ရင်း ကိုယ်တိုင် ကဗျာနယ်ထဲ ကျရောက်သွားပုံနဲ့တထေရာထဲပဲ။ ထူးထူးဆန်းဆန်းတွေတွေ့ရတာ မဖြစ်နိုင်တာတွေ ကြုံရတာ အခက်အခဲတွေ ကျော်လွှားသွားရတာ ကြိုတင်မသိ မမြင်ရတဲ့ အန္တရယ်တွေနဲ့ ဘွားကနဲ ရင်ဆိုင်ရတာ၊ အသည်းယားစရာ ဖြစ်ရပ်တွေရဲ့ ဖမ်းစားမှု။ |
|
Read more...
|