User Rating: 0 / 5
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
          သမိုင်းတစ်​​လျှောက်​ ​တော်​လှန်​​ရေး အဆက်​ဆက်​မှာ ​သွေး​မြေကျခဲ့ကြရ​ပေမယ့်​ လူထုဟာ တစ်​ချက်​က​လေးမှ ​နောက်​တွန့်​သွားခဲ့ခြင်းမရှိပါဘူး ။ တစ်​ချက်​ပစ်​လို့ တစ်​သက်​​သေရင်​ မျိုးဆက်​အဆက်​ဆက်​ အသက်​​ပေါင်းများစွာ ခက်​လက်​​ဝေဖြာလာစမြဲပါပဲ ။.......   `` ဘယ်​​လောက်​ထိ​အောင်​ပစ်​နိုင်​မလဲ
ခင်​ဗျားတို့ ပစ်​ဖို့
အသက်​ကို အလံလိုလွှင့်​ပြီး တက်​ခဲ့မယ်​.. ..´´ ဆိုတဲ့အတိုင်း အမှန်​တကယ်​ပဲ တပ်​ဦးက​နေ အသက်​ကို အလံလိုလွှင့်​ပြီး တက်​ခဲ့ကြရပါတယ်​။ ​လေမှာ တလူလူ လွှင့်​ထူ​နေတဲ့ အလံ​တွေဟာ လူထုရဲ့ အသက်​​တွေပါ ။ အဲ့ဒီ အသက်​​တွေကိုပဲ လက်​နက်​အဖြစ်​နဲ့ အားကိုးကြရတဲ့ လူထု​တော်​လှန်​​ရေး စိတ်​ဓာတ်​ဟာ ဘယ်​​သောအခါမှ တိမ်​​ကောပ ​ပျောက်​မှာမဟုတ်​ပါဘူး ။
           လူထုအ​ရေး​တော်​ပုံ​တွေရဲ့ ဇစ်​မြစ်​ကို ​ခြေရာ​ကောက်​ကြည့်​ရင်​ မတရားတဲ့ အမိန့်​အာဏာနဲ့ မမှန်​ကန်​တဲ့ စနစ်​ကိုသာ အရိုး​ကြေ​ကြေ အ​ရေခမ်းခမ်း အုံကြွ​တော်​လှန်​ကြတာကို ​တွေ့ရမှာပါပဲ ။ အခုချိန်​မှာ မြန်​မာနိုင်​ငံလူထုရဲ့ ​တော်​လှန်​​ရေး ​ရေချိန်​ဟာ မြင့်​တက်​​နေပါပြီ ။ ​သေနတ်​နဲ့ချိန်​ပစ်​ရုံ​လောက်​နဲ့​တော့ ရင်​​ကော့တိုးဝင်​ ..  ပစ်​လိုက်​ကြစမ်း... ပစ်​လိုက်​ကြစမ်း... ဆိုပြီး အသက်​တစ်​​ချောင်းကို စ​တေးပစ်​ဖို့ဘယ်​သူမှ ၀န်​မ​လေးကြ​တော့ပါဘူး ။ ​ပြောင်းလဲမှ ဖြစ်​မယ်​ ..​ပြောင်းလဲဖို့အတွက်​ဆိုရင်​ ငါ့အသက်​ကိုလဲ ​ပေးဆပ်​ဖို့​နောက်​မတွန့်​ဘူး ဆိုတဲ့ ​​တော်​လှန်​​ရေးအသိ​စိတ်​​တွေ အမြစ်​တွယ်​​နေကြပါပြီ ။လက်​နက်​အဖြစ်​အားကိုးရာဟာ ကိုယ့်​အသက်​ကိုယ်​သာ ဖြစ်​တယ်​ဆိုတာ နားလည်​သ​ဘော​ပေါက်​​နေကြပါပြီ ။....... ``....  ထည့်​ထားတဲ့ ကျည်​အားလုံး ဖြုတ်​ချဖို့
လေထဲဝင့်​​နေတဲ့ လက်​သီး​တွေနဲ့
ချီတက်​ခဲ့ပြီ.. ....´´ ....   ချီတက်​ခဲ့ပြီ.. . ချီတက်​ခဲ့ကြပါပြီ ။ လက်​သီး​တွေ ​လေထဲဝင့်​လို့​ပေါ့ ။ အသက်​တစ်​​ချောင်း​လောက်​က​တော့ ဘာမထီ ဂရုမထား အမှုမထားပုံမျိုးနဲ့​ပေါ့ ။ ​နောက်​မျိုးဆက်​​တွေမှာလဲ ​တော်​လှန်​​ရေး စိတ်​ဓာတ်​ကိန်း​အောင်း​နေခဲ့လို့ ​လျှောက်​​နေတဲ့လမ်းကို ယုံကြည်​ခိုင်​မာမှု​တွေ အပြည့်​နဲ့​ပေါ့ ။
          ဒီအချိန်​ဟာ ​ပြောင်းလဲဖို့ အချိန်​အခါ​ကောင်းပါပဲ ။ လူထုတစ်​ရပ်​လုံးမှာလဲ ခိုင်​မာတဲ့ အသိစိတ်​​တွေ ကိန်းဝပ်​​နေပါပြီ ။ လက်​ရှိဖြစ်​ပျက်​​နေတဲ့ လူထုတစ်​ရပ်​လုံးရဲ့ အ​ခြေအ​နေအရပ်​ရပ်​ကို ကဗျာဆရာ စိုးခိုင်​ညိန်းက ၂၀၁၅ ဇွန်လထုတ် လှိုင်းသစ် မဂ္ဂဇင်း မှာ ကဗျာတစ်​ပုဒ်​နဲ့သက်​​သေပြထားပါတယ်​ ။              ။
လူထု​တော်​လှန်​​ရေး
ဘယ်​​လောက်​ထိ​အောင်​ ပစ်​နိုင်​မလဲ
ခင်​ဗျားတို့ပစ်​ဖို့
အသက်​ကို အလံလိုလွှင့်​ပြီး တက်​ခဲ့မယ်
ကျည်​တစ်​​တောင့်​ အသက်​တစ်​​ချောင်းနှုန်းနဲ့
ထည့်​ထားတဲ့ ကျည်​အားလုံးဖြုတ်​ချဖို့
လေထဲ ၀င့်​​နေတဲ့ လက်​သီး​တွေနဲ့
ချီတက်​ခဲ့ပြီ
ကိုယ့်​အသက်​သာလျှင်
အားကိုးရာ လက်​နက်​အဖြစ်​နဲ့ ။  ။
စိုးခိုင်​ညိန်း
        ကဗျာဆရာ စိုးခိုင်​ညိန်း ရဲ့ ၂၀၁၅ ဇွန်​လ လှိုင်းသစ်​ မဂ္ဂဇင်း ပါ ... လူထု​တော်​လှန်​​ရေး .. .. ကဗျာအား ခံစား​ရေးဖွဲ့ပါသည်​ ။
မိုးသက်​ငြိမ်​ဦး
10.9.2015