ဆောင်းပါး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

တိုင်းတပါးကို ဘယ်တုန်းကမှ အထင်မကြီးခဲ့။ အခုတော့ အထင်ကြီးသည်လို့ တိုတိုပဲ ပြောချင်ပါတော့တယ်။ ဘာ့ကြောင့် အထင်ကြီးလဲဆိုတာကတော့ ပြောရမှာ ရှည်လျားထွေပြားလှပါတယ်။ ရှည်တာကတော့ ဟုတ်ပါပြီ။ ထွေပြားတာကရော မေးရင် တကယ်လဲ ထွေပြားလွန်းသည့် နောက်ခံ အကြောင်းတွေ ရှိပါတယ်။

  စာရေးသူက တော်လှန်ရေးကောင်စီလက်ထက် လူဖြစ်ခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တိုင်းပြည်ကို ဦးဆောင်တဲ့ ကာလမှာ လူလားမြောက်ကာ စစ်အာဏာရှင်လက်ထက်မှာ  ဘဝတစ်လျှောက် ဖြတ်သန်း ရုန်းကန် ကြီးပြင်းခဲ့ရပါတယ်။ ဒီလောက်ဆိုလျှင် မြန်မာပြည်သား စာဖတ်ပရိတ်သတ်တို့ သဘောပေါက်လောက်ပါပြီ လို့ထင်ပါတယ်။  သင်ခဲ့ ကျက်ခဲ့ မှတ်ခဲ့ရသည့်စာ၊ နားထောင်ခဲ့ရသည့်  ရေဒီယို ၊ နေ့စဉ်ဖတ်ခဲ့ရသည့် သတင်းစာ ဒါတွေထဲက ဘောင်မကျော်ပဲ သိခဲ့ရတာတွေချည်းပင်။ အခုအချိန်မှာ ပြန်တွေးကြည့်တော့ သူတို့ပြောနေတဲ့ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတာတွေ၊ ကိုယ့်လူမျိုးသာ အမြတ်ဆုံး၊ တိုင်းတပါးဆိုတာ အထင်ကြီးစရာမရှိ။ မြန်မာဆိုတာ အလောင်းဘုရားလက်ထက်က ယိုးဒယားကိုတောင် သိမ်းခဲ့တာ၊ စတဲ့ တလွဲ ဘဝင်မြင့်စိတ်တွေ ဆိုတာ သိခဲ့ရပါတယ်။ ဘဝင်မြင့်စိတ်ကြီးဝင်အောင် လုပ်တာခံခဲ့ရတာပဲလို့ သိလာရပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေ တိုးတက် ခေတ်မီတာတွေ ပြည်သူတွေ မမြင်မတွေရအောင် လုပ်ထားတဲ့အတွက်  ကိုယ့်တိုင်းပြည်သာ ကမ္ဘာမှာ အတည်ငြိမ်ဆုံး ၊ ကိုယ့်လူမျိုးသာ အမြင့်မြတ်ဆုံး ဆိုတဲ့ အသားလွတ် စိတ်ကြီးဝင် ဘဝင်မြင့်ခဲ့ကြသလို တိုးတက်တာတွေ ခေတ်မီတာတွေ နိုင်ငံကြီးသားဆိုတဲ့ ဂုဏ်ပုဒ်တွေကို မတွေ့ရ မမြင်ဖူးရတဲ့အခါ ကိုယ်သိ ကိုယ်တတ် ကိုယ်တော် ဆိုတဲ့စိတ်တွေနဲ့ ဝါးလုံးခေါင်းထဲလသာကာ  နွားခြေရာခွက်ထဲက ဖားသူငယ်လိုလူတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပြန်ပါတယ်။ မေလ ၁၆ရက်နေ့ထုတ်၊ ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၁၄၅)ပါ ဆရာကောင်းဆက်နိုင်ရဲ့ အံ့ဩလွန်းလို့သေတော့မယ် ဆောင်ပါးမှာ“ လက်စသတ်တော့ ကျုပ်တို့တတွေဟာ အခြောက်တိုက် ဘဝင်မြင့်ပြီး စိတ်ကြီးဝင်အောင် ဇာတ်သွင်းခံထားရတာကလား” လို့ပြောထားတာ  ဖတ်ကြည့်ပြီး မှန်လိုက်လေလို့ ထောက်ခံမိပါတော့တယ်။ တစ်ချိန်တုန်းက အစိုးရပိုင် သတင်းစာတစ်စောင်မှာ “ကျွန်မဖြစ်ပေမယ့် ကျွန်အစစ်ပါ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး တယ်ဟုတ်တဲ့ တို့မြန်မာလို့ သိထားခဲ့ရာက  အခြေအနေအရပ်ရပ်ကို သိရှိပြီး တခြားစာတွေကို ဖတ်မိတဲ့ အခါမှ မြန်မာဘုရင်တွေ၊ တိုင်းပြည် ခေါင်းဆောင်တွေအပေါ်မှာ အမြင်တွေ ပြောင်းခဲ့ရပါတယ်။ အဲဒီ ဆောင်းပါးကို ပြန်ဖတ်ဖို့ မလွယ်တဲ့အတွက် လွန်ခဲ့တဲ့ အနှစ်(၂၀) လောက်က ဖတ်ခဲ့ရတာကို မှတ်မိသလောက် အတိုချုံးးပြီး ပြောပါရစေ။ အားလုံးသိတဲ့အတိုင်းပါပဲ ယိုးဒယားနိုင်ငံဟာ ဘယ်နိုင်ငံခြားသား တိုင်းတပါးလက်အောက်ခံ နိုင်ငံတစ်နိုင်ငံ အဖြစ် တစ်ခါမှ မခံခဲ့ရပါဘူး။ ကိုလိုနီအဖြစ် ကျွန်ပြုမခံခဲ့ရပါဘူး။ ဒါကို စာရေးဆရာက အဲဒီလို ကျွန်ဘဝကို မရောက်ခဲ့ပေမယ့် ကျွန်ဖြစ်ပါတယ်ဆိုပီး သမိုင်းအထောက်အထားနဲ့ ရေးပြောပြောတာပါ။ ဆောင်းပါးပါ အတိုင်းပြောရရင် သမိုင်းတလျှောက် နိုင်ငံခြားတိုင်းပြည် တစ်ခုက ယိုးဒယားကို ချဉ်းကပ်လာရင် ယိုးဒယားဘုရင်က တတ်နိုင်သမျှ လိုက်လျှောနိုင်တာ လိုက်လျှော ၊ သူတို့လိုချင်တာကို ပေးပြီး စစ်မက် ဖြစ်ခြင်းက ရှောင်ရှားကာ အလိုလိုက်ခဲ့ အကြိုက်ဆောင်ခဲ့တယ်။ စစ်မက်အဖြစ်မခံ၊ လိုက်လျှောပြီး တိုင်းတပါးအလိုကျ ပေါင်းသင်းပြီး သူတို့သဘောအတိုင်း ဩဇာပြတဲ့အတိုင်း ဆောင်ရွက်တယ်။ ဒါ့ကြောင့် ယိုးဒယားနိုင်ငံဟာ တိုင်းတပါးကိုလိုနီမဖြစ်ခဲ့ဘူး၊ သူ့ကျွန်ဘဝမရောက်ခဲ့ဘူးဆိုတာ မှန်ပေမယ့် ကိုယ့်တိုင်းပြည် အရေးးကိစ္စကို သူတပါးဩဇာခံ အနေနဲ့လုပ်ရတယ်။ သူတပါးအလိုကျ လုပ်ပေးရတဲ့အတွက် ကျွန်တော့မဖြစ်ခဲ့ပါဘူး ဒါပေမယ့် ကျွန်လိုပါပဲ ဆိုတဲ့ သဘောမျိုးရေးခဲ့တာပါ။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


 

စာရေးဆရာများနဲ့ တွေ့ဆုံခြင်း (၁)

             

လန်ဒန်မှာရှိနေတဲ့ စာရေးဆရာ ဘိုဘိုလန်းစင် ကောင်းမှုကြောင့် လွန်ခဲ့တဲ့ အပတ်က ကျနော့်အကြောင်းလေးပါတဲ့ ဆောင်းပါးကော်ပီလေး ဖတ်လိုက်ရတယ်။ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ရေးတဲ့ဆောင်းပါးပါ။ ၂၀၁၂အောက်တိုဘာလထုတ် ကလျာမဂ္ဂဇင်းမှာဖော်ပြခဲ့တာ။

အမေဦး(ဒေါ်ခင်ဆွေဦး) ရေးတဲ့ဆောင်းပါးမှာ ကျနော့ နာမည် ကိုညိုလို့မဖော်ပြပဲ သတင်းထောက်လုပ်ခဲ့စဉ်က ပြည်တွင်းကိုဆက်သွယ်ရာမှာလွယ်ကူပြီး အန္တရာယ်မရှိအောင် “ဂျိုးဆက်”လို့အလွယ်တကူ ပေးထားခဲ့တဲ့ နာမည်အတုလေးနဲ့ အမေက ရေးရှာတယ်။  ကျနော့နာမည်သာတုတာ ဇနီးသည်အပါအ၀င် တခြားလူနာမည်အားလုံး အရင်းအတိုင်းဖော်ပြတယ်။ ပြီးတော့ ကျနော့ဓာတ်ပုံကြီးလည်းထည့်ထားသေးတယ်။  အမေရေးတဲ့ဆောင်းပါး နာမည်က “အောင်နမိတ်နဲ့ တမူးမြို့လွန်ခရီး” ဖြစ်တယ်။ ၂၀၀၁ခုနှစ်ဇူလိုင်လဆန်းတုံးက အိန္ဒိယနယ်စပ် မိုးရေးမြို့မှာ ကျနော်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်လေးကိုရေးထားတဲ့ ခရီးသွားဆောင်းပါးလေးပါ။ အမေက လွမ်းလွမ်းဆွတ်ဆွတ်လေးရေးထားသလို နာမည်တွေ နေ့ရက်တွေနဲ့ ပြောခဲ့တာတွေကိုတောင် အသေးစိတ်သတိရနေတဲ့ အမေ့မှတ်ဥာဏ်ကို အံ့သြလို့မဆုံးဖူး။ အမေဦးလိုလေးစားချစ်ခင်ရတဲ့ ဆရာမကြီးက ကျနော် နဲ့ တကူးတကလာတွေ့ပြီး အဲဒီတုံးက အဖြစ်အပျက်လေးတွေပါ အမှတ်တရ ရေးလာတော့ ကျနော့မှာ ၀မ်းမြောက်ဂုဏ်ယူလို့မဆုံးဖူး။ အမေဦးရေးတဲ့ဆောင်းပါးကိုဖတ်ပြီး သတင်းထောက်ဘ၀ စာပေအသိုင်းအ၀ိုင်းနဲ့ ထိစပ်ရင်း ပြည်တွင်းစာပေလောကအကြောင်းသတင်းရယူခဲ့တဲ့ကာလတွေကို ပြေးပြီးသတိရသွားတယ်။ တဆက်ထဲမှာ စစ်အုပ်ချုပ်ရေးအောက်စာရေးဆရာတွေ၊ စာနယ်ဇင်းဆရာတွေနဲ့ နယ်စပ်မှာ လူကိုယ်တိုင်တွေ့ဆုံခဲ့တာတွေ ကိုလည်း အမှတ်တရ စာရေးချင်စိတ်တွေပေါ်လာတယ်။ ဒါပေမဲ့ အခြေအနေအကြောင်းကြောင်းတချို့ကြောင့် တွေ့ခဲ့သူတိုင်းရဲ့ အကြောင်းတော့ မရေးချင်သေးဖူး။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

 

 

ဆောင်းပါးခေါင်းစဉ်ဖတ်ပြီး ပြူးတူးပြဲတဲတော့ဖြစ်သွားလိမ့်မယ်။ တကယ်လည်းအဲဒီပန်းခြံထဲဝင်လိုက်တာနဲ့၊မြက်ခင်းစိမ်းစိမ်းစိမ်းတွေမျက်စေ့တဆုံးတွေ့ရမယ်။

ပြီးတော့၊အဖြူ၊အနီ၊အ၀ါ၊ပန်းရောင်အကန့်အကန့်နဲ့

ရောင်စုံနှင်းဆ်ီပန်းခင်းတွေ၊ရေပန်းရေမွှားတွေ နဲ့အတူ မြင်မြင်သမျှအမျိုးသမီး၊အမျိုးသား

တွေရော၊လူငယ်လူလတ်ပိုင်းနဲ့အရွယ်အမျိုးမျိုးနဲ့ခလေးငယ်လေးတွေကို တန်းစီပြီး လုံးဝအ၀တ်မကပ်ဘဲတွေ့ရလိမ့်မယ်။

ပြီးတော့အဲဒီအ၀တ်ဗလာတွေကအနေအထားအမျိုးမျိုးနဲ့ကိုယ်ဟန်ပြနေလိမ့်မယ်

ဒါတင်ဘယ်ကမလဲ၊ တချို့အမျိုးသမီးအမျိုးသားတွေကဒီပန်းခြံထဲသူတို့ဘဲရှိနေသလို၊

တယောက်မျက်နှာ တကမ္ဘာထင်ပြီးဘယ်သူမှကိုဂရုမစိုက်ဘဲ၊ ဖက်ယမ်း

နမ်းရှုံ့နေကြတာ၊ ဟန်အမျိုးမျိုးနဲ့ကဲနေကြတာကိုတွေ့ရမယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
picture

 

မတ်လ၂၀ရက်နေ့က မိထ္တီလာမှာ ဘာသာရေးသွေးထိုးလှို့ဆော်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေဖြစ်ခဲ့တယ်။ လူ၅၀ ၀န်းကျင် သေကြေခဲ့တယ်။ အိုးအိမ်တွေအမြောက်အမြားမီးလောင်ပျက်ဆီးပြီး အစ္စလမ်ဘာသာဝင်တွေ ရာနဲ့ချီ အိုးအိမ်မဲ့ ဘ၀၊ ဒုက္ခသည်ဘ၀ နေ့ချင်း၊ ညချင်းရောက်ကုန်တယ်။ မြန်မာပြည်အလယ်ပိုင်း စီးပွားအချက်အခြာကျပြီး အနီးအနားလယ်သမားတွေ အားကိုးအားထားရတဲ့ မြေလတ်ဒေသ ကုန်သွယ်ရေးမြို့လေးဟာ ခြောက်ခြားစရာ တစပြင် အသွင် ပြောင်းသွားတယ်။ ဒီဖြစ်ပျက်မှုတွေအားလုံးရဲ့ သတင်းမှတ်တမ်းတွေ၊ Video မှတ်တမ်းတွေ၊ မျက်မြင်တွေရဲ့ အင်တာဗျူးတွေကြည့်မိတော့ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီနဲ့ အသားမကျမှု၊ ပညာဗဟုသုတ နည်းပါးမှု နဲ့ ညီညွတ်မှုပြိုကွဲနေတာတွေကို အထင်အရှားမြင်ရတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ပြီး စနစ်သစ်ဆီလျှောက်နေပါပြီ ဆိုတဲ့ နောက်ကြောင်းမရှင်းတဲ့ အရပ်သားအစိုးရတက်ပြီး၂နှစ်အကြာမှာ အဆိုးရွားဆုံး လူမျိုးရေးပဋိပက္ခကြီးဖြစ်တယ်။ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်တဲ့ မင်းမဲ့စရိုက် လုပ်ရပ်တွေဖြစ်တယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

                     ဒီနေ့မတ်လ ၂၀ ရက်နေ့မှာ  စာရေးဆရာမကြီး ဒေါ်ကြည်ဦး ကွယ်လွန်ခြင်း ၄နှစ်ပြည့် သားဖြစ်သူ လူရွှင်တော် နိုင်ငံရေး အကျဥ်းသားဟောင်း ကိုဇာဂနာ က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း House of Media & Entertainment ရုံးခမ်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ သံဃာတော်များကို နှစ်လည်ဆွမ်းကပ် မယ်လို့လဲသိရပါတယ်။ဒီလေးနှစ်လည် အထိမ်းအမှတ်အတွက် ဆရာမကြီး ဒေါ်ကြည်ဦး အမှတ်တရ အလွမ်းစာတပုဒ် ရေးသားတင်ဆက်လိုက်ပါတယ်။ (ပန်းချီထိန်လင်း)

               

                                                                                              ဒီဇိုင်း ပန်းချီ မျိုးသိန်းထွန်း

ကြီးကြီး နဲ့ပတ်သက်ပြီး အလွမ်းစာတပုဒ်ရေး ဘို့ စစဉ်းစားတော့ ကြီးကြီးဆုံးတုန်းက ဖြစ်ခဲ့တဲ့ မောစရာကောင်းတဲ့ အဖြစ်အပျက်လေး သတိရလို့ အလွမ်းစာခေါင်းစဉ်ကို သခင်မကြီးသို့ သမင်လည်ပြန် အလွမ်းလို့ ပေးလိုက်မိပါတယ်။ဒီလိုပါ ကြီး ကြီးဆုံးပြီဆိုတော့ အွန်လိုင်းမှာ တက်လာတဲ့ ဓါတ်ပုံနဲ့ သတင်းတွေ စောင့်ကြည့်နေတုန်း နယူးယောက်က သူငယ်ချင်းစုတ်ဖွါးဆီကဖုန်းဆက်လာတယ်။ အင်တာနက် ဘလော့ တခုရဲ့လင့်ခ် ကိုပို့ပေးပြီး အဲဒီမှာ ၀င်ကြည့်ပါဦးတဲ့ ။ကြီးကြီး နာရေးသတင်းခေါင်းစဉ်မှာ သမင်မကြီး ဒေါ်ကြည်ဦး ဆိုပြီး ခပ်တည်တည်ပဲ သတင်းခေါင်းစဉ် တပ်ပြီးနာရေးသတင်းရေးထားတာတွေ့တော့ မြတ်စွာဘုရားတမိပြီး အော်ကြီးကြီး ခမြာ ဆုံးကာမှ လူစင်စစ် ကနေ သမင်မကြီး ဖြစ်ရရှာတယ်လို့စိတ်မကောင်းတဲ့ကြားက ညီးတွားမိရပါတယ်။သတင်းတင်သူ ရဲ့ အဆက်အသွယ်ကို စုတ်ဖွါးက အွန်လိုင်းက တဆင့် ပြီးတဆင့်လိုက်ပြီး ဖုန်းနံပတ်ရတော့မှ သမင်မ မဟုတ်တဲ့အကြောင်းနဲ့ သခင်မဆိုတာ ဘာလဲဆိုတာရယ်။ ဒို့ဗမာ အစည်းအရုံးဆိုတာဘာ ဆိုတာရယ်ကို  ဖုန်းနဲ့ရှင်းပြ ပြောပြ ရပါတယ်။အဲဒီနောက်တော့မှ သခင်မကြီး ဖြစ်သွားပါတယ်။ မျိုးဆက်ကွာဟ မှုနဲ့ သမိုင်းမှန်ကိုဖေါ်ပြတဲ့ စာပေတွေ အားနည်းဆုတ်ယုတ်ခဲ့မှုရဲ့ ရလဒ်တခုပေါ့။ အဲဒါကို ပြန်တွေးမိပြီး ဒီခေါင်းစဉ်ပေးလိုက်မိတာပါ။ဒီခေါင်းစဉ် အတိုင်းဆိုကျွန်တော်က လည်ပြန်လွမ်းတဲ့သမင်ပေါ့။ ဘယ်လိုသမင်မျိုးလဲလို့ မေးရင်တော့ သုဝဏ္ဏသာမ နဲ့ ရေသွားအတူခပ်ကြတဲ့ ငါးရာသော သမင်တွေထဲက တကောင် ဖြစ်ပါလိမ့်မယ်။ သား သုဝဏ္ဏသျှံ ကတော့ မြားဆိပ်သင့်နေရာကထပြီး ရွှေအိုးထမ်းပြန်လာနိုင်ခဲ့ပေမယ့် ကြီးကြီးကတော့ဖြင့် မြင်နိုင်ခွင့် မရလိုက်တော့ပါလားလို့တွေးပြီး စိတ်မကောင်းဖြစ်မိပါတယ်။