အနုပညာသတင်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

  ဒီဇိုင်း သည်မော်နိုင်

                                                                        ကဗျာစာအုပ် မျက်နှာဖုံး ဒီဇိုင်း သည်မော်နိုင်

 

လွန်ခဲ့သော ၂ နှစ်တာကာလ အတွင်း  ကောင်းကင် မဂ္ဂဇင်း ပေါ်မှာ ခေတ်ပြိုင် စာသားအခြေပြုအနုပညာ လို့ပြော နိုင်တဲ့ ကဗျာတွေကို

အရှိန်ဟုန် ကောင်းကောင်း နဲ့ ရေးသား လာခဲ့တဲ့ ကဗျာဆရာ ခင်အောင်အေး ရဲ့  ကဗျာ ငါးဆယ့်လေး ပုဒ်ပါဝင်တဲ့ ကဗျာ စာအုပ်

ကို နှစ်ကာလများ စာအုပ်တိုက် ကနေ လောလောလတ်လတ် ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။ ဒီစာအုပ်မှာ ကဗျာဆရာခင်အောင်အေး ကို

ကဗျာဆရာဇေယျာလင်းမေးတဲ့ မေးခွန်းသုံးပုဒ်ကို ပြန်လည် ဖြေကြားချက်တွေကို ပါဖတ်ရှုရမှာဖြစ်ပါတယ်။စာအုပ်ရောင်းဈေး ကတော့

၁၀၀၀ ကျပ်ပါတဲ့။

ဒီဇိုင်းသည်မော်နိုင်

                                                                                  ကဗျာစာအုပ် ကျောဖုံး ဒီဇိုင်း  သည်မော်နိုင်

 

လောလောဆယ် ကဗျာဆရာ ခင်အောင်အေး ဟာ ယူကေ နိုင်ငံ လန်ဒန်မြို့ က သားနဲ့သမီး များထံ အလည်ရောက်ရှိ နေပြီး

 လာမယ့် ဇွန်လ ၂၇ (တနင်္လာနေ့  ) လန်ဒန်မြို့ The Poetry Cafe, 22 Betterton Street.မှာအင်္ဂလိပ် ကဗျာမဂ္ဂဇင်း

The Wolf က ဦးဆောင် ကျင်းပမယ့် ကဗျာရွတ်ဆိုပွဲ ညမှာ အင်္ဂလိပ် ကဗျာဆရာ Niall McDevitt / Stephen Watts / Ziba Karbassi

အင်္ဂလိပ်ဘာသာ နဲ့ ခေတ်ပြိုင် ကဗျာတွေရေး အားကောင်းတဲ့ မြန်မာကဗျာဆရာ ကိုကိုသက် (ဟယ်စင်ကီမြို့)တို့ ပါပါဝင်ပြီး မြန်မာ အင်္ဂလိပ်

ဘာသာ ၂ ခုနဲ့ ကဗျာများ ကိုရွတ်ဆိုကြမယ် လို့သိရပြီး မြန်မာ ကဗျာ ကိုစိတ်ဝင်စားသူ မည်သူ မဆို တက်ရောက်နိုင်တယ်ဆိုပါတယ်။

ကဗျာရွတ်ပွဲ အစီအစဉ် အသေးစိတ်ကို                 

http://www.facebook.com/event.php?eid=227337433944104   စာမျက်နှာမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

                                                                                                                   စာတည်းအဖွဲ့

 

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ကဗျာဆရာ စောဝေ တစ်ယောက် အကျဉ်းထောင်က လွတ်လာပြီးနောက်ပိုင်း ပြည်ပခရီးစဉ်တွေမှာ ပါဖွန့်မင့် အနုပညာပြပွဲနဲ့ ကဗျာရွတ်ပွဲတွေကို သွားရောက်ရာ နိုင်ငံတွေမှာ အစဉ်တစိုက် လုပ်လာတာတွေ့ရပါတယ်။ မေလ ၁၆ ရက်နေ့ က စင်္ကာပူနိုင်ငံက  လမ်းပြကြယ်စာကြည့်တိုက် ကော်မီတီရဲ့ စီစဉ်မှုနဲ့ ပါမွန့်မင့် အနုပညာပြပွဲ တစ်ခုကို ချယ်ရီမေ  စားသောက်ဆိုင်မှာ ခင်းကျင်းပြသခဲ့တယ်လို့ သိရပါတယ်။

အာကာဒိုဒို

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 မုတ်သူန်

                                                ပန်းချီ မုတ်သုန်

 

အင်္ဂလန်နိုင်ငံEquity လို့လူသိများတဲ့ သရုပ်ဆောင်များ သမဂ္ဂ က မြစ်ကြီးနားထောင်အတွင်း အကျဉ်းကျနေတဲ့ လူရွင်တော် ဇာဂနာ ကို 

ရာသက်ပန် ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဆု ကို ချီးမြင့်ဘို့ ဆုံးဖြတ်လိုက်ပြီး လာမဲ့ တနင်္ဂနွေ နေ့မေလ ၂၂ ရက်နေ့လုပ်မဲ့ သမဂ္ဂ ညီလာခံ မှာ

တရားဝင် ချီးမြင့်မယ်လို့ ဆိုပါတယ်။

 

               လူရွင်တော် ဇာဂနာ ဟာ လောလောဆယ် မှာ မြစ်ကြီးနားထောင်ထဲ မှာ ထောင်ဒဏ် ၃၅ နှစ်ကျခံနေခဲ့ရာမှ  လွန်ခဲ့ အပတ် မြန်မာနိုင်ငံ

သမ္မတကြီး ဦးသိန်းစိန် ရဲ့ သနားကြင်နာ မှုကြောင့် ထောင်ဒဏ် တစ်နှစ် လျော့ပေါ့ခွင့်ခံစား တာမို့ ခုဆိုရင် ၃၄ နှစ် ကို ကျခံ နေရတယ်လို့

ပြောရမှာဖြစ်ပါတယ်။

 

လူ၇ွှင်တော် ဇာဂနာ ၁၉၉၅ ဒုတိယ အကြိမ် ထောင်က လွတ်မြောက်လာစဉ် အခါက မဟေသီ မဂ္ဂဇင်း မှ သတင်းထောက် နဒီ က ဗိဒီယို ရိုက်ကွင်း တွင်

သွားရောက်မေးမြန်းခဲ့ သော   အင်တာဗျူး မှ အမေးအဖြေတချို့ ကို ကောင်းကင်စာဖတ်သူများ အတွက်   ကိုဇာဂနာ အလွမ်းပြေ အဖြစ်

ပြန်လည် ကူးယူ ဖေါ်ပြအပ်ပါတယ်။  

                                                                                                  စာတည်းအဖွဲ့ 

 

မေး ။  ။ဇာဂနာ နဲ့ နှစ်အတန်ကြာ ဝေးကွာခဲ့တဲ့ အနုပညာလောကထဲ ပြန်ခြေလှမ်းခဲ့ ချိန်မှာ ဘယ်လို ကွာခြားမှုတွေ တွေ့ရပြီး ဘယ်လိုခံစား ခဲ့ရပါသလဲ။

ဖြေ။   ။ဇာဂနာဟာ ပြောင်းလဲမသွားသလို ပရိတ်သတ်ဟာ လည်းပြောင်းလဲ မသွားပါဘူး။ ဒါကြောင့် ကွာခြားမှု မတွေ့ရဘူး။ တစ်ခုတော့ရှိတယ်။ ကျွန်တော်

         လုပ်ပြချင်တာတွေ ပရိတ်သတ်ဆီ မရောက်နိုငသေးတာပါပဲ။

 

မေ။   ။ဇာဂနာ ကျင်လည်ခဲ့တဲ့ ရတဲ့လူရွှင်တော် ဘ၀ကို လွမ်းပါသလား။ ဘယ်လို အလွမ်းမျိုးနဲ့ လွမ်းပါသလဲ။

ဖြေ။  ။ကျွန်တော် မလွမ်းတတ်ပါဘူး။ ကျွန်တော်က လရောင်အောက်မှာ ထိုင်ပြီး စမ်းရေစီးသံကိုအတွေးနဲ့ နားဆင်မယ့်လူမဟုတ်ဘူး။

        စမ်းချောင်းဆီ အရောက်သွားမယ့် လူပါ။

 

မေး။   ။ လောလောဆယ် ကျင်လည်နေရတဲ့ ဗီဒီယိုလောက ကို ရော ဘယ်လို သဘောထားပါသလဲ။

ဖြေ။   ။ မြစ်ရေတစ်ခုပါ။ ရေဆင်းချိုးတဲ့လူတွေ၊ ငါးမျှားတဲ့လူတွေ ၊အ၀တ်လျော်တဲ့လူတွေ၊ စုံလို့ပဲ။အညစ်အကြေးစွန့်တဲ့

         လူလည်းပါတာပေါ့ ။ဒါပေမဲ့ မြစ်ရေကတော့ စီးဆင်းလျက်ပါပဲ။

 

မေး။    ။ဗီဒီယို ပရိတ်သတ်အပေါ် ဘယ်လို စေတနာမျိုးနဲ့ အလုပ်လုပ်နေတယ် ဆိုတာ သိပါရစေ။

ဖြေ။   ။ ကျွန်တော် စေတနာကတော့ တစ်ခုတည်းပါ။  '' ကျန်ခဲ့စေချင်တယ်'' ဒါပါပဲ။

 

မေး။     ။ဒီနေ့ခေတ်မှာ အငြိမ့်မင်းသမီး တစ်ယောက်ရဲ့ ရပ်တည်မှု ဘ၀ပီပြင်ဘို့ ဘယ်လိုအရာတွေလိုအပ်မယ်ဆိုတာ ။

           ထိုအတူ လူရွင်တော် တစ်ယောက်အနေနဲ့ ရပ်တည်ဘို့ ဘာတွေ လိုအပ်မယ် ဆိုတာ တွေးမိသလောက်ပြောပြပါဦး။

ဖြေ။    ။ မင်းသမီးပဲဖြစ်ဖြစ် လူရွှင်တော်ပဲ ဖြစ်ဖြစ် ရပ်တည်မှု ဘ၀ပီပြင်ဖို့ ကတော့ ယုံ ကြည်မှု နဲ့ ဇွဲ ပါပဲ။

 

မေး။     ။ဇာဂနာပြောချင်တဲ့ ဇာဂနာ အကြောင်း လို့ ခေါင်းစဉ်ပေးလိုက်မယ် ဆိုရင် ဘာတွေပြောမလဲ။

ဖြေ။    ။ခက်တော့ခက်တယ်ဗျာ။ ကျွန်တော်က သိပ်မပြောချင်ဘူး။ လုပ်ပြချင်တယ်။ ကျွန်တော်အကြောင်းကို ကျွန်တော် သားတွေ

          မြေးတွေ။ မြစ်တွေ က ပြောကျန်ရစ်စေချင်တယ်။ အဲဒါကျွန်တော် ရဲ့ အတ္တ ပဲ။

 

မေး။  ။ လူရွှင်တော် ဘ၀မှာ ဘယ်လိုဒုက္ခ တွေကြုံတွေ့ခဲ့ရပါသလဲ။ အဲဒီအခက်အခဲတွေ အပေါ် ဘယ်လိုသဘောထားပါသလဲ။

ဖြေ။   ။အောင်မြင်အောင်ကြိုးစားတဲ့ လူတိုင်းမျာ အခက်အခဲတွေ နဲ့ ရင်ဆိုင်ကြရမှာပဲ။အဖြေရှာရင်း  အိပ်မောကျနေတဲ့ သူတွေ ၊

        တက်ကျိုး သွားတဲ့လူတွေ ဒုနဲ့ဒေးပါ။ ကျွန်တော်ကတော့ ဖြစ်မြဲ ဓမ္မတာလို့ သဘောထားပါတယ်။ ရင်ဆိုင်ဘို့ က ကိုယ့်တာဝန်

        ပဲ။လူ့ဘ၀ဟာ သင်္ချာ မဟုတ်တဲ့ အတွက် နောက်ဆုံးထွက်သက်မှာ အဖြေ (တစွန်းတစ)တော့ရကောင်းပါရဲ့။

 

မေး။   ။ဇာဂနာ နောက်ထပ်ဆယ်နှစ်အတွင်း ဘာတွေလုပ်ချင်နေဦးမယ်။ ဘာတွေဖြစ်နေဦးမယ်ဆိုတာ မြည်းစမ်းပါရစေလား

ဖြေ။    ။သေချာတော ကတာ့ ကျွန်တော်ဟာ အတ္တ ကိုမပယ်နိုင်တဲ့ လူတစ်ယောက်ပါ။ဒေါသရော လောဘရော မောဟရော အကုန်လုံးရှိတယ်။

        ဒါကြောင့် နောက်ဆယ်နှစ်၊ နှစ် နှစ်ဆယ်၊ နှစ် သုံးဆယ် စသည်ဖြင့်ပေါ့လေ.... ကျွန်တော်ဟာ ကျွန်တော် အတွက်၊ ကျွန်တော်သမိုင်း အတွက်

       ကျွန်တော့် လိပ်ပြာ အတွက် '' သန့် ''  မယ့် အလုပ်တွေ ရွေးလုပ်သွားပါမယ်။ တကယ်လို့ နောင်နှစ်ဆယ် မှာ ကျွန်တော် အသက်ရှိနေသေးရင်

       ဆုံကြသေးတာပေါ့၊ အသက်အရွယ်ကလည်း ပါးစပ်ကို ဘောင်ခတ်နိုင်ပါတယ်ဗျာ။

       (ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ လိုလူတွေရဲ့ စကားဟာ နှစ်အကန့်အသတ်၊ နယ်နမိတ်တခုပေါ့ ။အဲဒီလောက်ပဲ မှန်တတ်တယ်။

       အတွေးအခေါ်တွေ အယူအဆတွေ ဘယ်လိုပဲထုတ်ထုတ် ဆယ်စုနှစ်တွေ ကျော်လာရင် မီးပုံ ရှို့ရတာတွေ ဖြစ်လာတတ်တာပဲ။

           မြတ်စွာဘုရား ရဲ့ စကားကလွဲ လို့ ဘယ်စကားမှ အမြဲ မမှန်ပါဘူးဗျာ ။)

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

tin maung nyunt

   မြန်မာနိုင်ငံမှ  ထင်ရှားတဲ့ခေတ်ပေါ်အနုပညာရှင် အောင်ကို  ရဲ့ အောင်ကိုရဲ့ရွာ အမည်ရတဲ့ အနုပညာပရောဂျက် ပြကွက်တစ်ခုကို

 စင်္ကာပူနိုင်ငံ အနုပညာပွဲတော် မှာ ယခု မေလ ၁၃ရက် ကနေ  ဂျူလိုင်လ ၃ ရက်နေ့အထိ စင်္ကာပူ မြို့တော်ရဲ့ အထင်အရ  အဆောက်အဦး

  မြန်မာများအခေါ် ဒူးရင်းသီး  Esplanade  အဆောက်အဦးကြီးထဲမှာ ပြသလျက်ရှိပါတယ်။

tin maung nyunt

 ဒီပြကွက်မှာ အောင်ကိုဟာ သူ့ရဲ့ဇာတိ  ပြည်မြို့ အနီး သူရဲတန်းရွာကိုအခြေပြုပြီး ရွာသားတွေနဲ့ အတူ ပူးပေါင်း ဖန်တီး ခဲ့တဲ့

ပန်းပုရုပ်များ အထူးပြုလုပ်ထားတဲ့ စက်းဘီး ၊ဇာတိ ရွာမှာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံ များ ဗီဒီယိုများကို ရွာက အိမ်ပုံစံငယ် ခြံဝင်းပုံစံ

ငယ်တွေ ထဲမှာ ခင်းကျင်းပြသထားတာတွေ့ရပါတယ်။မိမိနဲ့ အတူ ရွာမှာ ပူးပေါင်းပါဝင်ခဲ့သူ ရွာခံလူငယ်များပါ ပြပွဲကိုတက်ရောက်ဖို့

ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။

တင်မောင်ညွန့် 

ဒါအပြင် ရွာက လယ်စိုက်ခင်းပုံစံငယ်လေးတွေ ပြုလုပ်ထားပြီး ပြခန်းဖွင့်ပွဲနေ့မှာ တက်ရောက်လာတဲ့ ပရိတ်သတ်တွေ ကိုယ်တိုင် လယ်ကွက်

ပုံစံငယ်လေးတွေ ထဲမှာ စပါးစေ့များကို ကိုယ်တိုင် မျိုးစေ့ချ စိုက်ပျိုးစေပါတယ်။

tin maung nyunt

ဇာတိရွာက ၀ါးအိမ်ငယ်  ပုံစံငယ်များ ကိုနဲ့ ဖွဲစည်းထားတဲ့ ရွာ အ၀င်ရှူခင်းပြကွက်ကို တော့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ စင်္ကာပူ နိုင်ငံ ရောက် အင်ဂျင်နီယာ

ကိုတင်မောင်ညွန့် နဲ့ လူပ်အားပေးမြန်မာလူငယ်များရဲ့ပါဝင်ကူညီမှုနဲ့ တည်ဆောက်ခင်းကျင်း ချိတ်ဆွဲ ပြသ ထားပါတယ်။

               ကိုအောင်ကို ရဲ့ ပြကွက်ဟာ ပန်းပု ၊ဓါတ်ပုံ ၊ဗီဒိယို ၊အင်စတော်လေးရှင်း၊ ဖြစ်စဉ်ပြအနုပညာ၊လူထု (ပြည်တွင်း/ပြည်ပ)ပူပေါင်းပါဝင်မှု အနုပညာ

ပုံစံမျိုးကို လှပစွာ ပေါင်းစပ်ပါဝင်နေပြီး နိုင်ငံတကာအဆင့်မှီ ဥာဏ်ရှေ့သွားအနုပညာConcetual art ပရောဂျက် တစ်ခု ဖြစ်တာမို့ မြန်မာ အနုပညာ ရှင်တစ်ဦး

အနေနဲ့ ခုလိုဖန်တီး ပြသနိုင်မှု အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။     ။

 

အနုပညာရှင် အောင်ကို နဲ့ သူကအနုပညာ အကြောင်း ကောင်းကင် မဂ္ဂဇင်းမှ သွားရောက်မေးမြန်းချက်များကို မကြာမှီ ဆက်လက်ဖေါ်ပြပေးမည်ဖြစ်ပါကြောင်း ။  ။

                                                                                                                             ကောင်းကင်စာတည်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

    ထိန်လင်း

မြန်မာစာပေသမိုင်းတွင် ပင်ကိုယ်ရေး ဘာသာပြန်နှင့် သမိုင်းနောက်ခံဝတ္ထုကြီးများ ရေးသားခဲ့သူ  စာရေးဆရာ နတ်နွယ် (၇၈) နှစ်သည် မေလ ၁၁ ရက် နံနက် ၁၁ ခန့်က ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားပါသည်။

 

ဆရာနတ်နွယ်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အဘ ဦးဘ၀မ်း၊ အမိ ဒေါ်စောလုံ တို့မှ ၁၉၃၃ ခု ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မွေးဖွါးခဲ့ပါသည်။ အမည်ရင်းမှာ ဦးလှမြင့် ဖြစ်ပါသည်။

မြစ်ကြီးနားမြို့ တောင်ဖန်းနား အထက်တန်းကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓသာသနာ့ နုဂ္ဂဟ အထက်တန်းကျောင်းနှင့် ရန်ကုန် တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပါသည်။

၁၉၅၀ ပြည့် ဇွန်လ ၂၈ ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်း ကဏ္ဍတွင် “ကျောင်းသူမ”   ကဗျာဖြင့် စာပေနယ်သို့ ၀င်ရောက်ခဲ့ပါသည်။

ဆောင်းပါး၊ ၀တ္ထု၊ ဝေဖန်စာနှင့် ဘာသာပြန်များ ရေးသားခဲ့ပြီး လုံးချင်းဝတ္ထု ၁၀၀ ကျော်၊ ရေးသားခဲ့သည်။

မိုးဇော်ဟိန်း ကလောင်ဖြင့်  ဘာသာပြန် လုံးချင်းဝတ္ထု ပေါင်း ၂၀ ကျော် ဘာသာပြန်ဆိုခဲ့ပါသည်။ အပြာ၊ အ၀ါ၊ တကွေ့တော့တွေ့ကြဦးမည်၊ တံခွန်တိုင်မောင်နှမများနှင့် မြန်မာပြည်မြောက်ပိုင်း တို့သည် စာရေးသူ၏ ထင်ရှားပင်ကိုယ်ရေး ၀တ္ထုများဖြစ်ပါသည်။

မင်းကျော်နှင့်တွဲဖက်၍ မလိခ ကလောင်အမည်နှင့် မြန်မာဝတ္ထု အညွန်းများ ရေးသားခဲ့ပါသည်။

စုံထောက် မဂ္ဂဇင်းတွင် အယ်ဒီတာချုပ်၊ လျှို့ဝှက်သည်းဖို မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ၊ မိုးဝေကဗျာ တခေတ် ဖြစ်စေခဲ့သော မိုးဝေ မဂ္ဂဇင်းတွင် အယ်ဒီတာချူပ် လုပ်ခဲ့ပြီး၊ ၁၉၈၈ အရေးအခင်းအပြီးတွင် နွယ်နီ မဂ္ဂဇင်းကို ထူထောင်ပြီး အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

မိမိနှင့်အတူ ဖြတ်သန်းခဲ့ကြသော ခေတ်ပြိုင် စားရေးဆရာများ၏ ရုပ်ပုံလွှာ အဖွဲ့အနွဲ့၊ မိမိနှင့် စာရေးဆရာများအကြောင်း ရေးသားခဲ့သည့် တောအကြောင်း၊ တောင်အကြောင်းမှာလည်း မြန်မာ စာရေးဆရာတိုင်းက ဆရာနတ်ကို လွမ်းတနေရမည့် စာပေလက်ရာမွန် တခု ဖြစ်ပါသည်။

ဆရာ၏ ရုပ်ကလပ်ကို မေလ ၁၃ ရက် ညနေလေးနာရီတွင် ရေဝေးသုသာန်တွင် မီးသဂြိုလ်မည် ဖြစ်ပါသည်။

မြန်မာစာပေလောကအတွက် တန်ဖိုးမဖြတ်နိုင်သော စာပေလက်ရာမွန်များဖြင့် အလုပ်အကျွေးပြုခဲ့သော ဆရာနတ်နွယ် ကွယ်လွန်ခြင်းအတွက် ကောင်းကင်မဂ္ဂဇင်းမှ အထူးဝမ်းနည်းကြေ ကွဲမိပါကြောင်း။