ဆောင်းပါး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

               htein

 

ကျွန်တော်နဲ့ ဆရာထူးတို့ ရဲ့ ၀တ္ထုဆန်ဆန်ပြန်လည်တွေ့ဆုံမှု

အပြီးမှာတော့  ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့

မြောက်ပိုင်းပြန်ရဲဘော်တွေနဲ့မန္တလေး အခြေစိုက်

မြောက်ပိုင်းပြန်တွေ အပါအ၀င် ဆရာထူးနဲ့ ဆက်စပ်နေတဲ့

ထောင်ထွက်တွေ ကြားမှာ စာနဲ့ လူပါ အဆက်အသွယ်တွေ

များလာပါတော့တယ်။တခါတရံ ကျွန်တော် ရန်ကုန်က

ရဲဘော်တွေ အနီးစခန်းထိချီတက်ပြီးသုံးလေးရက်တည်းခို

စားသောက်နေကြတာရှိသလို။ မန်းလေးမှာ အခြေအနေ

မလှလို့ ရှောင်ရတိမ်းရမယ့်ရဲဘော်တွေကို ဆရာထူးက

စာရေးပြီးကျွန်တော်တို့လွတ်လိုက်တဲ့ အခါ

ကျွန်တော်တို့က၀ပ်ကျင်းလေးတွေ ရန်ကုန် မှာစီစဉ်ပေးရ

တာတွေ ရှိလာပါတယ်။


Star InactiveStar InactiveStar InactiveStar InactiveStar Inactive

picture

 

ဆရာဦးရွှေထူး တယောက် နောက်ဆုံး လွှတ်ပေးတဲ့

အကျဉ်းသား စာရင်းထဲမှာ မပါလာလို့

အားလုံးစိတ်မကောင်း ဖြစ်ကြတယ်။

အရင်တခေါက် လွှတ်ပေးတုန်းကလည်း

ဆရာထူးရဲ့သား မန်းလေးက ကိုရွှေသွေးကို

ဖုန်းဆက်ပြီး မေးရတယ်။ ပါလာပြီလား။

ဒါပေမယ့် နောက်ဆုံး တောင်ကြီးက

လွတ်လာတဲ့ ကိုဂျင်မီတို့ ကိုဇော်သက်ထွေးတို့

ဆီကနေ တိတိကျကျ သိလိုက်တာက

ဆရာထူးတယောက်တည်းပဲ ကျန်ခဲ့တယ်တဲ့။

 

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

zaya

                        သရုပ်ဖေါ်ပန်းချီ ဇေယျ

 

 အရှေ့ဆီကရောင်နီဖြာ

ဗိုလ်ချုပ်အောင်ဆန်းပါ

တို့ဗမာပြည်အမှောင်တွင်း

သူခေါင်းဆောင်လို့လင်း

စိတ်ရင်းမှန်လို့သစ္စာတည်

ဗိုလ်ချုပ်အာဇာနည်

တို့ပြည်ကောင်းအောင်

သူသည်ပိုး

သူ့ဂုဏ်ဘယ်မညှိုး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
picture

သိပ်တော့ မကြာသေးဘူး။ ပြီးခဲ့တဲ့မတ်လ လလည်လောက်က ဖြစ်မယ်။ နော်ဝေးနိုင်ငံ ရုပ်မြင်သံကြားကနေ အစားအသောက်တွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တခု လွှင့်တယ်။ အဲဒီအစီအစဉ်က ထူးထူးခြားခြား မြန်မာနိုင်ငံနဲ့ပ တ်သက်နေတယ်။ နော်ဝေးနိုင်ငံသား စားဖိုမှုးတယောက်နဲ့ အစားအသောက်ဆိုင်ရာ သတင်းအစီအစဉ်လုပ်တဲ့ သတင်းထောက်တယောက် ထိုင်းမြန်မာနယ်စပ်ကတဆင့် ကရင်လူမျိုးစု သူပုန်တွေရဲ့ စီစဉ်ပေးမှုနဲ့ ရန်ကုန်အထိ ရောက်သွားတယ်။

ရန်ကုန်မြို့ထဲ လမ်းဘေးဈေးဆိုင်တွေက အစားအသောက်တွေ အကြောင်း၊ အင်တာဗျူး အမေး အဖြေတွေနဲ့တကွ မှတ်တမ်း တင်တယ်။ ဒါတင်ဘယ်ကမလဲ၊ ကိုယ်တော်ချော ၂ ယောက်ဟာ အင်ယားကန်စောင်း ခြံအမှတ် ၅၄ က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တောင် ရောက်သွားပြီး အင်တာဗျူး လိုက်သေးတယ်။ ဘာနိုင်ငံရေးမေးခွန်းမှ မပါဘူး။

ဒေါ်စုကို စပြီး မေးတာကိုက ……

 “ဘာအစားအသောက်ကို အကြိုက်ဆုံးလဲ

တဲ့။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 htein lin နှစ်သစ်တစ်နှစ် ကူးပြောင်းလာပြန်ပြီပေါ့။ ကျန်ခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ကဗျာရေစီးကြောင်း အပြောင်းအလဲတွေကို များစွာ ကြုံလာ ရပြန်ပြီပေါ့။ ဘယ်ပုံဘယ်နည်း ပြောင်းလဲမှုတွေ ကြုံလာရသလဲ ဆန်းစစ် ကြည့်မိရပြန်ပြီပေါ့။ ကုန်လွန်ခဲ့တဲ့ နှစ်ကာလများမှာ ကဗျာ ရွက်ဟောင်းတွေ ကြွေပြီးနောက် ရောက်လာမယ့် နှစ်သစ်တွေမှာ ကဗျာရွက်သစ်တွေ ဝေပြန်ပြီပေါ့။ ဝေရ ဦးမှာပေါ့။