အနုပညာသတင်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

ပန်းချီဆရာမင်းသူရိန်ရဲ့ လေဟာနယ်၊နေရာလွတ် တင်ဆက်ပြသ

 

မြန်မာခေတ်ပြိုင်အနုပညာရှင်တစ်ဦးဖြစ်သူ ပန်းချီဆရာမင်းသူရိန်(ကဗျာဆရာလင်းသဏ်ညီ)၏လေဟာနယ်၊နေရာလွတ် အနုပညာတင်ဆက်မှုကို ရန်ုကုန်တွင်နိုဝင်ဘာ  နေ့မှ ၁၈ ရက်နေ့အထိပြသခဲ့သည်။အဆိုပါအနုပညာတင်ဆက်မှုအား အဆင့်သုံးဆင့်ဖြင့်တင်ဆက်ထားပြိး အစီအစဉ် ၁ မှာ ပြပွဲစီစဉ်ခြင်းနှင့်ဖိတ်ကြားခြင်းဖြစ်သည်။အဆိုပါအစီအစဉ်ကိုတင်ဆက်ရာတွင် မင်းသူရိန်သည် ပြပွဲအားစတင်ရန်ပြင်ဆင်ခြင်း၊ ဖိတ်စာများကို ရန်ကုန်မြို့လယ်လမ်းများပေါ်တွင် လက်ကမ်းခြင်းstreet performance ပြကွက်လုပ်ဆောင်ခြင်းကိုတင်ဆက်ပြသခဲ့သည်။အစီအစဉ် ၂ မှာနိုဝင်ဘာ ၁၇ရက်နေ့နံနက် ၈နာရီမှစတင်ကာရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိနေအိမ်(စတူဒီယို)မှ ပြပွဲတွင်အသုံးပြုမည့် အထောက်အပံ့ပစည်းများအား ရန်ကုန်မင်္ဂလာတောင်ညွန့်မြို့နယ်အလံပြဘုရားလမ်းရှိ Myanmar Ink

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

picture

စစ်အာဏာရှင်စံနစ်ရဲ့ အကျဉ်းထောင်တွေအတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျဉ်းစံ နေ့ရက်များအတွင်း ရေးသားပြုစုခဲ့တဲ့ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေလျက် ရှိရာမှာ မင်းကိုနိုင်၊ မြအေးတို့နောက်မှာ အခု ဂျင်မီရဲ့ လမင်းစန္ဒာ အင်းလေးကန်သာ စာအုပ် ပေါ်ထွက်ခဲ့ပါပြီ။ (ကိုကိုကြီးရဲ့ မီဒီယာတွေ့ဆုံခန်းတွေကို စုစည်းထားတဲ့ စာအုပ်လည်းပေါ်ထွက်ခဲ့ပြီးပါပြီ။)

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

picture

 

၁၇ ရက် ၆ လ ၂၀၁၂ ခုနှစ်တွင် သင်းစာဆရာ၊ စာရေးဆရာကြီးလူထု ဦးစိန်ဝင်းသည် ရန်ကုန်မြို့တွင် ကွယ်လွန်သွားကြောင်း သိရပါသဖြင့် ဝမ်းနည်းကြေကွဲမိပါသည်။ မြန်မာ့စာနယ်ဇင်း လောကအတွက် အစားထိုးမရနိုင်သည့် ဆုံးရှုံးမှုကြီးတစ်ခုလည်း ဖြစ်ပါသည်။ မကွယ်လွန်မီအချိန်အထိ မြန်မာနိုင်ငံနှင့် မြန်မာ့နိုင်ငံရေးအတွက် အကျိုးရှိရာ စာပေများကို ကျန်းမာရေး မကောင်းသည့်ကြားမှ ကလောင်ထမ်း၍ တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့သည့် ဆရာဦးစိန်ဝင်း .. ကောင်းရာ သုဂတိမှာ ချမ်းသာစွာ ရှိနိုင်ပါစေရန် .. ကောင်းကင် (မဂ္ဂဇင်း) အဖွဲ့မှာ .. ဝမ်းနည်းဆုတောင်းနေပါကြောင်း .....

 ကောင်းကင် စာတည်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

၂၀၁၂ ခုနှစ် ၆ လပိုင်း ၁ ရက်နေ့တွင် လန်ဒန်သို့ ရောက်ရှိလာသော ဟာသ အနုပညာရှင် ကိုဇာဂနာသည် UK နှင့် အခြားနိုင်ငံများတွင် အနုပညာ လှုပ်ရှားမှုများကို ဆက်တိုက် လုပ်ကိုင်လျှက်ရှိပါသည်။

image


၆ လပိုင်း ၆ ရက်နေ့တွင် Amnesty International, Pen, Index on censorship, Article 19 စသော လူ့အခွင့်အရေး လှုပ်ရှားသော အဖွဲ့များနှင့် တွေ့ဆုံပြီး .. ကိုဇာဂနာ အကျဉ်းကျနေစဉ်အတွင်း .. အဆိုပါ အဖွဲ့အစည်းများမှ ဇာဂနာ လွတ်မြောက်ရေး လှုပ်ရှားမှုများအပေါ် လူကိုင်တယ် ကျေးဇူးတင်ကြောင်း တွေ့ဆုံပြောကြားခဲ့ပြီး .. ထောင်တွင်း အတွေ့အကြုံများကို ပြန်လည်ပြောကြားကာ ပရိတ်သတ်များ၏ မေးခွန်းများကို ဖြေကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ This Prison Where I live ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ Rex Bloomstein နှင့် အဓိက ဇာတ်ဆောင် ဂျာမနီနိုင်ငံမှာ ဟာသ သရုပ်ဆောင် Michel Mittermeier တို့ တတ်ရောက် တတ်ရောက်ခဲ့ပါသည်။

image

၆ လပိုင်း ၉ ရက်နေ့တွင် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင် ဇာတ်ကားများကို လန်ဒန်ရောက် မြန်မာနိုင်ငံသားများနှင့် အတူ ကြည့်ရှုကာ အနုပညာ ဆွေးနွေးခြင်းများကို ပြုလုပ်သွားမည် ဖြစ်ပါသည်။

၎င်းနောက် .. ၆ လပိုင်း ၁၈ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ ဒယ်ဘလင်မြို့တော်တွင် Michel Mittermeier နှင့် အတူ ဖျော်ဖြေ့ပွဲ တစ်ခုကို ကျင်းပသွားမည် ဖြစ်ပါသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

picture

ပတ္တုစက္ကူပေါ်က အက်ခရီလစ်စီးရီးဟာ အရင် တင်ပြနေကြပုံစံကနေ ရှုထောင့်ပြောင်းပြီး တင်ပြထားတဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ၊ အယူအဆပိုင်းဆိုင်ရာ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Acrylic ဆေးဗူးထဲကနေ တိုက်ရိုက် ညှစ်ထုတ် ဖန်တီးထားတဲ့ အနုပညာလက်ရာများဖြစ်ပြီး သူ့ကို ဖန်တီးရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ မျှော်လင့်မထားတဲ့ အလှတရား၊ လွတ်လပ်မှု၊ ပျော်ရွှင်မှုနဲ့ စဉ်းစားတွေးခေါ်ချင်စရာ ဒဿနတွေကို သယ်ဆောင်လာတယ်။ ဒီစိးရီးမှာ အနုပညာ ဖန်တီးမှု နည်းသစ်နဲ့အတူ ကျွန်တော့်ရင်ထဲမှာ ငယ်စဉ်ကတည်းက အမြစ်တွယ်နေတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တန်ဖိုးတွေကိုလည်း ဖေါ်ထုတ် တင်ပြထားတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အာရုံခံစားမှု ရသဗေဒကိုလည်း မိုးကုတ်စက်ဝိုင်းအထိ ချဲ့ထွင်ပြီး အသိဉာဏ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကိုလည်း ဖွံ့ဖြိုးတိုးတတ်စေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မြတ်ကျော့

(၁၃.၀၄.၂၀၁၂)

 

(ပြပွဲအစီအစဉ်နှင့် ပန်းချီကား တချို့ကို ကြည့်ရှုနိုင်ရန် .. အောက်တွင် နယူနာ ကြည့်ရှုခံစားနိုင် ပါသည်။)

ကောင်းကင် စာတည်း