Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

‘No alternative other than peace’


To mark 2nd anniversary of civil war raging in Kachin State, ‘wishing for peace’ ceremony and evening concert was held on 9th of June in Mandalay organised by Sane Yaungso, environmental and humanitarian activist group. During the ceremony, the veteran poet Ko Lay (Innwa Gonye) and U Tun Aung Kyaw, Advocate of the Supreme Court, delivered the speeches on the Peace. ‘ The ceremony is intended to spread the following message. Peace is only way to achieve the prosperous Union where the democracy and the development in all aspects of social and economic are well promoted.’ , says one of the organisers from Sane Yaungso. The Peace of Heart, the music album contained 9 songs, made by Peace Weapon Music band of Sane Yaungso members was also launched at the ceremony and the attendees were entertained with the peace songs. Finally, Mandalay-born singer Lin Lin delivered a solo performance before the ceremony was concluded

 

တစ်ကြော့ပြန် ကချင်စစ်ပွဲ နှစ်နှစ်မြောက်တဲ့ ဇွန် ၉ ရက်က စိမ်းရောင်စိုအဖွဲ့ ရဲ့ အစီအစဉ်နဲ့ ငြိမ်းချမ်းရေးဆန္ဒပြုပွဲ နဲ့ ဂီတဆည်းဆာကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)နဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးထွန်းအောင်ကျော်တို့က ငြိမ်းချမ်းရေးအမှာစကားများ ပြောဆိုကြပါတယ်။
ဒီပွဲကျင်းပရခြင်းနဲ့ ပတ်သက်လို့ စိမ်းရောင်စိုအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုရာမှာ ဒီမိုကရေစီထွန်းကားပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုနိုင်ငံတော် တစ်ခု တည်ထောင်မယ်ဆိုရင် ငြိမ်းချမ်းရေးမှတစ်ပါး အခြားရွေးရန် မရှိ ဆိုတဲ့ သတင်းစကားကို ဒီပွဲကပေးချင်ပါတယ် လို့ဆိုပါတယ်။
စိမ်းရောင်စို အဖွဲ့ Peace Weapon Music Band က ရေးဆိုတီးခတ်ထားတဲ့ သီချင်းကိုးပုဒ်ပါ ငြိမ်းချမ်းရေးနှလုံးသား တေးအယ်လဘမ်ကိုလည်း ဒီပွဲမှာ ထုတ်လုပ်ဖြန့်ချိခဲ့ပြီး ပရိသတ်ကို ငြိမ်းချမ်းရေးသီချင်းများနဲ့ ဧည့်ခံဖျော်ဖြေပါတယ်။
နောက်ဆုံးအစီအစဉ်အဖြစ် မန္တလေးသားအဆိုတော် လင်းလင်းရဲ့ တစ်ကိုယ်တော် သီဆို တင်ဆက်မှုနဲ့ ငြိမ်းချမ်းရေးပွဲကို ရုပ်သိမ်းခဲ့ပါတယ်။

                                                                               ရည်မွန်