Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

picture

စစ်အာဏာရှင်စံနစ်ရဲ့ အကျဉ်းထောင်တွေအတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျဉ်းစံ နေ့ရက်များအတွင်း ရေးသားပြုစုခဲ့တဲ့ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေလျက် ရှိရာမှာ မင်းကိုနိုင်၊ မြအေးတို့နောက်မှာ အခု ဂျင်မီရဲ့ လမင်းစန္ဒာ အင်းလေးကန်သာ စာအုပ် ပေါ်ထွက်ခဲ့ပါပြီ။ (ကိုကိုကြီးရဲ့ မီဒီယာတွေ့ဆုံခန်းတွေကို စုစည်းထားတဲ့ စာအုပ်လည်းပေါ်ထွက်ခဲ့ပြီးပါပြီ။)

ဂျင်မီရဲ့ စာအုပ်မိတ်ဆက်ပွဲကို အောက်တိုဘာ ၃၁ ရက်က မန္တလေးမြို့၈၄လမ်း D&G Restaurnt မှာ ကျင်းပရာ ဂျင်မီက သူဟာ ၈၈မျိုးဆက်တစ်ဦးဆိုပေမဲ့ ဒီဝတ္ထုဟာ ၈၈ဖြတ်သန်းမှု အတွေ့အကြုံတော့မဟုတ် ကိုယ်တိုင်က အင်းသားတစ်ဦးဖြစ်တော့ အင်းလေးကန်ကြီးရှိရာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးထောင်မှာ နေထိုင်ခဲ့ရစဉ် အင်းလေးနောက်ခံဝတ္ထုတစ်ပုဒ် ရေးဖို့ ကြိုးစားကြည့်ခဲ့တာပါ အင်းလေးကန်ကြီးကို တမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အားပေးလှုံ့ဆော်ချင်တဲ့ ရည်ရွယ်ချက်ထားပါတယ်လို့ ဆိုပါတယ်။

 picture

ဒီပွဲကို မန္တလေးမြို့ခံကဗျာဆရာ စာရေးဆရာ သတင်းစာဆရာ နဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ တက်ရောက်ကြပြီး ဆရာ သိုက်ထွန်းသက် နဲ့ မောင်တင်သစ်တို့က မုဒိတာစကားများပြောကြပါတယ်။

မကြာခင် ညောင်ရွှေမြို့မှာ အင်းလေးကန်ထိန်းသိမ်းရေးရည်ရွယ်တဲ့ အင်းသားများတွေ့ဆုံပွဲ ကျင်းပဖို့ ရှိတာကြောင့် မန္တလေးက မိတ်ဆွေများကို ဖိတ်ကြားပါမယ်လို့ ဂျင်မီက ပြောပါတယ်။

 

ရည်မွန်