Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

၂၀၁၂ ခုနှစ် ၆ လပိုင်း ၁ ရက်နေ့တွင် လန်ဒန်သို့ ရောက်ရှိလာသော ဟာသ အနုပညာရှင် ကိုဇာဂနာသည် UK နှင့် အခြားနိုင်ငံများတွင် အနုပညာ လှုပ်ရှားမှုများကို ဆက်တိုက် လုပ်ကိုင်လျှက်ရှိပါသည်။

image


၆ လပိုင်း ၆ ရက်နေ့တွင် Amnesty International, Pen, Index on censorship, Article 19 စသော လူ့အခွင့်အရေး လှုပ်ရှားသော အဖွဲ့များနှင့် တွေ့ဆုံပြီး .. ကိုဇာဂနာ အကျဉ်းကျနေစဉ်အတွင်း .. အဆိုပါ အဖွဲ့အစည်းများမှ ဇာဂနာ လွတ်မြောက်ရေး လှုပ်ရှားမှုများအပေါ် လူကိုင်တယ် ကျေးဇူးတင်ကြောင်း တွေ့ဆုံပြောကြားခဲ့ပြီး .. ထောင်တွင်း အတွေ့အကြုံများကို ပြန်လည်ပြောကြားကာ ပရိတ်သတ်များ၏ မေးခွန်းများကို ဖြေကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ This Prison Where I live ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ Rex Bloomstein နှင့် အဓိက ဇာတ်ဆောင် ဂျာမနီနိုင်ငံမှာ ဟာသ သရုပ်ဆောင် Michel Mittermeier တို့ တတ်ရောက် တတ်ရောက်ခဲ့ပါသည်။

image

၆ လပိုင်း ၉ ရက်နေ့တွင် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင် ဇာတ်ကားများကို လန်ဒန်ရောက် မြန်မာနိုင်ငံသားများနှင့် အတူ ကြည့်ရှုကာ အနုပညာ ဆွေးနွေးခြင်းများကို ပြုလုပ်သွားမည် ဖြစ်ပါသည်။

၎င်းနောက် .. ၆ လပိုင်း ၁၈ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ ဒယ်ဘလင်မြို့တော်တွင် Michel Mittermeier နှင့် အတူ ဖျော်ဖြေ့ပွဲ တစ်ခုကို ကျင်းပသွားမည် ဖြစ်ပါသည်။