Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ူ့ူ့hl
 လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က Czech Repubilc နိုင်ငံက Prague မြို့က National Technical Library မှာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အနုပညာပြပွဲဖွင့်ပွဲကို ရောက်သွားဖြစ်ပါတယ်။ဒီပွဲကို ကမကထပြုသူတွေက ဗြိတိသျှကောင်စီ။ဗြိတိသျှသံရုံး။People in need ။ နောက် Burma Centre in Prague တို့ပါ။ဒီပွဲမှာ ကျွန်တော် အကှဉ်းသားဘ၀က ဖန်တီးခဲ့တဲ့လက်ရာတချို့နဲ့ အဲဒီလက်ရာတွေနဲ့ ပတ်သက်နေတဲ့ စာသားတချို့ကိုပြချင်တယ်ဆိုလို့ ကြိုတင်ပို့ထားခဲ့ပါတယ်။တကယ် ဖွင့်ပွဲနေ့ရောက်လို့ ပြသထားတဲ့နေရာကို ရောက်တော့မှ အံ့အားသင့်ရတာကတော့ ပြပွဲမှာကျွန်တော်တစ်ဦးတည်းရဲ့ပန်းချီကားများတင်ပြတာမဟုတ်ပဲ။ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံရုံးရဲ့စီစဉ်ပေးမှုနဲ့ ပြည်တွင်းက ပန်းချီဆရာတွေရဲ့လက်ရာတွကိုပါ စုပေါင်းပြသထားတာဖြစ်နေလို့ပါ။ ပိုပြီး အံ့သြ စရာကောင်းတဲ့ အချက်ကတော့ ဒီပွဲမှာပြသထားတဲ့ ကိုစိုးနိုင်၊ဧကစာချို၊ဘဌေးကြည်၊ဗဂျီလင်းဝဏ္ဏ၊သိန်းသိန်း၊ မြင့်စိုး တို့အားလုံးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကာလမှာ လောကနတ်ပန်းချီပြခန်းမှာ အတူတွဲပြသခဲ့ဘူးတဲ့လူတွေဖြစ်ယုံမက ကျွန်တ်ာကိုယ်တိုင်လေးစားရတဲ့ကျွန်တော့် ရှေ့နှစ်အနည်းစောတဲ့အနုပညာသည်တွေဖြစ်နေလို့ပါပဲ။
လင်းဝဏ္ဏ နဲကကိုသိန်းသိန်းကျတော့ သောက်ဖေါ်စားဖက်ပေဖေါ်ပေဖက်တွေပါ ဖြစ်နေပြန်ပါတယ်။မှတ်မိတာကတော့ ၁၅ နှစ်ကျော်က အုပ်စုပြပွဲနောက်ဆုံးနေ့မှာ ပြခန်းတံခါးကိုပိတ်ပြီး ပါဖေါင်းမင့် အနုပညာ တင်ဆက်မှု လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီကာလတုန်းကတော့ ပါဖေါင်းမင့်အနုပညာဆိုတာ လိုင်စင်မဲ့အမဲသားခိုးပေါ်သလို ကြိတ်ခဲ့ကြရတဲ့ ကာလတွေပါ။မှတ်မိနေတာကတော့ ပင်လယ်မဂ္ဂဇင်းကိုထူထောင်ခဲ့သူတွေထဲက ကဗျာဆရာခင်အောင်အေးနဲ့ဆုံခဲ့တယ်။သရဖူမဂ္ဂဇင်း အယ်ဒီတာ ကိုငြိမ်း(စာရေးဆရာငြိမ်းအေးအိမ်)က ခု သူ့ လက်စွဲတော်ကင်မရာနဲ့ မှတ်တမ်းပုံတွေရိုက်ခဲ့တာ။ကိုမြေကြီး(မြေချစ်သူ) က ပထမ လုပ်ခဲ့တာထက်ပိုပြီးပီပြင်မှပြည့်စုံမှုရှိလာတယ်လို့မှတ်ချက်ချခဲ့တာ။မနေ့တနေ့ကလိုပုံရိပ်တွေပြန်ပေါ်လာပါတယ်။တကယ်ကတော့၁၅ နှစ်ကျော်လာခဲ့ပါပြီ။
၁၅ နှစ်ကျော်ကာလထဲမှာ သူတို့လက်ရာတွေပြောင်းလဲခဲ့တာတွေကို တခုချင်းတကားချင်းလိုက်ကြည့်နေမိတယ်။
 hl
 (ပန်းချီကားတွေကို ခင်းကျင်းထားပုံနဲ့ ခင်းကျင်းထားတဲ့နေရာကတမျိုးထူးခြားလှပါတယ်။အထူးသဖြင့် ကားတိုင်းကို အေးအေးဆေးဆေးထိုင်ကြည့်လို့ရအောင်စီစဉ်ထားပါတယ်။)
         ပြီးတဲ့အခါမှာတော့ အစီအစဉ်အရ ကျွန်တော့်ပါဖေါင်းမင့်အစီစဉ်လုပ်ဖြစ်ပါတယ်။ဒီ ပါဖေါင်းမင့်မှာတော့ အဓိက လောလောဆယ် အကျဉ်းထောင်ထဲမှာကျန်တဲ့ အကျဉ်းသားတွေနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပဲရွေးချယ်လုပ်ဖြစ်ခဲ့ပါတယ်။ဒီပါဖေါင်းမင့်လုပ်ချိန်မှာတေ့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ရေးဘော်ရေးဘက်တွေမရှိပေမယ့် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးက ကိုဘိုကြည်က ကျွန်တော့်ပြကွက်မှာ ဒုတိယအကြိမ်ဝင်ပြီးကူပေးပြန်ပါတယ်။သူက လွန်ခဲ့ ၃ နှစ်ကျော်လောက်က ဟာစင်ကီးမြို့မှာလုပ်ခဲ့တဲ့ ပါဖေါင်းမင့်တခုမှာတုန်းကလည်းဝင်ကူပေးခဲ့ဘူးပါတယ်။(ပဌာန်းဆက်တွေများပြောပါတယ်။)
  အဲဒီနောက်မှာတော့ AAPP နဲ့ DVB တို့ ပူပေါင်းတင်ဆက်တဲ့  နိင်ငံရေးအကျဉ်းသားများအကြောင်းမှတ်တမ်းတင်ရုပ်ရှင်ကို ကြည့်ခွင့်ရပါတယ်။ အဲဒီရုပ်ရှင်ထဲမှာ ကျွန်တော်တိုကခေတ်ပြိုင်ကျောင်းသားခေါင်းဆောင်တွေဟာ အပြင်ဆုံလိုက်၊အတွင်းမှာဆုံလိုက် ပြည်ပမှာဆုံလိုက်နဲ့  နှစ်၂၀ကျော်တော်လှန်ရေးသံသရာထဲမှာလည်ပတ်နေကြပုံတွေကိုတွေ့ရပြန်ပါတယ်။
 ဒီပွဲလေးဟာ လောလောဆယ်မှာမြန်မာပြည်က ရေးဘော်တွေ နဲ့ ပြည်ဆုံခွင့်မရပေမယ့် ပန်းချီကားလေးတပွဲကို ခုလို ဒီဇင်ဘာ၃၁ ရက်နေ့ထိ တူတူပြခွင့်ရခဲ့တာမို့ ပြပွဲစီစဉ်သူတွေကိုကျေးဇူးတင်မိပါတယ်။
             အထူးသဖြင့် ကွယ်လွန်သူ ဆရာကြီးဗဂျီအောင်စိုး ရဲ့သား ကွယ်လွန်သူကိုမြင့်စိုးရဲ့ လက်ရာ ကို ဆရာကြီး ဦးအောင်စိုး ရဲ့သားတပည့် လင်းဝဏ္ဏ လက်ရာနဲ့ အတူတွေ့ရပါတယ်။
ကိုမြင့်စိုးရဲ့ ရဲ့ရင့်ပိုင်နိုင်မှုနဲ့ အတူ ရောင့်ရဲ့တင်းတိမ်နိုင်မှု တို့ကိုတပြိုင်တည်းတွေ့နိုင်တဲ့ လျပ်တပြက်စုတ်ချက်တွေ က လွမ်းစရာကြီးပါဗျာ။
(ကျွဲများပါးတော့စောင်းတောင်တီးတဲ့အဖြစ်ရောက်တဲ့ ဧကစာာချိုရဲ့ပန်းချီကား)
  အခုပွဲမှာထူးထူးခြားခြားသတိထားမိတာကတော့ ဧကစာချိုရဲ့ ဆရာမကြီးလူထုဒေါ်အမာနဲ့ ဆရာကြီးဒဂုန်တာရာတို့ရဲ့ ပုံတူလက်ရာတွေပါပဲ။နောက်လက်ရာတခုကတော့ ကျွဲတကောင် ကစောင်းထိုင်တီးနေတာကို ထိုင်ငေးနေရတဲ့ လူတယောက်ပုံပါ။ ဒီကားရဲ့ စိတ်ကူး နဲ့ခပ်ဆင်ဆင်တူတဲ့ ကာတွန်းမျိုး ဆရာအော်ပီကျယ် လွန်ခဲ့တဲ့ နှစ်၂၀နီးနီးက အမှတ်မမှားဘူးဆိုရင် ပင်လယ် မဂ္ဂဇင်းမှာ ရေးခဲ့ဘူးတာမှတ်မိနေပါတယ်။ကျွဲတကောင်မြက်စားနေတဲ့အနားမှာ လူတယောက်က စောင်းတီးပြပါတယ်။ကျွဲက လှည့်ထွက်သွားပြီးတော့ စန္ဒရားကြီးကိုတွန်းယူလာပါတယ်.။ပြီးတော့ အကျအန ထိုင်တီးပြနေတဲ့ကာတွန်းလေးပါ။ခုဟာကတော့ပန်းချီကားပါ.။ဒါပမယ့်ကာတွန်းစတိုင်ရေးထားပါတယ်။ ဒီကားကိုကြည့်ပြီးတွေးမိတာက ကျွဲပါးစောင်းတီး ဆိုတဲ့ စကားပုံဟာ ကျွဲအနားသွားမှာသွားပြီးစောင်းတီးပြနေလို့ အပိုပဲဆိုတဲ့ အဓိပါယ်မဟုတ်ပဲး ကျွဲတွေ ပါးနပ်လာတဲ့အခါမှာ စောင်းတောင်တီးနိုင်နေပြီ ဆိုတဲ့ အဓိပါယ် လို့တွေးမိလို့ပါ။
ပြီးတော့  ခုတလော မီဒီယာတွေပေါ်မှာကျွဲတွေက စောင်းတက်တီးပြနေယုံမက သြခတ်စတြာသံစုံတီးဝိုင်းကြီးတွေပါ တီးပြနေတာကို ကျွန်တော်တို့တွေ တအံ့သြ ထိုင်ငေးနေရတာနဲ့လည်းတိုက်ဆိုင်နေလို့ပါ။ 
ဒါကြောင့် ဆရာချိုရေ ကျွဲသြခတ်စတြာ တကားလောက်ရေးပါဦးလား ခင်ဗျာ။
                                                                                                                                                                 ပန်းချီထိန်လင်း