ဆောင်းပါး
- Details
- Written by ခိုင်ခိုင်စေလွင်
- Category: ဆောင်းပါး
- Hits: 2165

- Details
- Written by ပန်းချီထိန်လင်း
- Category: ဆောင်းပါး
- Hits: 2280
၂၀၁၆ နှစ်ဆန်းတစ်ရက်နေ့မှာ နဝဒေးလမ်းက Think art Gallery မှာ ပြနေတဲ့ MPP ရဲမြင့် ရဲ့ ဗန်ဂိုး
ပုဂံကိုအလည်လာခြင်း ပြပွဲကို ရောက်သွားပါတယ်။ အမြဲတမ်းစောင့်ကြည့်ရတဲ့ ကိုယ်တွေရှေ့ က အနုပညာရှင် ကိုရဲမြင့် က ညောင်ဦးမြို့မှာ အခြေစိုက်ပြီးတဲ့နောက်မှာ ရှေးဟောင်းအမွေ အနှစ်တွေ ရဲ့ အသည်းနှလုံး ပုဂံရှုခင်း ရှုကွက်တွေနဲ့ ဗန်ဂိုး ရဲ့ စုတ်ချက်တွေ ဗန်ဂိုးရဲ့ နာမည်ကျော်ကားတွေထဲက ပုံရိပ်တွေ ကို ရောနှော မွေနှောက်ပြီး အရောင်ပြင်းပြင်းတွေနဲ့ ချယ်မှုန်းပြထားတဲ့ လက်ရာတွေက ပြပွဲလာသူတိုင်းကိုဖမ်းစားနိုင်ခဲ့ပါတယ်။ အနုပညာရှင်ကိုရဲမြင့် ဟာ ငယ်စဉ်ဘဝက ဆရာတင်ထွေး ဘာသာပြန်တဲ့ ဘဝကြမ်းလို့ အမည်ရတဲ့ စာအုပ်ကိုဖတ်ပြီးတဲ့နောက် အနုပညာရှင်ဗင်းဆင့်ဗန်ဂိုး အနုပညာလက်ရာတွေကို ခြေရာကောက်ရင်း က ဒီပန်းချီကားတွေ ရေးဆွဲမိခဲ့တဲ့ အကြောင်း ပြပွဲကတ်တလောက်ထဲမှာ ဖွင့်ဟ ဝန်ခံထားပါတယ်။ ဒီမှတ်စု ထဲမှာ ညွန်းထားတဲ့ ဘ၀ကြမ်းဆိုတဲ့ စာအုပ်လေးဟာ ဆရာရဲ့မြင့်တင်မက ကျွန်တော်တို့ မျိုးဆက် အနုပညာရှင်တွေ ကို ဗင်းဆင့်ဗန်ဂိုးဒဏ္ဍာရီ ဆန်လှတဲ့ အနုပညာရှင်ဗန်ဂိုးရဲ့ ဘ၀ကို မိတ်ဆက်ပေးခဲ့တဲ့ စာအုပ်လေးပါ။ ကျွန်တော့်ဘဝမှာရော ဗန်ဂိုးကို ဘယ်တုန်းကစကြားဖူးခဲ့သလဲ ပြန်ဖေါ်ကြည့်နေမိပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးတော့ ဒီမိုကရေစိကို လက်နက်ကိုင်တော်လှန်ရေး နည်း နဲ့ တိုက်ယူ မှဖြစ်မယ် ဆိုတဲ့ ကြွေးကြော်သံကိုင်စွဲ ပြီး အိန္ဒိယ နယ်စပ်ကို ဖြတ်ပြီး တကယ့် ဘဝကြမ်းကို စလှမ်းခဲ့က ပေါ့ ဗျာ လို့ ဇာတ်သံလေးနှောပြီး ပြောပြချင်မိပါတယ်။ အဲဒီလိုနဲ့ မဏိပူရတောင်တန်းတွေ ပေါ်က လေခွန်းစခန်းမှာ သောင်တင်နေတဲ့ မန်းလေးဆိုင်းဘုတ်လောကမှာ နာမည်အကြီးဆုံးဆိုတဲ့ အနုပညာရှင် ကိုစစ်ငြိမ်းအေးနဲ့ တွေ့ ဆုံဖြစ်ခဲ့ပါတယ်။ နောက်တော့ ဒုက္ခသည် စခန်းလေးထဲမှာ ကိုစစ်ငြိမ်းအေးရဲ့ ပန်းချီသင်တန်းလေးတက်ရင်း ကိုစစ်ရဲ့ ပန်းချီအနုပညာဆိုင်ရာ လက်ချာတွေ ထဲမှာ စပြီး ကမ္ဘာကျော် ဆြာကြီး ဗန်းဆင့်ဗင်ဂိုး ရဲ့ လက်ရာတွေ အကြောင်းလှိုင်လှိုင်ကြားရပါတော့တယ်။ ပြသနာက ပန်းချီသင်တန်းသာဆိုတယ် ဒုက္ခသသည် စခန်းထဲမှာမို့ စာအုပ်စာတန်းဆိုတာ တစ်အုပ်မှ အရှိတာမို့ ဗင်ဆင့်ပန်းချီကားတွေ က ဘယ်လိုစုတ်ချက်တွေ ထူးခြားကြောင်း အရောင်တွေက ဘယ်လိုသစ်လွင်ကြောင်း ကိုစစ်က ရေပက်မဝင်ပြောနေသမျကို ကျွန်တော်က စိတ်ကူးထဲ ကြုံ သလို ပုံဖေါ်ပြီး ဘာမသိညာမသိ ဘလိုင်းကြီး ဗင်းဆင့် အမာခံပရိတ်သတ် ဖြစ်လာခဲ့ရတာ ရီစရာတော့ တော်တော်ကောင်း ပါတယ်.။
နောက်တော့ ရန်ကုန် ကို ခံကတုတ် ယူပြီး အနုပညာ နဲ့ သောက်ဖက်စားဖတ်တွေ ဖြစ်လာတဲ့ အခါမှာတော့ လက်လှမ်းမှီသလောက် နို်င်ငံခြားမဂ္ဂဇင်းတွေမှာ တွေ့သမျှ ဗင်ဂိုးပန်ချီကားပုံ ပါတဲ့ စာမျက်နှာလေးတွေ ဆုတ်ပြီး သိမ်းထားခဲ့ ဘူးပါတယ်။
- Details
- Written by ဥာဏ်မျိုးထက်
- Category: ဆောင်းပါး
- Hits: 1869
မြန်မာနိုင်ငံရဲ့အလှတရားတွေထဲမှ
ကျွန်တော်စာရေးဖို့အကြောင်းအရာ
- Details
- Written by ခိုင်ခိုင်စောလွင်
- Category: ဆောင်းပါး
- Hits: 1994
ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားဖွယ် ဖြစ်အောင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ မြန်မာပြည်မှာလည်း ၁၉၉၆ခုနှစ် ခန့်က တော်တော်လေး လှုပ်လှုပ်ရှားရှား လုပ်ခဲ့တာ အမှတ်ရမိပါတယ်။ ဖိုးကျား ဆင်စခန်းတို့ အင်းတော်ကြီး သဘာဝဘေးမဲ့ ဥယျာဉ်တို့ ကြားဖူးခဲ့ပါတယ်။
မဲ့ဆာ ဆိုတဲ့ ဆင်စခန်းမှာတော့ ဆင်တွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးထားပြီး ကမ္ဘာလှည့်ခရီးသည်တွေ ဆင်စီးဖို့ရယ်နဲ့ ဆင်တွေရဲ့ ကပွဲတွေကို ပြသပါတယ်။ တစ်ရက်မှာ နှစ်ပွဲပြတယ်လို့ သိရပါတယ်။ နံနက် ၉နာရီမှာ တစ်ပွဲရှိပြီး မွန်းလွဲ တစ်နာရီခွဲမှာ တစ်ပွဲရှိပါတယ်။ ဆင်စီးဖို့ ရည်ရွယ်ချက်မရှိတာမို့ ပွဲမစခင် ဟိုဟို ဒီဒီ လျှောက်ကြည့်ရင်း တကယ့်တောတွေ တောင်တွေကြားမှာ စိမ့်အေး နေတာကို သတိထားမိပါတယ်။ အိမ်ရှင် ထိုင်းလူမျိုးတွေ မရှိသလောက် နည်းပါးပြီး နိုင်ငံခြားသား ခရီးသွားတွေ အများဆုံး တွေ့ရပါတယ်။ အဲဒီထဲမှာမှ တရုတ်လူမျိုးတွေ သိသိသာသာ လာကြတာ တွေ့ရပါတယ်။ တစ်နေရာမှာ ပွဲစချိန်မရောက်သေးလို့ နားနေကြတဲ့ ဆင်ထိန်းတွေကို သူတို့ ဆင်တွေနဲ့အတူ အေးအေးလူလူ စကားပြော နေတာတွေ့ရတ.်၊ ဆင်ထိန်းတွေက လူငယ်တွေ များတယ်၊ အားလုံး ကရင် တိုင်းရင်းသားဝတ်စုံတွေ ဝတ်ထားကြတယ်။ ထိုင်းမှာလည်း ကရင် တိုင်းရင်းသား ရှိတယ်၊ ထိုင်း ကရင်တဲ့၊ မြန်မာပြည်က ကရင်တွေလည်း ပါချင်ပါမယ်၊
- Details
- Written by မိုးသက်ငြိမ်ဦး
- Category: ဆောင်းပါး
- Hits: 2020
ရှေ့တည့်တည့်ကချိန်ရွယ်ထား