အနုပညာသတင်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

 

“ထူးခြားတဲ့ တင်ဆက်မှုနဲ့ ကဗျာဓါတ် စီးနေမှုကို ခံစား သိခဲ့ပြီး၊ ဗမာလို မချောမွေ့တဲ့ အရေးအသားကလေးကိုက ကဗျာ ဖတ်သူကို   တိုင်းရင်းသား ဆန်မှု အရသာ ကလေး ပေးစွမ်းနိုင်တယ်" လို့ ကဗျာ ဆရာ ခင်အောင်အေးရဲ့ မှတ်ချက်နဲ့အတူ ထွက်ပေါ်လာတဲ့ ချင်းတိုင်းရင်းသား “အိုင်းဒီး” ရဲ့ “ဂီတာနဲ့ ကြယ်စင်” ချင်း၊ ဗမာ (ဘာသာပြန်) အချစ်လုံးချင်း ကဗျာ စာအုပ် တစ်အုပ်ကို ၂၀၁၂ ခုနှစ် ဖေဖဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ဝယ်ယူအားပေးနိုင်ကြပါပြီ။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

   nyogyi

တက်ရောက်သော ကဗျာဆရာအချို့
(မော်မင်းသန်း၊ ထွဏ်းလွင်သွယ်(ဆူးဖြူရိပ်)၊ ဥက္ကာကျော်၊ ရိုးဒီ၊ ကိုထက်(ရေဦး)၊ ပိုင်စိုးဝေ၊ မိုဃ်းဇော်၊ ခင်အောင်အေး၊ စံညိမ်းဦး၊ မောင်နီဦး)


 ၂၀၁၁ ခုနောင်းပိုင်းမှာ ကွယ်လွန်ခဲ့တဲ့ ခေတ်ပြိုင်ကဗျာဆရာ လှသန်း အမှတ်တရ ကျောက်တိုင် စိုက်ထူပွဲကို ၃၁၊ ဒီဇင်ဘာ၊ ၂၀၁၁ က
အမရပူရမြို့တောင်လေးလုံးကျောင်းတိုက်၊ မှာ အထက်ဗမာပြည် နဲ့ရန်ကုန်အခြေစိုက်ကဗျာဆရာ မျာစုပေါင်းကျင်းပခဲ့ကြပါတယ်။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ူ့ူ့hl

 လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က Czech Repubilc နိုင်ငံက Prague မြို့က National Technical Library မှာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အနုပညာပြပွဲဖွင့်ပွဲကို ရောက်သွားဖြစ်ပါတယ်။ဒီပွဲကို ကမကထပြုသူတွေက ဗြိတိသျှကောင်စီ။ဗြိတိသျှသံရုံး။People in need ။ နောက် Burma Centre in Prague တို့ပါ။ဒီပွဲမှာ ကျွန်တော် အကှဉ်းသားဘ၀က ဖန်တီးခဲ့တဲ့လက်ရာတချို့နဲ့ အဲဒီလက်ရာတွေနဲ့ ပတ်သက်နေတဲ့ စာသားတချို့ကိုပြချင်တယ်ဆိုလို့ ကြိုတင်ပို့ထားခဲ့ပါတယ်။တကယ် ဖွင့်ပွဲနေ့ရောက်လို့ ပြသထားတဲ့နေရာကို ရောက်တော့မှ အံ့အားသင့်ရတာကတော့ ပြပွဲမှာကျွန်တော်တစ်ဦးတည်းရဲ့ပန်းချီကားများတင်ပြတာမဟုတ်ပဲ။ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံရုံးရဲ့စီစဉ်ပေးမှုနဲ့ ပြည်တွင်းက ပန်းချီဆရာတွေရဲ့လက်ရာတွကိုပါ စုပေါင်းပြသထားတာဖြစ်နေလို့ပါ။ ပိုပြီး အံ့သြ စရာကောင်းတဲ့ အချက်ကတော့ ဒီပွဲမှာပြသထားတဲ့ ကိုစိုးနိုင်၊ဧကစာချို၊ဘဌေးကြည်၊ဗဂျီလင်းဝဏ္ဏ၊သိန်းသိန်း၊ မြင့်စိုး တို့အားလုံးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကာလမှာ လောကနတ်ပန်းချီပြခန်းမှာ အတူတွဲပြသခဲ့ဘူးတဲ့လူတွေဖြစ်ယုံမက ကျွန်တ်ာကိုယ်တိုင်လေးစားရတဲ့ကျွန်တော့် ရှေ့နှစ်အနည်းစောတဲ့အနုပညာသည်တွေဖြစ်နေလို့ပါပဲ။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

့hteinlin

မြန်မာနိုင်ငံ တွင် မော်ဒန်ပန်းချီ ကိုစတင်ရေးဆွဲသူတဦးဖြစ်သည့် အပြင် ယနေ့ထိ ခေတ်ပြိုင်ပန်းချီများကိုအားကောင်းမောင်းသန်ရေးသားနေဆဲ ပန်းချီခင်မောင်ရင်၏ ဘ၀နှင့် အနုပညာအကြောင်းကို မော်ဒန်ပန်းချီဒုတိယမျိုးဆက် ပန်းချီဆရာဒေါက်တာစန်းမြင့်က ပန်းချီကားဆလိုက်များဖြင့် ဝေေ၀ဆာဆာဟောပြောမည်ဖြစ်ပါသည်။အနုပညာဝါသနာရှင်တိုင်း အခမဲ့ တက်ရောက်နားထောင်နိုင်ပါသည်။

နေရာ L67 SOAS University,London.

နေ့ရက် ..၂၀၁၁ ဒီဇင်ဘာ(၃)ရက် စနေနေ့

အချိန်..နေ့လည် (၁)နာရီမှ (၄)နာရီထိ။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 image

 

လာမည်နှစ် ၂၀၁၂ ခုနှစ် ဇန်ဇဝါရီလ ၁ ရက်နေ့မှာ ၄ ရက်နေ့တွင် ကျင်းပမည့် "The Art of Freedom Film Festival" (လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်) အတွက် သတင်းစာ ရှင်းလင်းပွဲအား တတ်ရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက်                                       ၃၁.၁၀.၂၀၁၁

 အချိန်                                       မနက် ၁၀ နာရီ မှ နေ့လည် ၁၂ နာရီ

နေရာ                                         Relax, အမှတ် ၁၂၆ ဓမ္မစေတီလမ်း

                                                Savoy ဟော်တည်ရှေ့

                                                ဖုန်း (၀၁) ၅၂၆၅၂၆

 

ခင်မင်လေးစားစွာဖြင့်

မောင်သူရ (ဇာဂနာ)

မင်းထင်ကိုကိုကြီး