Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

picture

Pictureပတ္တုစက္ကူပေါ်က အက်ခရီလစ်စီးရီးဟာ အရင် တင်ပြနေကြပုံစံကနေ ရှုထောင့်ပြောင်းပြီး တင်ပြထားတဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ၊ အယူအဆပိုင်းဆိုင်ရာ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Acrylic ဆေးဗူးထဲကနေ တိုက်ရိုက် ညှစ်ထုတ် ဖန်တီးထားတဲ့ အနုပညာလက်ရာများဖြစ်ပြီး သူ့ကို ဖန်တီးရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ မျှော်လင့်မထားတဲ့ အလှတရား၊ လွတ်လပ်မှု၊ ပျော်ရွှင်မှုနဲ့ စဉ်းစားတွေးခေါ်ချင်စရာ ဒဿနတွေကို သယ်ဆောင်လာတယ်။ ဒီစိးရီးမှာ အနုပညာ ဖန်တီးမှု နည်းသစ်နဲ့အတူ ကျွန်တော့်ရင်ထဲမှာ ငယ်စဉ်ကတည်းက အမြစ်တွယ်နေတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တန်ဖိုးတွေကိုလည်း ဖေါ်ထုတ် တင်ပြထားတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အာရုံခံစားမှု ရသဗေဒကိုလည်း မိုးကုတ်စက်ဝိုင်းအထိ ချဲ့ထွင်ပြီး အသိဉာဏ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကိုလည်း ဖွံ့ဖြိုးတိုးတတ်စေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မြတ်ကျော့

(၁၃.၀၄.၂၀၁၂)

 

picture

 picture

picture