|
Written by ဇာဂနာ
|
|
 ဘာဖြစ်သလဲ နာဂစ် ဆန်တွေ ရဟတ်ယဉ်စီးတယ်။ 4.W.D စီးတာ ဌားခ သိန်းခုနစ်ဆယ် ဘိုကလေးက အင်းလျားလမ်းထက် ဈေးကြီးတယ်။ ဘာဖြစ်သလဲ နာဂစ် ဟော်လံဘီယာတွေ လခစားတယ်။ ကမ်းရိုးတန်းဖုန်း နှစ်ဆယ့်သုံးသိန်းပေါက်တယ်။
ဘာဖြစ်သလဲ နာဂစ် ဆားချက်တဲ့ ကန်ထဲ ရေငန်ဝင်တယ်။ လူတစ်ထောင် အလုပ်ရဖို့ လူတစ်သိန်း ရင်းရတယ်။ နဂါးဖြစ်ဖြစ် ပန်းဖြစ်ဖြစ် ဘာဖြစ်လဲ နာဂစ် ဘာမှ မဖြစ်ဘူး ဘာမှမလုပ်သေးလို့။ ဇာဂနာ (၂၀၀၈) |