Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 

“ထူးခြားတဲ့ တင်ဆက်မှုနဲ့ ကဗျာဓါတ် စီးနေမှုကို ခံစား သိခဲ့ပြီး၊ ဗမာလို မချောမွေ့တဲ့ အရေးအသားကလေးကိုက ကဗျာ ဖတ်သူကို   တိုင်းရင်းသား ဆန်မှု အရသာ ကလေး ပေးစွမ်းနိုင်တယ်" လို့ ကဗျာ ဆရာ ခင်အောင်အေးရဲ့ မှတ်ချက်နဲ့အတူ ထွက်ပေါ်လာတဲ့ ချင်းတိုင်းရင်းသား “အိုင်းဒီး” ရဲ့ “ဂီတာနဲ့ ကြယ်စင်” ချင်း၊ ဗမာ (ဘာသာပြန်) အချစ်လုံးချင်း ကဗျာ စာအုပ် တစ်အုပ်ကို ၂၀၁၂ ခုနှစ် ဖေဖဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ဝယ်ယူအားပေးနိုင်ကြပါပြီ။

picture


စာအုပ်ရဲ့ တန်ဖိုးကတော့ မြန်မာကျပ်ငွေ ၁၅၀၀ ဖြစ်ပြီး၊ ပြည်ပက မှာယူလိုလျှင်တော့ စာအုပ်တန်ဖိုး + နိုင်ငံအလိုက် မတူညီသော ပို့ခ တချို့တော့ ရှိမှာ ဖြစ်ပါတယ်။
 

“ကိုယ့်စာအုပ်မို့ ကောင်းတယ် မကောင်းဘူး မပြောတော့ပါဘူး၊ ဒါပေမယ့် ဝယ်လိုက်ပြီးရင်တော့ အကြောင်းအရင်း အမျိုးမျိုးကြောင့် နောင်တ မရစေရဘူး” လို့ ကဗျာဆရာ “အိုင်းဒီး” က အာမခံထားပါတယ်။ တိုင်းရင်းသာ ဆန်မှုရသပါတဲ့ ကဗျာတွေအတွက် .. ကဗျာ ချစ်သူတိုင်းကို ဝယ်ယူ ဖတ်ရှု အားပေးကြည့်ပါလို့ နှိုးဆော်လိုက်ပါတယ်။

ကောင်းကင် စာတည်း