Syndication

feed-image Get Latest Post
ငါ့ပူစီကို ဘယ်မှာထားသွားသလဲ - ပြော PDF Print E-mail
User Rating: / 1
PoorBest 
မဂ္ဂဇင်း - ကဗျာ
Written by ပန်ဒိုရာ   
Tuesday, 20 March 2012 14:01
  POT

 

ငါ့ပူစီကို ဘယ်မှာထားသွားသလဲ - ပြော

မျက်လုံးလေးကြောင်ကြောင်ထိုးထွက်ပြူးတူး

ပါးနှစ်ခြမ်းမှာဖြာကျနေတဲ့နှုတ်ခမ်းမွှေးစစနဲ့

ညင်ညင်သာသာပွတ်သတ်ချွဲနွဲ့တတ်သူ

အစာဝတဲ့အခါ အပုံလိုက်ကလေးငြိမ်သက်ခွေအိပ်သူ

ငါ့ပူစီကို တစ်ယောက်ယောက်က စားသွားပြီလား

တစ်ယောက်ယောက် ကစား သွားပြီလား



ပူစီ - လေနုအေးလေး တနွဲ့နွဲ့နော့နေဆဲလေ

ပူစီ - မိုးရေတွေ တောက်-တောက်-တောက် နှင်းဖတ်တွေ ပေါက်-ပေါက်-ပေါက်

ပူစီ - အခုလောက်ဆို စိုစွတ်ချမ်းတုန်နေရှာရော့မယ်

ပူစီ - မင်းသိပ်ကြိုက်တဲ့ နို့ဖြူဖြူတွေကို မက်မက်မောမော လျှာနဲ့လျက်ခဲ့

ပူစီ - ဘဂ္ဂဒက်ရှေ့တန်းစစ်မျက်နှာတုန်းက ဘတပြန်ကျားတပြန် အနိုင်မခံ

ပူစီ - ဆီးရီးယားအရေးအခင်းမှာ တက်ကြွတော်လှန်သူတစ်ဦးအဖြစ်

ပူစီ - အာရပ်ကမ္ဘာမှာ ပုဝါပါးလေး အလွှားခံထားရသော

ပူစီ - ဒီနှစ်နွေဦးကို ဘယ်လိုတက်ခွစီးနင်းရမှာလဲ

ပူစီ - စကားပြောရင် နိုင်ငံရေးတွေ မပါကြေးကွာ



စီတီဇင်ဂျာနယ်လစ်တစ်ဦး နောက်ဆုံးချန်ခဲ့သော အော့ဖ်လိုင်း မက်ဆေ့ခ်ျ:
မျက်မြင်တွေ့ရှိသူများ၏ စကားအရ ပူစီသည် ညိုးညိုးညင်ညင် မြည်တမ်းလျက်
အနီနုရောင် ဘူးသီးပုပ်တစ်လုံးကို ပွေ့ပိုက်ကာ
လိုင်းစိတ်လိုင်းကျဲများကိုပါးဖြဲနားဖြဲ ဝါးမျိုခဲ့ပြီးနောက် “အာဂ”
ဟုအမည်ရသော ငှက်တစ်ကောင်၏ ပင်လယ်ဓားပြကော်ပီ အတောင်ပံ ကို လက်မ
အတောင့်ပေါက် မှတဆင့် တပ်ဆင်ရန် ကြိုးစားသော်လည်း နားရွက်တစ်ဖက်သာ
တလှုပ်လှုပ် ကျန်ရစ်ခဲ့ကြောင်း



ကလေကဝတွေနဲ့

       အလေမထနဲ့ ပူစီ။



ပန်ဒိုရာ

၁၈-၂ဝ.၃.၂၀၁၂

 (pussy riot သို့)


Add this page to your favorite Social Bookmarking websites
 
Last Updated on Sunday, 25 March 2012 04:13
 

Add comment


Security code
Refresh