အနုပညာသတင်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 daw suu

ကောင်းကင် (နိုင်ငံပြု အနုပညာ) အင်တာနက်မဂ္ဂင်း ဖတ်ပရိတ်သတ်အပေါင်းအတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေ။ ယခု နှစ်ဆန်းတရက်နေ့တွင် ကောင်းကင်နိုင်ငံပြု အနုပညာ မဂ္ဂဇင်းကို စတင်မွေးဖွါးခဲ့သော ( ၂ ) နှစ်ပတ်လည်နေ့လည်း ဖြစ်ပါသည်။ (၂) နှစ်အတွင်း ကောင်းကင် မဂ္ဂဇင်းသို့ ပြည်တွင်းပြည်ပမှ ပေးပို့လာကြသော စာမူရှင်များ၊ စာမူရှင်များအတွက် စေတနာအလျောက် လှူဒါန်းကြသော အလှူရှင်များနှင့် ကောင်းကင်စာဖတ်ပရိတ်သတ် အပေါင်းကို  ကျေးဇူးအထူးတင်ရှိပါသည်။

ယခုကဲ့သို့ မင်္ဂလာရှိသော နှစ်သစ်အခါသမယမှ စတင်၍  စာဖတ်သူများနှင့်တကွ မြန်မာနိုင်ငံသားအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာလျက် မဝေးသောကာလအတွင်း …..

ဒေါင်းတောင်အပေါင်းနဲ့လှသလိုပ

ခေါင်းဆောင်ကောင်းရဲ့ ဦးဆောင်မှုရကြလို့

အနာဂတ်ဘ၀များ လွတ်လပ်ပျော်ရွင်ချမ်းမြေ့ကြပါစေ.........။

စာတည်းအဖွဲ့

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

akardodo

မြန်မာနိုင်ငံတွင်း ငလျင်ဒဏ်သင့် မိဘမဲ့ ကလေးငယ်များသို့ ပေးလှူရန် သက်တံဖြူ ကဗျာဆိုင်ကလေးကို ရန်ကုန်မြို့ အလုံလမ်းနှင့် ပြည်လမ်းထာင့် ရန်ကုန်အင်တာနေရှင်နယ် ဟိုတယ် အတွင်း ၂၀၁၁ ဧပြီလ ၉ ရက်နေ့ ညနေ ၃ နာရီမှ ည ၉ နာရီထိ ကဗျာဆရာစောဝေ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့က ဦးဆောင်၍ မြန်မာကဗျာဆရာ များအပါအ၀င် ဂီတ၊ ရုပ်ရှင်နယ်ပယ်မှ အနုပညာရှင်များ၏ လက်ရေး ကဗျာစာမူများကို ရောင်းချပြီး ရံပုံငွေ ရှာခဲ့ကြသည်ဟု သိရပါသည်။

အာကာ

ကလေးငယ်များ ရံပုံငွေအတွက် လက်ရေး ကဗျာများ ရောင်းချရာတွင် ပါဝင်ရေးသားခဲ့ကြသော အနုပညာရှင်များမှာ ကဗျာဆရာမ မအိ၊ မင်းချစ်သူ၊ သန်းမြင့်အောင်၊ ခင်ပန်နှင်း ၊စောဝေ၊ ဗေလုဝ၊ မိုဃ်းဇော်၊ ဖြူမွန် ၊ မြင့်မိုးအောင်၊ နှင်းဝေငြိမ်း၊ မင်းခိုက်စိုးစံ၊ အကြည်တော်၊ သျီသူအောင်၊ စိုးသော်တာ၊ ညီမင်းညို၊ ရွှေထိုက်၊ သွေး (စစ်ကိုင်း)၊ အဖြူရောင်ရွှေ၊ စုမီအောင် ၊ အာကာဒိုဒို၊ ညိုပြာဝိုင်၊ အရိုး၊ ကျားပေါက်၊ ရသ၊ အနဂ္ဂ၊ သံသာဝင်း၊ သားစိုး၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်း၊ ရွှေစင် ၊သီရိရှင်းသန့် ကယ်ရီကေးခြား ကိုစိုင်း တို့ဖြစ်ကြပါသည်။

အာကာ

ကဗျာရောင်းချပွဲမှ ရံပုံငွေ ၇ သိန်း၊ ၈သောင်း ၄ ထောင်တိတိ ရရှိကြောင်း သိရပါသည်။ လက်ရေးကဗျာ တစ်ပုဒ်ကို တစ်သိန်းတိတိပေး ၀ယ်သူပင်ရှိကြောင်း ကဗျာဆရာ ကိုစောဝေ ကပြောပါသည်။ ယခုလို ဘေးဒုက္ခ ကြုံတွေ့နေရသော ကလေးများအတွက် ပြုလုပ်သောပွဲတွင် ကိုစောဝေက ယခင် ၂၀၀၆၊ ၂၀၀၇ ခုနှစ်များက အဖြူရောင်သက်တန့် ကဗျာရွတ်ပွဲများတွင် မိမိနှင့်အတူ တက်တက်ကြွကြွ ဦးဆောင်မှုပေးခဲ့ကြသော ရဲဘော်ဟောင်းများဖြစ်သည့် ကဗျာဆရာ အယ်ဒီတာ ကိုဇော်သက်ထွေး၊ ကဗျာဆရာအောင်ဝေး၊ ပန်းချီဆရာမ ချောအိသိမ်း၊ သရုပ်ဆောင် နှင်းဝတ်ရည်သောင်းတို့အား အထူး သတိရမိပါကြောင်း ကောင်းကင်သို့ ပြောကြားခဲ့ပါသည်.။

အာကာဒိုဒို
Star InactiveStar InactiveStar InactiveStar InactiveStar Inactive

့အနငညူငညြ

 

မြန်မာစာပေလောက၏ မီးရှုးတန်ဆောင်   စာရေးဆရာကြီး ပါရဂူ (၉၁) နှစ်၊ ၉ ရက်၊ ၄ လ၊ ၂၀၁၁ စနေနေ့တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် မြန်မာစာလောကတွင် အစားထိုးမရသော ဆုံးရှုံးမှုတစ်ခုအဖြစ် အထူးဝမ်းနည်း ကြေကွဲရပါကြောင်း။

စာတည်းအဖွဲ့

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

picture

သူရဲတန်းရွာဇာတိ ပန်းချီကိုအောင်ကို ဦးဆောင်ပြီး ကျင်းပတဲ့ လေးကြိမ်မြောက် "သူရဲတန်း အနုပညာ ပရောဂျက်" တစ်ခုကို  ၂၀၁၁ ခုနှစ် ဇန်န၀ါလ (၂၃) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၄) ရက်နေ့ အထိ ပြသတင်ဆက်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ မြန်မာပြည်မှ အနုပညာရှင်များဟာ ပြည်မြို့အနီးက သူရဲတန်းရွာရဲ့  "သူရဲတန်း အနုပညာ ပရောဂျက်" အဖြစ် အနုပညာလက်ရာ (၃) ခုကို ဖန်တီးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 အဆိုပါ အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင် ဖြစ်တဲ့ ပန်းချီပိုပိုဟာ မြန်မာနိုင်ငံမှာ ကွန်တန်ပိုရာရီ အနုပညာကို တစိုက်မတ်မတ် ဖန်တီးနေသူဖြစ်ပြီး ပြည်တွင်းမှာရော ပြည်ပမှာပါ မကြာခဏ ပြပွဲတွေ ကျင်းပလေ့ရှိတဲ့ ထင်ရှားတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

ဒီလို သွားရောက် ဖန်တီးတာနဲ့ ပတ်သက်လို့ ကိုပိုပိုက ….. “လူတချို့က ကျွန်တော်ကို မေးကြတယ် ဒီလောက်ခေါင်တဲ့ရွာကို တကူးတကသွားပြီး အထူးသဖြင့် ခေတ်ပေါ် အနုပညာတွေကို ခံစားနားလည်နိုင်သူ ပရိတ်သတ်လည်း မရှိတဲ့နေရာမှာ ဘာကြောင့်အနုပညာတွေကို သွားဖန်တီးခဲ့တာလဲတဲ့။ သူတို့ယူဆချက်ဟာ လုံးဝ မှားနေပါတယ်။ တကယ်က မြန်မာနိုင်ငံ လူဦးရေရဲ့ ၉၀% ဟာ နယ်တွေမှာ နေကြတာပါ။ ကျွန်တော် အနေနဲ့ အထူးသဘောကျတဲ့ အချက်ကတော့ အနုပညာ ဖန်တီးချက်တွေကို ဆင်ဆာအဖွဲ့ထံမှာ အစစ်ဆေးခံ နေစရာမလိုဘဲ လွတ်လွတ်လပ်လပ် ဖန်တီးနိုင်တာပါ။ နောက်တခုကတော့ အလွန်အပြောကျယ်တဲ့ လွင်ပြင်ထဲမှာမိမိ စိတ်ကူးရှိသလို ဖွင့်ပြီး ဖန်တီးနိုင်ခွင့်ရှိတာပါ။ ဒါကြောင့်ဒီကိုတကူးတက လာပြီးဖန်တီးရတာပါ လို့ဆိုပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
Literary talk