ဆောင်းပါး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ုကည

ဒီနေ့ ဖေဖ၀ါရီ ၂၀ ရက်ဟာ ချင်းအမျိုးသားနေ့ ဆိုတာ သတိထားမိတော့ သတင်းသမားတယောက်ရဲ့ ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်တခုကို ရေးချင်စိတ်ပေါ်လာတယ်။ ဘယ်တော့မှမမေ့နိုင်တဲ့ ဘ၀ရဲ့ အမှတ်တရဆိုတာ ကိုယ်ကသေဘေးကလွတ်လာပြီး ကိုယ်ဘာမှမဖြစ်အောင် ကိုယ့်ကိုငဲ့ညှာလိုက်သူ တယောက်က ကိုယ့်မျက်စိရှေ့မှာပဲ သေဆုံးသွားတဲ့ တကယ့်အဖြစ်အပျက်ကိုဆိုလိုတာပါ။ ဒီလိုအတွေ့အကြုံမျိုးက ရှားရှားပါးပါးပဲ ။ ကျနော် နှစ်တိုင်း အခုလို ဖေဖ၀ါရီလ ချင်းအမျိုးသားနေ့ရောက်တိုင်း ရဲဘော်ဗွန်ထန်းကိုသတိရတယ်။ သတိရတိုင်း သူ့အတွက် မေတ္တာပို့ပေးရင်း လွန်ခဲ့တဲ့ ၂၀၀၂ခုနှစ် ဖေဖ၀ါရီလက အာအက်ဖ်အေ ရေဒီယို ပရိုဂရမ်အတွက် လုပ်ခဲ့တဲ့ ချင်းပြည်နယ်၊ နယ်စပ် ခရီးသွားအသံလွှင့်သရုပ်ဖော် ဆောင်းပါး လေးကို ပြန် ပြန်နားထောင်ဖြစ်တယ်။

 အဲဒါ ၂၀၁၂ဇန်န၀ါရီလက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ် ထန်တလန် နယ်စပ် တလျှောက် ချင်းအမျိုးသားတပ်ဦး(CNA) လက်နက်ကိုင်တပ်ဖွဲ့နဲ့ အတူ စည်းရုံးရေးခရီး ထွက်ခဲ့တုံးက ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေပါ။ နယ်စပ်ခရီးတလျှောက် မြင်ရ၊ကြားရ၊တွေ့ဆုံရတဲ့ ချင်းပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊လူမှုရေး၊စီးပွားရေးတွေနဲ့ လူ့အခွင့်အရေး၊ဖွှံဖြိုးရေး၊ စစ်ရေး၊ အခြေအနေတွေကို လေ့လာမှတ်တမ်းတင်၊ အပိုင်း(၁၀)ပိုင်းခွဲပြီးတော့ အာအက်ဖ်အေကအသံလွှင့်ခဲ့တယ်။ ခက်ခက်ခဲခဲ သွားခဲ့ရသလို အသက်အန္တရယ်နဲ့လည်း ကြုံခဲ့ရတဲ့ ခရီးမို့ အဲဒီခရီးသွား ဆောင်းပါး ကိုအာအက်ဖ်မြန်မာပိုင်း အယ်ဒီတာတချို့က သဘောကျပြီး နှစ်စဉ် အမေရိကန်နိုင်ငံတလွှား ရေဒီယိုအသံလွှင့်ဌာနတွေရဲ့ အသံလွှင့်အစီအစဉ်တချို့နဲ့ သတင်း၊ ဆောင်းပါးပြိုင်ပွဲဝင်ဖို့ ရွေးချယ်ခဲ့တယ်လို့ သိရတယ်။ ဒီတော့ ကျနော့ ချင်းပြည်နယ် ခရီးသွားဆောင်းပါးတွေကို အာအက်ဖ်အေက CDထုတ်ပြီး  တခွေကျနော့ ကိုပို့ပေးတယ်။ ဒီနေ့မနက်လည်းထုံးစံအတိုင်း အဲဒီCD လေး ဖွင့်ပြီး အတိတ်ကိုပြန်လွမ်းတယ်။ ကျနော့ရေဒီယို သတင်းထောက် ဘ၀မှာ သတင်းတွေအပြင် သတင်းဆောင်းပါး၊ အင်တာဗျူး၊ သတင်းဖီရှာလေးတွေလည်း မကြာခဏ လုပ်ဖြစ်တယ်။ ခရီးသွားဆောင်းပါးက ခတ်ရှားရှားပဲ။ မှတ်မှတ်ရရ ၂၀၀၂ခုနှစ် ကချင်းပြည်နယ်နယ်စပ် ခရီးသွားဆောင်းပါးရှည်နဲ့ ၂၀၀၆ခုနှစ်က နာဂတောင်တန်းနယ်စပ် ခရီးသွားဆောင်းပါးရှည်တို့ပဲရေးဖူးတယ်။ ခရီးစဉ်နှစ်ခုလုံးမှာ အန္တရယ်တွေနဲ့ ကြုံခဲ့ ရတယ်။ နှစ်နေရာစလုံးက စစ်ရေး နိုင်ငံရေး ပဋိပက္ခတွေဖြစ်နေတဲ့  အညိုရောင်နဲ့ အနက်ရောင်အဆင့်နယ်မြေတွေဖြစ်တယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

0doကြုံ

လွန်ခဲ့တဲ့တပတ်လောက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့

တောင်ကိုးရီးယားခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့မိတ်ဆွေတ ၊မိတ်ဆွေယောင်တွေ အကြောင်း ဆောင်းပါးတပုဒ်ရေးလိုက်တယ်။

အချက်အလက်တွေ အားလုံးက အမှန်တွေချည်းပဲ။တကယ့်ဖြစ်တည်နေမှုတွေ၊အရှိတရားတွေကို ရေးလိုက်တာကိုး။

ကြိုက်တဲ့လူရှိသလို ၊မကြိုက်သူတွေလည်း ရှိတယ်။ဒါကမဆန်းဖူး။ ဆန်းသလိုလိုဖြစ်တာက ကိုရီးယားကနိုင်ငံရေးအဖွဲ့အစည်းတခုက ဒီသတင်းဘယ်က ပေါက်ကြားသွားတာလဲ?

ဘယ်သူသတင်းပေးတာလဲ?ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်တယ်ဆိုတဲ့ အကြောင်းပဲ။တောင်ကိုးရီးယားမှမဟုတ်ဖူး၊

ကျနော်တို့နိုင်ငံသားတွေဟာ ဘယ်နိုင်ငံရေးအဖွဲ့မဆို ကိုယ့်ဆီကသတင်းတခု အပြင်ရောက်သွားရင် ၊အဲဒီသတင်းက အများသိသင့်သိထိုက်တာတွေ ၊မသိထိုက်တာတွေ မစဉ်းစားနိုင်ဖူး။

ဖွဲ့အစည်းရဲ့ မဟာလှိုဝှက်ချက်ကြီး ပေါက်ကြားသွားသလို တုန်လှုတ်တတ်ကြတယ်။မင်းကြောင့်လား၊ ငါ့ကြောင့်လားလို့ အချင်းချင်း မယုံသင်္ကာတွေဖြစ်တတ်တယ်။

သတင်းထောက်ဆိုတာ သတင်းအရင်းအမြစ် တခုထဲ မထားတတ်ဖူး။သတင်းထောက်ရဲ့ မိတ်ဆွေတွေဆိုတာ နိုင်ငံရေးသမားတွေ ချည်းပဲလည်းမဟုတ်ဖူး။

ဒီကနေ့ နိုင်ငံရေးသမားတချို့နဲ့၊ နိုင်ငံရေးအဖွဲ့အစည်းတချို့ အပါအ၀င်၊အစိုးရနဲ့ အဖွဲ့အစည်းတချို့ကပါ  အမှန်တရားတွေ ဘာကြောင့် ဖုံးကွယ်ထားချင်ကြတာလဲ?

အများသူငါ နားမျက်စေ့တွေဘာကြောင့်ပိတ်ထားချင်တာလဲ?..စတုထ္ထမဏ္ဍိုင်တွေ မလိုတော့ဖူးလား?

စစ်အစိုးရက သတင်းအမှောင်ချသလို ၊ဒီမိုကရေစီ အင်အားစုတွေကလည်း အမှောင်ထဲ နေတော့မှာလား?

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


့စစ်ငြိမ်းအေး

ပြီးခဲ့တဲ့ အပတ် ဆောင်းပါး သရုပ်ဖော်ပုံလေးကို ဘိုထိန် (ပန်းချီထိန်လင်း) ကမဏိပူရ ဒုက္ခသည် စခန်းမှာ နေထိုင်စဉ် ရေဒီယို နားထောင်ရင်း သတင်းမှတ်တမ်း လိုက်ကူးနေတဲ့ ကျနော့်ပုံစံကို ဆွဲထားတာမြင်တော့ ကျနော့်စိတ်ဟာ အဲဒီတုံးကာလတွေဆီ ရောက်သွားတယ်။ ကျနော်တို့ ဒုက္ခသည်စခန်းနဲ့ မြန်မာပြည် (သို့) ကမ္ဘာကြီးကို ဆက်သွယ်ပေါင်းကူးပေးတာ ရေဒီယို အစုတ်လေး တလုံးပဲရှိတယ်။ လူတိုင်းက အဲဒီရေဒီယိုကို ချစ်ကြတယ်။ အားကိုးကြတယ်။ ပြီးတော့ ယုံကြည်ကြတယ်။ ကျနော့မှာ ဒုက္ခသည် ဘ၀တလျှောက် ဂုဏ်ယူစရာ ကောင်းတာက စခန်းလူကြီးတွေက သတင်းနဲ့ ပြန်ကြားရေး တာဝန် ယူဆိုပြီး အဲဒီ ရေဒီယိုစုတ်လေး ထိမ်းသိမ်းဖို့ တာဝန်ပေးလိုက်တာပဲ ဖြစ်တယ်။

 

စခန်းမှာ လှောင်ပြောင်ရေးတဲ့ နံရံကပ် သင်္ကြန်စာမှာတောင် “နှစ်ကို ဂဠုံစောင့်၏၊ ရေဒီယိုကို ကိုညိုစောင့်၏လို့ ပြောင်နောက်ရေးတဲ့အထိ ကျနော်နဲ့ ရေဒီယိုက မခွဲမခွါ။

 

ကျနော့မှာ ရေဒီယိုမျက်နှာနဲ့ စခန်းက လူတော်တော်များများကို ရင်းနှီးခွင့် ရခဲ့တယ်။ ရေဒီယိုထဲက သတင်းတွေသာမက၊ ရေဒီယိုနားထောင်တဲ့ ရဲဘော် ရဲဘက်တွေဆီကလည်း၊ သူတို့အကြောင်း၊ သူတို့အယူအဆ၊ နိုင်ငံရေးအကြောင်း၊ သတင်းအကြောင်း၊ လူတွေအကြောင်း၊ အဖွဲ့အစည်းတွေအကြောင်း သိခွင့်၊ ကြားခွင့် ရခဲ့တယ်။ စကားလက်ဆုံတွေ ကျခဲ့တယ်။ နယ်စုံက လူစုံတွေနဲ့ ရင်းနှီးပြီး ဗဟုသုတတွေ တိုးခဲ့တယ်။ ဒါတင်ဘယ်ကမလဲ .. သတင်း နားထောင်သူတွေဆီက ဆေးလိပ်တောင်းပြီး နှစ်ဖွာသုံးဖွာတောင် ပိုရှိုက်နိုင်တဲ့ အခွင့်အလမ်းတွေ ရခဲ့တယ်။

 

ကိုညိုကြီး .. ဘာသတင်းထူးလဲ 

မနက်ကဘီဘီစီဘာထူးလဲဗျ

 “မနေ့ညက .. ဘာသတင်း လာသွားသေးလဲ

 

ကျနော့်ကိုမြင်ရင်၊ လူတိုင်းက သတင်းပဲ မေးကြပါတယ်။ ကျနော်ကလည်း သိသမျှ၊ မှတ်ထားသမျှ

အိတ်သွန် ဖာမှောက် ပြောတာပဲ။ ရေဒီယိုကလည်း တော်တော်ရွဲတယ်။ အသံက ကြားတချက် မကြားတချက် ဖြစ်တတ်တယ်။ နားထောင်ကောင်းနေတုံး၊ စီကွမ်၊ စီကြွိမ်၊ ကွိကွိကွကွနဲ့ ဘယ်က လိုင်းတွေမှန်းမ သိဝင်ဝင်လာတယ်။ လိုင်းက ပျောက်ချင်ပျောက်သွားတာ။ တော်တော် ဒေါကန်ရတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 htin

ပြီးခဲ့တဲ့ သီတင်းပတ်လောက်က ပုဂံရွှေစည်းခုံဘုရားက အပေါ် မျက်နှာကျက် ဆေးသုတ်ထားတဲ့ နံရံတွေကွာနေလို့စပ်စပ်စုစုခရီးသွားတွေက ကွာလက်စ မျက်နှာကျက်ဆေးဖတ်တွေကို တုတ်နဲ့ ထိုးခွါကြသတဲ့။
အဲဒီမှာဝမ်းသာစရာပြောရမလား၊ ၀မ်းနည်း ဒေါသဖြစ်စရာပဲပြောရမလား။ အရင်အနှစ်၁၀၀၀ကျော်လောက်က ရှေးဟောင်း နံရံဆေးရေး ပန်းချီလက်ရာဟောင်းတွေပေါ်လာ ပါတော့တယ်။

အရင်အနှစ်၂၀ကျော်မိုက်လုံးထွားခဲ့တဲ့ စစ်အာရှင်လက်ထက်က အိမ်နံရံသုတ်ဆေးတွေ သုံးပြီးပုဂံဘုရားဟောင်းတွေ အသစ်ဆေးသုတ်မွန်းမံခဲ့တုံးကလက်ချက်ပေါ့။

ကံကောင်းလို့ပေါ့ဗျာ…။ရိုးရိုးအိမ်သုံးဆေး အညံ့စားတွေနဲ့ဖြစ်သလို သုတ်ခဲ့တာကိုပဲကြံဖန် ကျေးဇူးတင်ရမယ်။

ဒါမျိုးကခေတ်မီ နံရံသုတ်ဆေးနဲ့ စနစ်တကျသုတ်မယ်ဆို ကျနော်တို့နောက်မျိုးဆက်၎-၅ဆက်အထိဒီလောက်တန်ဘိုးကြီးတဲ့ ရှေးဟောင်းလက်ရာတွေကိုပြန်မြင်ရမှာမှုတ်ဖူး။
ဒီလိုပုံစံနဲ့ကျနော်တို့ဘိုးဘွားပိုင်ရှေးဟောင်းအမွေအနစ်တွေဘယ်လောက်ထိဆုံးရှုံးကုန်ပြီလဲ။ ရေတွက်လိုက်ရင်လက်တွေအများကြီးပါတဲ့ကုလားမယ်တော်နတ်လက်ချောင်းတွေ
ငှားသုံးလည်းလောက်မယ်မထင်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ညို

မြင်မြင်သမျှအရာရာဟာဖြူဖွေးနေတာပဲ။ အားလုံးကိုအဖြူရောင်တွေ လွှမ်းနေလိုက်တာ။ ကြည့်လေ..

 

တောင်တွေကလည်း အဖြူ၊သစ်ပင်တွေလည်း တကိုယ်လုံးဖြူ၊ အိမ်တွေလည်း အဖြူ၊ လမ်းတွေလည်း ဖြူ၊ လမ်းဘေးမှာရပ်ထားတဲ့ ကားတွေတောင်မှ အဖြူရောင်ဂွမ်းပုံကြီးနဲ့ ဖုံးနေသလိုပဲ။ အော်…….လူတွေကလည်း အဖြူတွေကိုး။ အရပ်ရှစ်မျက်နှာ အဖြူ။

 

အရာရာဟာအဖြူ။ ဒီလိုဖြူဖွေးနေတဲ့ မြင်ကွင်းမျိုး၊ ဒီရောက်မှတွေ့ဖူးတာ။ ရောက်ခါစက ဒီတိုင်းပြည်ဟာ ဒီလောက် ဖြူဖွေးလိမ့်မယ်လို့ မတွေးမိဖူး။ ရုပ်ရှင်တွေထဲမှာတော့ ဒီလိုအဖြူရောင်နှင်းတွေ၊ ရေခဲတောင်တွေ၊ နှင်းမိုးဖွဲဖွဲတွေ ကြည့်ဖူးတယ်။ ခုဟာက.ရုပ်ရှင်ထက် လှနေတဲ့မြင်ကွင်း၊