ဆောင်းပါး
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
့အင
          လက်ရှိအာဏာရပြည်ခိုင်ဖြိုးအစိုးရသည် အရပ်သားအစိုးရလား၊စစ်အစိုးရလား၊စစ်သွေးစစ်မာန်အပြည့်ရှိနေသောလူဝတ်လဲအစိုးရလား။ဤမေးခွန်းကိုဖြေပါဟုသူကပြောတော့ သူ့ကိုလှမ်းကြည့်မိသည်။မျက်နှာထားက ခပ်တည်တည်။ အနည်းငယ်တင်းမာသယောင်ရှိသည်ဟုပင် ပြော၍ရသည်။ သူ့မျက်နှာပေါ်က ခံစားချက်ကို ကျွန်တော်နားလည်သည်။ မေးလိုက်သောမေးခွန်း၏အကြောင်းရင်းကိုလည်း ကျွန်တော်သိသည်။ ““ခင်ဗျားဘာမှ မခံစားရဘူးလား””ဟုပင် ကျွန်တော့်ဘက် ဦးလှည့်လာသောမေးခွန်းကိုပင် ကြားလိုက်ရသေးသည်။ခံစားချက်ကို ပါးစပ်ဖြင့်ထုတ်ဖော်ပြောလိုက်ရမှပင် အတော်အသင့်နေသာထိုင်သာရှိသူတွေက ရာခိုင်နှုန်းအတော်များများရှိနေသော ဤလောကကြီးတွင် သတင်းနားထောင်ပြီး ၊ဓါတ်ပုံတွေကြည့်ပြီး၊ သတင်းဂျာနယ်တွေကိုဖတ်ပြီး ဒေါသဖြစ်နေသူ၊မကျေနပ်သူ၊ တုံ့ပြန်ဖို့စဉ်းစားနေသူတွေ ဘယ်လောက်တောင်ရှိနေကြမလဲဟု တွေးမိသည်။ သတင်းတွေ၊ ဓါတ်ပုံတွေဆိုတာက နိုဝင်ဘာ ၂၉ရက်၊မနက် ၃နာရီမှစပြီး လက်ပံတောင်းတောင်သပိတ်စခန်းတွေကို အစိုးရက အကြမ်းဖက်ဖြိုခွဲရာမှ ဖြစ်ပေါ်လာသောသတင်းများ၊ဓါတ်ပုံများကိုပြောခြင်းဖြစ်သည်။ စာဖတ်သူတွေ သိထားပြီးသားမို့ သတင်းအကြောင်း ပြန်ပြောင်းပြောစရာမလိုတော့ဟုထင်သည်။ ဝေဖန်၊ ဆန့်ကျင်၊ ကန့်ကွက်သံတွေ ပွက်လောရိုက်လို့ မဆုံးအောင် ဖြစ်နေသေးတာကိုလည်း ထပ်ဖြည့်ပြောစရာမလိုဟုထင်သည်။ သဘောပေါက်။အစိုးရ၏သဘောထားအမှန်ကို သဘောပေါက်ဟုပင် လူငယ်တွေကပြောနေကြမည်ထင်သည်။
ကရွတ်ကင်းလျှောက်သမိုင်းလား
          ယခုလက်ရှိအစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျောထောက်နောက်ခံထားသော ရွေးကောက်ပွဲဖြင့်တက်လာ သည့်အစိုးရဖြစ်သည်။ ပြည်သူလူထုကို မဏ္ဍိုင်ပြုလာကြသော နိုင်ငံရေးပါတီတွေထဲမှ ပါတီကြီးဖြစ်သော ပြည်ခိုင်ဖြိုးပါတီအစိုးရလည်းဖြစ်သည်။ ယခင်စစ်အစိုးရလက်ထက်တုန်းက ဒီမိုကရေစီစကားကိုမပြောခဲ့သော်လည်း ယခုတော့ပြောလာရပြီ။ ယခင်က “တပ်မတော်သည်အမိ၊ တပ်မတော်သည်အဖ”ဟု ကြွေးကြော်ခဲ့ကြသော်လည်း၊ ယခုတော့ “မိဘပြည်သူများ”ဟု အခေါ်အဝေါ်ပြောင်းလာခဲ့ပြီ။ ပါတီစုံစနစ်ပုံစံနှင့် အံဝင်ခွင်ကျဖြစ်အောင် ပြောင်းလဲလာသောပုံသဏ္ဍာန်တွေရှိသည်မှာ မှန်သော်လည်း စဉ်းစားပုံ၊ ဆုံးဖြတ်ပုံများတွင် အနှစ်သာရရှိရှိ တကယ်ပြောင်းလဲလာခဲ့ပါပြီလား။ တကယ်ပြောင်းလဲချင်စိတ်နှင့် လိုလိုလားလား ပြောင်းလဲလာခဲ့သည်ဟု ပြော၍ရပါမည်လား။ ဤမေးခွန်းမျိုးကို နိုဝင်ဘာ၂၉ရက်နေ့မတိုင်ခင်က မေးလျှင်အဖြေမျိုးစုံကို အကြောင်းပြချက်မျိုးစုံဖြင့်ဖြေခဲ့ကြမည်။ သို့သော် နိုဝင်ဘာ၂၉ရက်နောက်ပိုင်းတွင်မူ အဖြေတွေကသိပ်မကွာလှတော့သည်ကို သတိပြုမိသည်။ လိုက်ပြီးမေးခွန်းမေးဖြစ်၍မဟုတ်။ ပြောဆို ဝေဖန် မှတ်ချက်ပေးသောစကားတွေ၊ စာတွေကိုနားထောင်၍၊ဖတ်၍ကောက်ချက်ချမိခြင်းဖြစ်သည်။ အားလုံးနီးပါး၏ သဘောထားတွင် “ငြိမ်းချမ်းစွာဆန္ဒပြသူများကို ယခင်စစ်အာဏာရှင်အစိုးရအဆက်ဆက်က ဖြေရှင်းခဲ့သလို အကြမ်းဖက်၍ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့သည်”ဟူသော အမြင်က တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်တစ်ဖုံပါဝင်နေခဲ့သည်။ “ကြုံမှသိ၊ ထိမှနာသည်”ဟုပြောလျှင် တချို့ကကြိုက်မည်မဟုတ်။ အတွေ့အကြုံကနေ သင်ခန်းစာကောင်းကောင်းကြီးရလိုက်သည်ဟု ဆိုလျှင်တော့ လက်ခံချင်သလိုလိုရှိလိမ့်မည်။
ဗိုလ်ချုပ်ကြီးနေ၀င်းမှ ဦးနေ၀င်းဖြစ်လာပြီး ထိုခေတ်ရေစီးကြောင်းအရ ဆိုရှယ်လစ်စကားကို လှိုင်လှိုင်ကြီးပြောခဲ့သော်လည်း ကျောင်းသားနှင့်လူထုဆန္ဒပြပွဲတွေကိုတော့ စစ်အာဏာရှင်စဉ်းစားပုံ၊ ဆုံးဖြတ်ပုံနှင့်ကိုင်တွယ် နှိပ်ကွပ်ခဲ့သည့်သမိုင်းက အတိတ်ခေတ် မြန်မာပြည်တွင်အထင်အရှားရှိခဲ့သည်ကို မေ့ပျောက်၍မရ။ဒါကတကယ့်သမိုင်း။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
မြန်မာ့နိုင်ငံရေး သမိုင်းက .... နိုင်ငံရေးမှာ ဘက် ၂ ဘက် .. အုပ်စု ၂ စုပဲ ရှိတယ်ဆိုတဲ့ ယူဆပုံကို .. တရားသေ အစွဲလို ဖြစ်အောင် သင်ပေးခဲ့တယ်။
နယ်ချဲ့ကို တော်လှန်မလား ... နယ်ချဲ့ အလိုတော်ရိ လုပ်မလား ..
အာဏာသိမ်း တော်လှန်ရေး ကောင်စီကို လက်ခံမလား .. ဆန့်ကျင်မလား
မဆလကို တော်လှန်မလား ... မဆလ လုပ်မှာလား
နဝတ၊ နအဖကို ဆန့်ကျင်မလား ... စစ်အစိုးရ သစ္စာခံ လုပ်မှာလား ... ဆိုတဲ့ သင်ခန်းစာတွေက မြန်မာ့ နိုင်ငံရေးသမိုင်းမှာ များခဲ့တာကိုး။
ဒီတော့ ...
ဟိုဘက်ကို သွားမလား ... ဒီဘက်မှာနေမလား ...
ဟိုဘက်ကို ထောက်ခံမလား ... ဒီကနေ ပြောမလား ...
ဟိုဘက်ကိုရှုံ့ချမလား ... ဒီဘက်ကို ချီးမွမ်းမလား ..
ဟိုဘက်ကို ကန့်ကွက်မလား ... ဒီဘက်ကို ထောက်ခံမလား ..
စတဲ့ .. ဘက် ၂ ဘက်ကို ပြောသံကတွေ များတယ်။ အဲဒီမှာတင် ... ဘက်ကို ကြည့်ပြီး ... ဘက်မတူရင် မှားတယ်၊ ... ဘက်တူရင် မှန်တယ်ဆိုတဲ့ .. အမှန်အမှားကို ... ဘက်နဲ့ ဆုံးဖြတ်လာခဲ့ကြတဲ့ အစဉ်အလာ ဖြစ်လာပါတော့တယ်။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ym
  • ၉၂နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နိုဝင်ဘာ ၈ ရက် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် ည ၇ နာရီ အချိန်က မန္တလေးမြို့ ကန်တက်ကုန်း မစိုးရိမ် ကျောင်းတိုက်မှာ ကျင်းပပြု လုပ်ပါတယ်။ 
  • ဒီပွဲမှာ အဖွင့်သီချင်းအဖြစ် ယခင်စစ်အစိုးရအဆက်ဆက်က သီဆိုထုတ်လုပ်ဖြန့်ချိခွင့် ပိတ်ပင်ထားတဲ့အတွက် တိမ်မြုပ်နေခဲ့တဲ့ မြို့မငြိမ်းလက်ရာ 'မမေ့နိုင်သော အမျိုးသားနေ့' သီချင်းကို ပန်တျာဌေးဌေးမြင့်က ရွာစားသန်းဌေးအောင် ဆိုင်းအဖွဲ့နဲ့ တွဲဖက်သီဆိုပါတယ်။
  • ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက် ဘုန်းတော်ကြီးသင်အလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ဇာတိမာန် သီချင်းများ ကဗျာများ၊ဒီကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနေထိုင်တဲ့ ပအို့ ပလောင်တိုင်းရင်းသားကလေးငယ် များက သက်ဆိုင်ရာ တိုင်းရင်းသားသီချင်းနဲ့ အကများနဲ့ သီဆိုကပြ ဖြော်ဖြေကြပါတယ်။
  • 'သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ'က ကလေးငယ်များကလည်း အောင်ဆန်းဇာနည်ကဗျာကို ရွတ်ဆိုကာ ပါဝင်ဆင်နွှဲကြပါတယ်။
  • ထူးခြားတဲ့ အစီအစဉ်တစ်ခုအဖြစ် နိုင်ငံရေးအကျဉ်းသူဟောင်း မတင်မာရီ ဦးဆောင်တဲ့ 'တမာအရိပ်' အမျိုးသမီးသံချပ်အဖွဲ့က 'လက်ပန်တောင်းကထိန်တော်သံချပ်များ'နဲ့ရွတ်ဆိုဖျော်ဖြေကြပါတယ်။
  • ဒီသံချပ်များဟာ ပြီးခဲ့တဲ့ တန်ဆောင်တိုင်လပြည့်ညက လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကိုဆန့်ကျင်ကန့်ကွက်နေတဲံ့ သံဃာတော်တွေကို အစိုးရက မီးလောင်ဗုံးနဲ့ ပစ်ခွင်းအရေးယူမှုကြောင့် မီးလောင်ဒဏ်ရာ အကြီးအကျယ်ရရှိ ခဲ့ပုံ၊ ၊မြန်မာပြည်အပေါ် တရုတ်လွှမ်းမိုးနေပုံများကို သရော်လှောင်ပြောင်ရှုံ့ချထားတဲ့အတွက် ပရိသတ်ရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့ပါတယ်။
    Star InactiveStar InactiveStar InactiveStar InactiveStar Inactive
    picture
    ခင်ဗျား သတင်းထောက် ဆောင်းပါးကလည်း တပုဒ်နဲ့တပုဒ် စောင့်ဖတ်ရတာ ဘုရားတဆူ၊ တဆူ ပွင့်လောက်တယ် လို့လုပ်ဖော်ကိုင်ဘက် တယောက်က ကောင်းကင်မဂ္ဂဇင်းက ဖော်ပြနေကျ၊ ကျနော်စာမူ အရမ်းကြာလွန်းလို့ ဝေဖန်တယ်။
    ကျနော်ကလည်း သတင်းထောက်သာဖြစ်တယ်၊ စာရေး အင်မတန်ပျင်းတဲ့ ခတ်ညံ့ညံ့ သတင်းထောက်။ စာဖတ်ရတာ မပျင်းပေမဲ့ စာရေးပျင်းလို့ သူ့အချိန်အခါ၊ ရာသီဂွင်နဲ့အညီ ရေးရမဲ့ သတင်းဆောင်းပါးတွေ၊ ဟိုစဉ်းစား၊ ဒီစဉ်းစား အချိန်တွေဆွဲပြီး ဘာတပုဒ်မှ ဖြစ်မလာတာတွေ အများကြီး။
    သတင်းဆောင်းပါးဟာ သင့်တော်တဲ့ အချိန်အခါကျတဲ့အခါမျိုး ရေးမှ တန်ဘိုးပိုရှိတယ်။ ဖြစ်ပျက်မှုတွေက လက်ရှိကာလနဲ့ရော၊ အချိန်အခါရော၊ တိုက်ဆိုင်မှုတွေ ရှိပေမဲ့၊ ဒီထက်ကောင်းတဲ့ အချက်အလက်ရဘို့၊ ပြည့်စုံဘို့၊ ဆိုတဲ့ စေတနာလွန်ပြီး ရေးသင့်ရေးထိုက်တဲ့ အချိန်မှာ မရေးမိရင် အလကားပဲ။ ကိုယ်က ပြည့်စုံအောင် ရေးဖို့ အင်တာဗျူးတွေ၊ အချက်အလက်တွေ ရှာနေတုံး သူများက ရတဲ့အချက်အလက်နဲ့ ဖြစ်အောင် ရေးသွားလို့ ကိုယ်က နောက်ကောက်ကျပြီး မရေးဖြစ်ခဲ့တာတွေက အများကြီး။
    Star InactiveStar InactiveStar InactiveStar InactiveStar Inactive
    htein
    ယနေ့ကာလ နိုင်ငံရေးပုံသဏ္ဌာန်ထဲမှာ အချိုးမကျဆုံး ပုံသဏ္ဌာန်တစ်ခုကို ပြပါဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အတူ ဖြစ်ပေါ် နေတဲ့ ပြည်တွင်းစစ်ဆိုတဲ့ အရာပါပဲ။ တိုင်းပြည်တစ်ပြည်မှာ စစ်ကိုကြုံတွေ့ခံစားလာရပြီ ဆိုရင် သက်ဆိုင်ရာ နိုင်ငံရေးအဆောက်အအုံဟာ သံသယရှိ ခံရတတ်ပါတယ်။ ပထမကမ္ဘာစစ်အပြီး ကမ္ဘာစစ်နှစ်ခုအကြား စစ်ရိပ်စစ်ငွေ့တွေ လောင်ကျွမ်းနေချိန်မှာ အနောက်တိုင်း ဥာဏ်အလင်းပွင့်ခေတ်နဲ့ အတူ ထွက်ပေါ်လာတဲ့ လစ်ဘရယ်ဝါဒဟာ ကျဆုံးခဲ့တယ်။
    ဒီမိုကရေစီအပေါ် မယုံကြည်မှုနဲ့ လစ်ဘရယ်ဝါဒအပေါ် သံသယတွေဟာ အနောက်တိုင်းမော်ဒန် ဝါဒကို ထင်ဟပ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီက နိုင်ငံရေးကဗျာတွေမှာတော့ ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ပြည်တွင်းစစ်ဆိုတဲ့ အချိုးမကျမှု ရှိနေရက်သားနဲ့ ဒီမိုကရေစီစနစ်အပေါ် ယုံကြည်မှုပျောက်သွားတာမျိုး မရှိခဲ့ဘူး။ ပြည်တွင်းစစ်ဟာ ယခင်အာဏာရှင်ကာလရဲ့ အကျိုးဆက်ဖြစ်တယ် လို့သာ ပိုမိုယုံကြည်ထားကြတယ်။ ဒီအတွက် နိုင်ငံရေးဆိုင်ရာကဗျာတစ်ချို့မှာ တွေ့ရတဲ့ လက္ခဏာတွေထဲက တစ်ခုက ယုံကြည်သက်ဝင်မှု (Commitment) နဲ့ အချိုးမကျမှု (Irony) နှစ်ခုလုံး တပြိုင်တည်း သက်ဝင်နေတဲ့ ပုံစံပဲ။