ဆောင်းပါး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

picture

 

(ဒီစာဟာ ကိုနေ၀င်းအောင် (မြန်မာစာနည်းပြဟောင်း)နဲ့ ကျွန်တော်တို့ ရင်းနှီးခဲ့ကြ၊ နိုင်ငံရေးကိစ္စတွေ တွဲလုပ်ခဲ့ကြတဲ့အကြောင်းကို ရေးပြမယ့်စာပါ။ ကျွန်တော့်မိတ်ဆွေ (သူငယ်ချင်းလို့ ပြောလည်း ရတယ်)ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာအတွက် ကျွန်တော် ရေးဖို့လိုအပ်မယ်ထင်လို့ ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောလိုက်တာပါပဲ။)

၁၉၈၈ အရေးတော်ပုံကြီး ဖြစ်လာတော့ ကျွန်တော်က ရန်ကုန်တကသိုလ် မြန်မာစာဌာနမှာ နည်းပြ၊ ကိုနေ၀င်းအောင်က လုပ်သားများကောလိပ်၊ မြန်မာစာဌာနမှာ နည်းပြ လုပ်နေကြတယ်။ စက်တင်ဘာ (၁၈)မှာ စစ်တပ်က အာဏာသိမ်းတယ်။ မဆလ ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေကို မဆလ ကိုယ်စား လက်စားချေတဲ့အနေနဲ့ အကြမ်းတမ်းဆုံး ပစ်ခတ်သတ်ဖြတ်ပြီး နှိပ်ကွပ်ခဲ့တယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
့htein lin

ကဗျာဆိုတာဟာ အတွေ့အကြုံက မွေးဖွားလာပါတယ်။ အတွေ့အကြုံဆိုတဲ့နေရာမှာ မိမိတို့ တစ်ဦးချင်း တစ်ယောက်ချင်း တွေ့ကြုံရတဲ့ ဘဝအတွေ့အကြုံ၊ လူ့အဖွဲ့အစည်းဝင်တစ်ယောက်ရဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ အတွေ့အကြုံ၊ မိမိတို့ အမွေဆက်ခံရတဲ့ နိုင်ငံရေးအတွေ့အကြုံ၊ မိမိတို့ ဇာတိနိုင်ငံရဲ့ သမိုင်းရေးအတွေ့အကြုံ၊ မိမိတို့ ဖတ်ရှုမှတ်သားခဲ့ရတဲ့ စာပေအတွေ့အကြုံ၊ မိမိယုံကြည်သက်ဝင်တဲ့ ယုံကြည်ချက်အတွေ့အကြုံစတဲ့ အတွေ့အကြုံအားလုံး ပါဝင်နေမှာ ဖြစ်ပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

picture

လူကြီးမင်းများ လက်ခုပ်တီးပါ။

ဒါကတော့ ရန်ကုန်မြို့၊ တကောင်းပန်းချီပြခန်းမှာ ဇွန်လ ၂၄ ရက်နေ့က ပြုလုပ်သွားခဲ့တဲ့ ဂရက်ဖီတီပွဲတစ်ခုရဲ့ နံမည်ပါ။ မျက်စိအမြင် အေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲရဲ့ Theme ကို ရေအောက်လို့ ပေးထားပါတယ်။ ပွဲတစ်ခုလုံးကို ရေအောက်နဲ့ဆိုင်တဲ့ အကြောင်းအရာပေါ်ကိုပဲ အခြေခံ ရေးဆွဲခဲ့ကြပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 UWM

              ပဲခူးတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်စကားပြောနေစဉ် 

(က) 

လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ဖြစ်သည်။

ခင်မင်လေးစားရသော မိတ်ဆွေကဗျာဆရာတစ်ဦးက

ဆရာဒဂုန်တာရာရဲ့ ‘ရန်သူကို မိတ်ဆွေဖြစ်အောင်

လုပ်လို့ရတယ်’ ဆိုတဲ့စကားကို ဂျာနယ်တစ်စောင်မှတဆင့်

တုန့်ပြန်ဝေဖန်သည်ကို ကျနော် ဖတ်ခဲ့ရဖူးသည်။

သူက ရန်ဘက်အရ လုံးလုံးကြီးဆန့်ကျင်နေသော

ဆန့်ကျင်ဘက် အနေအထားကို ပေါင်းစပ်လို့မရကြောင်း

ရူပဗေဒနည်းအရ သက်သေပြသည်။ အကျိုးစီးပွါးချင်း

ဆန့်ကျင်ဘက်ဖြစ်နေသည့် မတူသော လူတန်းစားနှစ်ရပ်ကို

ဘယ်လိုနည်းနဲ့မှ ပေါင်းစပ်လို့မရဘူးဟု ယခင်ဂန္ထဝင်ပေတံဖြင့်

တိုင်းတာပြကာ သက်သေပြသည်။ သူက ရန်ငါ ရပ်တည်ချက်ဖြင့်

အခြေခံကာ ဆရာဒဂုန်တာရာကို စိတ်ကူးယဉ်သူဟူသော

ကောက်ချက်ဖြင့် တုန့်ပြန်သည်။


Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 aung let

 

၁၉၉၉ ခုမှာ(I.C.R.C) နိုင်ငံတကာကြက်ခြေနီအဖွဲ့ဟာ  မန္တလေး

ထောင်တွင်းကိုဝင်ရောက်ပြီး အကျဉ်းသားတွေနဲ့ တွေ့ခွင့်ရခဲ့ပါ

တယ်။I.C.R.C အဖွဲ့ ၀င်ရောက်လာပြီး နောက်မှာတော့ ကျွန်တော်

တို့ တိုက်ခန်းမှာ နေကြရသူတွေရဲ့အခြေအနေဟာ အနည်းငယ်

တိုးတက်လာပါတယ်။အထူးသဖြင့် အရင်လို နာရီပေါင်း၂၀ကျော်

လောက် အခန်းကျဉ်းလေးထဲမှာ ပိတ်ထားတဲ့အခြေအနေကနေ

အခန်းအပြင်မှာလေ့ကျင့်ခန်းလုပ်ချိန်ပိုရလာသလို၊တခန်းနဲ့တခန်း

လည်းကူးလူးသွားလာခွင့်ရလာပါတယ်။နေ့စဉ် အခန်းကူးပြောင်း

ရတဲ့ ၀ဋ်ကနေလည်းလွတ်မြောက်သွားပါတယ်။အဲလို တခန်းနဲ့

တခန်းကူးလူး လို့ရပြီ ဆိုတဲ့ အခါမှာမနက်မိုးလင်းလို့ ထောင်

တံခါးဖွင့်ပြီးဆန်ပြုတ်ဝေပြီးတာနဲ့ တိုက်ခန်းမှာရှိတဲ့လူငယ်လူကြီး

တော်တော်များများကဆန်ပြုတ်ခွက်လေးတွေကိုယ်စီ ကိုင်ပြီး

ကျွန်တော်တို့ အခန်းမှာလာပြီး စကားဝိုင်း ဖွဲ့ကြပါတယ်။လေ့လာ

ဖတ်ရှုမှု ကောင်းတဲ့လူ ဘ၀အတွေ့အကြုံများတဲ့သူမို့ဆရာထူး

စကားဝိုင်းကအမြဲလူစည်ပါတယ်။ဆရာထူးရဲ့ဖခင်တပ်မင်းကြီး

ဘဖြူဟာ တပ်မတော် စစ်အင်ဂျင်နီယာတပ်မှုးတဦး ဖြစ်ပြီး

ဗိုလ်နေ၀င်းတက်လာပြီးနောက် အခုအယ်န် အယ်လ် ဒီ ပါတီဥက္ကဌ

ဟောင်းဗိုလ်ချူပ်နဲ့ အတူထုတ်ပယ်ခံရတဲ့ တပ်မှူး ၉ ဦးထဲက တဦးမို့

တပ်မတော်အစောပိုင်းကာလသမိုင်းအဖြစ်အပျက်တွေ တော်တော်

များများကို ဆရာထူးကဖခင်ဆီကသိခွင့်ရခဲ့ပါတယ်။