အတိတ်ကအဖြစ်အပျက်တွေကို မေ့ထားချင်လောက်အောင် ဘယ်လိုပဲ ကြိုးစားဖျောက်ဖျက်ပေမယ့် စိတ်တွေသာ လွတ်လွတ်သွားတယ် အတွေးတွေသာ ငေးငိုင်သွားတယ် ဘ၀မှာ အတိတ်မေ့ကြေးသာ ကစားနေရတယ် ။ ဟိုအရင်ကအကြောင်းများ ခေါင်းထဲရောက်လာတော့ လူက ငေးသွားတယ် ငိုင်သွားတယ် ရင်ထဲ ထိခိုက်ရှနာ ဒဏ်ရာတွေသာ များလာရတယ် ။
တစ်စုံတစ်ယောက်က ပုခုံးပုတ်နှုတ်ဆက်လိုက်တာ
အသေချာဆုံးပြောနိုင်တာကတော့ ဒီဒဏ်ရာတွေအတွက် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အောက်ကျို့တောင်းပန်တိုးလှ
စိတ်ဒဏ်ရာများရဲ့နောက်ခံပန်
အမှားတွေကြားထဲ အသည်းအသန် ပြေးရင်းလွှားရင်း ကန်းနေရတဲ့ ဉာဏ်ပညာ တွေလဲဘာမှ မတတ်နိုင်ကြဘူး ။ တကယ်တော့ အတွေးဟာလဲ အတွေးကောင်းကောင်း မဖြစ်သေးဘူး ။
ဘယ်လိုတွေးခေါ်မျှော်မြင်
ချစ်ခြင်းတရားမှာ အခါခါသေနေတဲ့ ဘ၀အဓိပ္ပါယ်တွေ ။
ဒါဟာ လမ်းဆုံးရောက်ပြီလား ၊ ဒါဟာ ပန်းတိုင်မှီပြီလား ကိုယ့်ကိုယ်ကိုယ်သာ အခါခါ မေးနေရတယ် ။ ဘယ်လိုကြိုးစားဖြေဖြေ ဒီစာမေးပွဲဟာ ကိုယ့်ကို မျက်နှာသာမပေးမှန်း သိလိုက်ပြီ ။ မေးခွန်းကို မေးခွန်းအတိုင်းထားလိုက် ပြီး အဖြေကို အဖြေအတိုင်းထားလိုက်ပြီးတဲ့
လောကမှာ အရေးအရာစိုက်နေစရာမလိုတာေ
အများကြီးရှိနေတာပဲ မဟုတ်ပါလား ။
ငေးမောခြင်း ၁၂
ငေးတယ် ၊ ငိုင်တယ်
လွတ်လွတ်သွားတဲ့စိတ်နဲ့
အတိတ်မေ့ကြေး ကစားတယ်
အနာဖေးတက်တက်လာတဲ့ ရင်ဘတ်ထဲ
တလွဲမာနတွေ ပစ်ထည့်ထားတယ်
တရားဟာ
တရားပီပီသသ မဖြစ်သေးဘူး
အတွေးဟာ
အတွေးကောင်းကောင်း မဖြစ်သေးဘူး
ဒီလိုနဲ့
ပြေးရင်းလွှားရင်း ကန်းနေတဲ့ဉာဏ်ပညာတွေ
ချစ်ခြင်းတရားမှာ
အခါခါသေနေတဲ့ ဘ၀အဓိပ္ပါယ်တွေ
ဘယ်လိုကြိုးစား ဖြေဖြေ
ဒီစာမေးပွဲဟာ
ကိုယ့်ကို မျက်နှာသာမပေးမှန်း သိလိုက်ပြီ
ဘာအရေးလဲ
ရယ်ရယ်မောမော ပေါက်ကွဲနေလိုက်တယ် ။
ရတုသစ်
၂၁ × ၄= ကဗျာ စာအုပ်မှ
ကဗျာဆရာ ရတုသစ်ရဲ့
ငေးမောခြင်း - ၁၂ ကဗျာအား
ခံစားရေးဖွဲ့ပါသည် ။
မိုးသက်ငြိမ်ဦး
6.9.2015
ဘ၀အမောတွေထဲ ငေး ငေး မောခြင်း
- Details
- Written by မိုးသက်ငြိမ်ဦး
- Category: ဆောင်းပါး
- Hits: 2142