အနုပညာသတင်း
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 ငြိမ်းချမ်းရေးမွေးနေ့ရှင်
ဂန္ထဝင်မြောက် ဒဂုန်မဂ္ဂဇင်းကြီးရဲ့ နောက်ဆုံးထင်ရှားကျန်ရစ်တဲ့ မျိုးဆက်၊ လက်ရှိမြန်မာစာပေမှာ ဝါအရင့်ဆုံးစာရေးဆရာကဗျာဆရာကြီး ဒဂုန်တာရာဟာ စတုတ္ထမျိုးဆက် ဘလောက်မျိုးဆက် အိုင်တီခေတ် မြန်မာစာပေမွေ့လျော်တဲ့လူငယ်တွေအထိ အားပေးလက်ခံမှုကိုရရှိနေဆဲ မြန်မာယဉ်ကျေးမှုရဲ့ သက်ရှိအမြုတေပါ။ မေ၊ တာရာမဂ္ဂဇင်း၊ စာပေသစ်၊ ရုပ်ပုံလွှာ၊ ကြာပန်းရေစင်၊ ဆယ်နွေဆယ်မိုး၊ ဗညားသီဟစာပေစစ်တမ်း၊ စိမ်းမြဧရာ၊ ယဇ်ပူဇော်ပွဲစတဲ့ ဆရာကြီးရဲ့ စာပေလက်ရာတွေနဲ့ အလားတူ မြန်မာစာပေဂီတဖန်တီးချက်တွေကို ပြန်လှည့်ကြည့်လိုက်ရင် မြန်မာပြည်သူတွေဟာ နိုင်ငံရေး လူမှုစီးပွားရေးအဘက်ဘက်က ယိုယွင်းနိမ့်ကျလာပေမယ့် ယဉ်ကျေးမှုအနုပညာခံစားအားပေးတဲ့ဓလေ့မှာ အညံ့စားမဟုတ်သေးဘူးဆိုတာ သက်သေထူနေသလိုပါပဲ။ တာရာရဲ့ သမိုင်းဖြတ်သန်းမှုကို တန်ဖိုးထားတဲ့ စာပေအနုပညာ နိုင်ငံရေး ငြိမ်းချမ်းရေးမျိုးဆက်ရေစီး ဆက်လက်အဓွန့်ရှည်ပါစေ။
ကောင်းကင်
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
   အင်စတော်လေးရှင်း အနုပညာ သည်မော်နိုင်
လှော်တက်ကိုနှစ် အသာအယာ လှော်တက်ပြားကို မျက်နှာပြင်ပေါ် ဝေ့ဝိုက်သွား၊
လှော်တက်ကိုနှစ် အသာအယာ လှော်တက်ပြားကို မျက်နှာပြင်ပေါ် ဝေ့ဝိုက်သွား၊
လှော်တက်ကိုနှစ် အသာအယာ လှော်တက်ပြားကို မျက်နှာပြင်ပေါ် ဝေ့ဝိုက်သွား
................................                             
                                             သည်မော်နိုင်
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 ဒေါ်ခင်မာအေး
“ ကိုယ်ကျိုးစွန့်လွှတ်ကြရလွန်းလို့
သူတို့ဇနီးမောင်နှံမျက်နှာကို
စေ့စေ့မကြည့်ရက်ဘူး”
တစ်ခါက ပြောဘူးတာပါ။  
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
invitation front
invitation back
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ နာရေးကူညီမှု အသင်းကြီး (ရန်ကုန်) ရဲ့ ခေါင်းဆောင် ဦးကျော်သူ ဟာ ၂၀၀ရ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း ၊ ရုပ်ရှင်ဇာတ်ကားများမှာ သရုပ်ဆောင်ခြင်းကို ရပ်တန့်ခံရပြီး မိမိ ဘ၀တစ်လျောက် ကြုံခဲ့ရတဲ့ ခံစားမှုတွေကို ပန်းချီကားတွေအဖြစ် စူးစူးစိုက်စိုက် ဖန်တီးလာဖြစ်ခဲ့ပါတယ်။
ယခုတော့  ဒီအနုပညာလက်ရာတွေကို နိုဝင်ဘာ ၂ ရက် နေ့ မှာကျရောက်တဲ့ မိမိရဲ့ အသက် ၅၀ ပြည့် ရွှေရတုမွေးနေ့အဖြစ် မိမိနေအိမ်မှာပဲ မိတ်ဆွေများကို ဖိတ်ပြီး  တကိုယ်တော် ပန်းချီပြပွဲကို ခင်းကျင်းပြသ မယ်လို့သိရပါတယ်။
ဦးကျော်သူ တစ်ယောက် အသက် ငါးဆယ်မှသည် အသက်တစ်ရာတိုင်သည်အထိ ကြည်ကြည်လင်လင် ရွှင်ရွှင်လန်းလန်း မိမိ ယုံကြည်ရာ အနုပညာနှင့် လူထုအကျိုးပြု လုပ်ငန်းများကို ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် တကိုယ်တော် ကျော်သူရဲ့ အနုပညာ လက်ရာတစ်ချို့ကို ကောင်းကင် အနုပညာချစ်သူများ ခံစားနိုင်ရန် တင်ဆက်လိုက်ပါတယ်။
ဦးကျော်သူရဲ့ Kyaw Thu's Art Zone မှာ တင်ဆက် ပြသမည့် ပန်းချီကား အချို့ကို ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) မှာလည်း Kyaw Thu's Art Zone ပန်းချီ ပြခန်း တစ်ခုကို ဖန်တီး တင်ဆက်ထားပါတယ်။
ကောင်းကင်စာတည်းအဖွဲ့
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
self-portrait
သတင်းကာတွန်းနဲ့ ကလေးရုပ်ပြဆိုတဲ့ ကွဲပြားတဲ့ ပုံဆွဲပညာနှစ်ခုလုံးမှာ တံခွန်စိုက်ခဲ့တဲ့ ဦးဖေသိန်း (၁၉၂၄-၂၀၀၉) ကွယ်လွန်ဆုံးပါးသွားခြင်းဟာ ခေတ်အဆက်ဆက် တိုးလို့လာတဲ့ အမျိုးမျိုးသော ဖိနှိပ်မှုများအောက်မှာ ရပ်တည်နေခဲ့ရတဲ့ မြန်မာကာတွန်းဆရာများနဲ့ ချစ်ခင်အားပေးသူများ အတွက် ဖြေ၊ မပြေနိုင်စရာ ကောင်းလှပါတယ်။ အထူးသဖြင့် ပြန့်ကျဲနေတဲ့ ဆရာကြီးရဲ့ သတင်းကာတွန်း လက်ရာတွေကို (၈၆) နှစ်မှာ ကွယ်လွန်ချိန်ထိ စုစည်းထုတ်ဝေခြင်း မပြုနိုင်ခဲ့တာဟာ အသက် (၁၀၀) ပြည့်သွားသည့်တိုင်အောင် ကာတွန်းပေါင်းချုပ်ရယ်လို့ မထွက်နိုင်သေးတဲ့သူ့ ဆရာရင်း ဦးဘဂျမ်းနဲ့ ကြမ္မာတူ အကျိုးပေးလို့ ဆိုသင့်ပါရဲ့။