ဆောင်းပါး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

(ခေတ်ပေါ်ကဗျာခံစားမှု)

           

တခါတခါမှာတော့ မောင်ပြည့်မင်းရဲ့ ကဗျာတွေကို အလုံးအရင်းနဲ့ ခံစားကြည့်ချင်တယ်။

 

အဲဒါနဲ့ ကြုံကြိုက်သွားလို့ ပြောရဦးမယ်။ စာလေးတစ်ကြောင်းရေးရသေး၊ ကြုံကြိုက်တာ မြန်လှချည်လားလို့ အပြစ်တင်မစောပါလိုက်ပါနဲ့။ ဘ၀က ဘာလေးပြောပြော ထောင်အကြောင်းမပါရင် မပြီးလို့ပါ။

 

ဒီလိုပါ။ ထောင်ထဲမှာ အိုင်စီအာစီဝင်ပြီးနောက်ပိုင်း စာအုပ်တွေဖတ်ရတော့ ကိုယ့်ရူးသွပ်တဲ့စာတွေ ဖတ်ခွင့်ရတယ်။ တခြားမဟုတ်ပါဘူး၊ ကဗျာတွေပါ။ အဲဒီထဲမှာ ဆရာမောင်ပြည့်မင်းရဲ့ ကဗျာတစ်ပုဒ်ဖတ်ရတယ်။ ကဗျာကောင်းလေးများ ဖတ်ရရင် ဟင်းကောင်းလေးတစ်ခွက်နဲ့ ထမင်းအ၀တုတ်ပြီး မှိန်းနေရသလိုပဲ၊ ကိုယ်ကြိုက်တဲ့ ကဗျာလေးကို တဖွဖွရွတ်ပြီး မှိန်းနေချင်တယ်။

 

အဲ… အဲဒီကဗျာလေးက ရုပ်ရှင်တေးကဗျာထဲ ပါ ထင်တာပဲ။ ကဗျာခေါင်းစဉ်တောင် ခုနလေးတင်ပဲ မေ့သွားတယ်။ ထားပါ။

 


Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

DaManYan

 

 

“လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း” ဆိုတဲ့ ဆိုရိုးစကားကို ဗမာလူမျိုး တိုင်းကြားဖူးကြပါတယ်။ အဲဒီ စကားအရဆိုရင် ပုဂံမှာ ဘုရားပုထိုးပေါင်း ၄သန်းကျော် ရှိရပါလိမ့်မယ်။ ဒါပေမဲ့ ရှေးဟောင်း သူတေသနဌာန အဆိုအရကတော့ “လှည်းဝင်ရိုးသံ” ဆိုတဲ့ စကား၎လုံးကိုသာ ယူပြီး “တညံညံ”ကို ကာရန်သင့်အောင် ထည့်ထားတဲ့ အပိုစကားအနေနဲ့ ယူတယ်။ “လှည်းဝင်ရိုးသံ”ကို ဂဏန်းချကြည့်လိုက်တော့ ၄၄၄၆ ရပါတယ်။ ဘုရားပုထိုးပေါင်း ၄ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။ အခုရှေးဟောင်းသုတေသနဌာနက လက်ရှိစာရင်းအရ ဘုရားပေါင်း ၂၂၁၇ ဆူရှိပါတယ်။ ဒါကြောင့် ၄ထောင်ကျော်ထဲက တ၀က်လောက်ပျက်စီးပြိုကျ ကုန်တယ်လို့ ယူဆရင် အခု လက်ရှိ၂ထောင်ကျော်နဲ့ ကိုက်ညီပြီး ယုတ္တိရှိပါတယ်။ အင်းဝခေတ်က သံပေါက်တခုမှာလဲ “၀င်းဝင်းထိန်လျှံ ပုဂံဘုရားပေါင်း” ဆိုပြီး မှတ်သားခဲ့ကြပါတယ်။ အဲဒီ သံပေါက်အရ ဆိုရင်လဲ ဘုရားပေါင်း ၄၄၇၄ ဖြစ်လို့ ပထမ သံပေါက် နဲ့ ကိုက်ညီပါတယ်။ ဒါကြောင့်ပုဂံမှာ ဘုရားစေတီပေါင်း ၄ထောင်ကျော် ရှိခဲ့တယ်လို့ ယူရင် အသင့်တော်ဆုံးပါဘဲ။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

The Lives of Others1

 

 

ဒေါက် … ဒေါက် ….ဒေါက်……ဒေါက်….

တိတ်ဆိတ် ငြိမ်သက်နေတဲ့ ကော်ရစ်ဒါတစ်လျှောက်က လူနှစ်ယောက်ရဲ့ ခြေသံနှစ်စုံ..

တစ်ယောက်က မွန်းညပ်တဲ့မေးခွန်းတွေ အပြည့်အသိပ်ရှိနေတဲ့ အခန်းထဲကို အတင်းအဓမ္မ လိုက်ပို့ပေးတဲ့ အစောင့်ပုလိပ်ရဲ့ ခြေသံ

နောက်တစ်ယောက်က တရားခံလို့ အစွပ်စွဲခံထားရတဲ့ ကိုယ်ကိုနွယ်တွေလို ရစ်နှောင်ချည်မဲ့မေးခွန်းတွေရှိရာအရပ်ဆီသို့ မလှမ်းချင် လှမ်းချင် လှမ်းနေတဲ့ လူတစ်ယောက်ရဲ့ ခြေသံ

မေးခွန်းတွေ… မေးခွန်းတွေ… ပြောပါဦး နောက်တစ်ခေါက်

နောက်ထပ် တစ်နာရီ.. နှစ်နာရီ..

နောက်ထပ်နာရီပေါင်းများစွာ…

ဆယ်နာရီ… နှစ်ဆယ်….သုံးဆယ်…လေးဆယ်

လူတစ်ယောက်ရဲ့ ခံနိုင်ရည်စွမ်းတွေ ကုန်ဆုံးလုမတတ်

ကျွန်တော် အိပ်ပါရစေတော့.. တကယ့်ကို မသိလို့ပါ တောင်းပန်ပါတယ် … ထိထိခိုက်ခိုက် ကြေကြေကွဲကွဲ ရှိုက်သံတွေ ပျံ့လွင့်လျက်။