Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ကဗျာဆရာ စောဝေ တစ်ယောက် အကျဉ်းထောင်က လွတ်လာပြီးနောက်ပိုင်း ပြည်ပခရီးစဉ်တွေမှာ ပါဖွန့်မင့် အနုပညာပြပွဲနဲ့ ကဗျာရွတ်ပွဲတွေကို သွားရောက်ရာ နိုင်ငံတွေမှာ အစဉ်တစိုက် လုပ်လာတာတွေ့ရပါတယ်။ မေလ ၁၆ ရက်နေ့ က စင်္ကာပူနိုင်ငံက  လမ်းပြကြယ်စာကြည့်တိုက် ကော်မီတီရဲ့ စီစဉ်မှုနဲ့ ပါမွန့်မင့် အနုပညာပြပွဲ တစ်ခုကို ချယ်ရီမေ  စားသောက်ဆိုင်မှာ ခင်းကျင်းပြသခဲ့တယ်လို့ သိရပါတယ်။

အာကာဒိုဒို

 

 အာကာ

မြန်မာပြည် မြေပုံစာရွက်ကနေ ဧရာဝတီမြစ်ကို ကွက်ပြီးဓါးနဲ့လှီးပြီး သီးခြား ခွဲထုတ်လိုက်ပါတယ်။

အာကာ

 ဧရာဝတီမြစ်ကို လှီးထုတ်လိုက်လို့ ဖြစ်လာတဲ့ ဒဏ်ရာတလျောက် ပလပ်စတာနဲ့ ပြန်တွဲကပ်ပေးနေစဉ်။

အာကာ

ပလပ်စတာနဲ့ ပြန်တွဲဆက်ထားတဲ့ မြန်မာပြည်မြေပုံနဲ့ လှီးထုတ်ထားတဲ့ ဧရာဝတီမြစ်ကို နံရံပေါ်မျာ သီးခြားစီ ခွဲ၍ ပလပ်စတာဖြင့် ကပ်ထားပြီး အပေါ်ကနေ ဆော့ပင်နဲ့ ရေးထားတဲ့ စာသားကတော့ …

“တို့မြေ/တို့ရေ/တို့မှာတာဝန်ရှိတယ်”

လို့ဆိုပါတယ်။

တင်ဆက်မှု ပရိယယ် မထွေမပြားပဲ အလွန်ရိုးရှင်းပြီး အဓိပါယ်ကိုလည်း အလွယ်တကူ ဖမ်းမိနိုင်တဲ့ ပါဖွန့်မင့်မျိုးဖြစ်သော်လည်း အနုပညာရှင်ရဲ့ဆိုလိုတာကို သိပြီးတဲ့ နောက်ပိုင်းမှာတော့ လေးလေးနက်နက် ရှည်ရှည်လျားလျား အတွေးပွါးစရာပါတဲ့ ပြကွက်တစ်ခုဟု ထင်မြင်မိပါကြောင်း။

စာတည်း

(ဓါတ်ပုံများပေးပို့ပေးသော အာကာဒိုဒို အားကျေးဇူးအထူး)