အနုပညာသတင်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

the monument 2009

 

ပန်းချီဆရာ ကိုသန်းဌေးမောင်ဟာ ဇနီးသည် စာရေးဆရာ၊ သတင်းစာဆရာမ ခက်မာနဲ့အတူ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတုန်း ပစ္စဘတ်မြို့ မွေ့ယာစက်ရုံ အနုပညာပြတိုက် (The Mattress Factory Art Museum) မှာ အင်စတော်လေးရှင်း တခု ပြုလုပ်တင်ဆက်ခဲ့ပါတယ်။

 

မော်ကွန်းမှတ်တိုင် (The Monument) လို့ မှည့်ခေါ်ထားတဲ့ ဒီ အနုပညာ ပစ္စည်းဟာ သတင်းစာစက္ကူဟောင်းတွေကို အန်စာတုံးပုံဖြစ်အောင် လေမှုတ်သွင်းပီး ကော်နဲ့ဆက်စပ် ဖန်တီးထားတာပါ။ ဒီလို အင်စတော်လေးရှင်း ပြုလုပ်နေတုန်း ကမ္ဘာကြီးနဲ့ ပတ်သက်ပီး ကိုသန်းဌေးမောင် ခံစားရတဲ့ စေတသိက ဝေဒနာတွေဟာ လျော့ပါးလာပီး အဆုံးမတော့ ပျော်ရွှင် ဝမ်းမြောက်ရပါသတဲ့။

 

အမှန်တရားကို ဖြန့်ချိပေးတဲ့ သတင်းစာတွေနဲ့ သတင်းလိုက်ရင်း အသက်စွန့်ခဲ့ရတဲ့ သတင်းထောက်တွေ၊ သတင်းကြောင့် အကျဉ်းကျခံနေရတဲ့ သတင်းသမားတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ရောင်စုံသတင်းစာဟောင်းတွေကို ဆက်စပ်ပီး ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့လည်း အင်စတော်လေးရှင်းရဲ့ ရည်ရွယ်ရင်းကို သူက ရှင်းပြခဲ့ပါတယ်။

 

မေလ ၉ ရက်ကနေ ဇွန်လ ၂၁ရက်ထိ ပြသထားမှာ ဖြစ်ပါတယ်။

ကိုးကား- http://www.mattress.org/index.cfm?event=ShowArtist&eid=90&id=438&c=Current