နာမည်ကျော် ကိုယ်ပိုင်သံစဉ် သီချင်းတွေထဲက "မောင့်လပြည့်ဝန်း"၊ "အားလုံးကို ကျော်ဖြတ်ရမယ်"၊ "ငြိမ်းချမ်းရေး တိုက်ပွဲ"၊ "နောက်ဆုံးအိပ်မက်" စတဲ့ သီချင်းတွေကြားလိုက်တာနဲ့ အဲဒီ သီချင်းတွေကို ဖန်ဆင်းခဲ့တဲ့ အနုပညာရှင် "ကိုနေဝင်း" တွဲပြီး သိကြပါတယ်။
မြန်မာ့ဂီတလောကရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ ကိုယ်ပိုင်သံစဉ် ဖန်တီးမှု သီချင်းကဏ္ဍမှာ မှတ်တိုင်စိုက်ခဲ့တဲ့ အနုပညာရှင် တစ်ဦးဆိုလည်း မမှားပါဘူး။
ကိုနေဝင်း ရေးစပ်ပြီး ကိုယ်တိုင် သီဆိုထားတဲ့ “ငြိမ်းချမ်းရေးတိုက်ပွဲ”သီချင်းကို စာဖတ်ပရိသတ်များအတွက် ကောင်းကင်မဂ္ဂဇင်းက တင်ဆက်လိုက်ပါတယ်။
စစ်ပွဲပြီးစ ယမ်းငွေ့ မပြယ်သေးချိန်၊ ….. (၁၉၇၉ - ၁၉၈၀) ကာလများရဲ့ ရှမ်းပြည် တန့်ယန်းမြို့လေးနဲ့ မီးခိုးငွေ့တွေကြားက “ငြိမ်းချမ်းရေး တိုက်ပွဲ” သီချင်းကို မွေးဖွားခဲ့တာပါ။