Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

tin maung nyunt

   မြန်မာနိုင်ငံမှ  ထင်ရှားတဲ့ခေတ်ပေါ်အနုပညာရှင် အောင်ကို  ရဲ့ အောင်ကိုရဲ့ရွာ အမည်ရတဲ့ အနုပညာပရောဂျက် ပြကွက်တစ်ခုကို

 စင်္ကာပူနိုင်ငံ အနုပညာပွဲတော် မှာ ယခု မေလ ၁၃ရက် ကနေ  ဂျူလိုင်လ ၃ ရက်နေ့အထိ စင်္ကာပူ မြို့တော်ရဲ့ အထင်အရ  အဆောက်အဦး

  မြန်မာများအခေါ် ဒူးရင်းသီး  Esplanade  အဆောက်အဦးကြီးထဲမှာ ပြသလျက်ရှိပါတယ်။

tin maung nyunt

 ဒီပြကွက်မှာ အောင်ကိုဟာ သူ့ရဲ့ဇာတိ  ပြည်မြို့ အနီး သူရဲတန်းရွာကိုအခြေပြုပြီး ရွာသားတွေနဲ့ အတူ ပူးပေါင်း ဖန်တီး ခဲ့တဲ့

ပန်းပုရုပ်များ အထူးပြုလုပ်ထားတဲ့ စက်းဘီး ၊ဇာတိ ရွာမှာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံ များ ဗီဒီယိုများကို ရွာက အိမ်ပုံစံငယ် ခြံဝင်းပုံစံ

ငယ်တွေ ထဲမှာ ခင်းကျင်းပြသထားတာတွေ့ရပါတယ်။မိမိနဲ့ အတူ ရွာမှာ ပူးပေါင်းပါဝင်ခဲ့သူ ရွာခံလူငယ်များပါ ပြပွဲကိုတက်ရောက်ဖို့

ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။

တင်မောင်ညွန့် 

ဒါအပြင် ရွာက လယ်စိုက်ခင်းပုံစံငယ်လေးတွေ ပြုလုပ်ထားပြီး ပြခန်းဖွင့်ပွဲနေ့မှာ တက်ရောက်လာတဲ့ ပရိတ်သတ်တွေ ကိုယ်တိုင် လယ်ကွက်

ပုံစံငယ်လေးတွေ ထဲမှာ စပါးစေ့များကို ကိုယ်တိုင် မျိုးစေ့ချ စိုက်ပျိုးစေပါတယ်။

tin maung nyunt

ဇာတိရွာက ၀ါးအိမ်ငယ်  ပုံစံငယ်များ ကိုနဲ့ ဖွဲစည်းထားတဲ့ ရွာ အ၀င်ရှူခင်းပြကွက်ကို တော့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ စင်္ကာပူ နိုင်ငံ ရောက် အင်ဂျင်နီယာ

ကိုတင်မောင်ညွန့် နဲ့ လူပ်အားပေးမြန်မာလူငယ်များရဲ့ပါဝင်ကူညီမှုနဲ့ တည်ဆောက်ခင်းကျင်း ချိတ်ဆွဲ ပြသ ထားပါတယ်။

               ကိုအောင်ကို ရဲ့ ပြကွက်ဟာ ပန်းပု ၊ဓါတ်ပုံ ၊ဗီဒိယို ၊အင်စတော်လေးရှင်း၊ ဖြစ်စဉ်ပြအနုပညာ၊လူထု (ပြည်တွင်း/ပြည်ပ)ပူပေါင်းပါဝင်မှု အနုပညာ

ပုံစံမျိုးကို လှပစွာ ပေါင်းစပ်ပါဝင်နေပြီး နိုင်ငံတကာအဆင့်မှီ ဥာဏ်ရှေ့သွားအနုပညာConcetual art ပရောဂျက် တစ်ခု ဖြစ်တာမို့ မြန်မာ အနုပညာ ရှင်တစ်ဦး

အနေနဲ့ ခုလိုဖန်တီး ပြသနိုင်မှု အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။     ။

 

အနုပညာရှင် အောင်ကို နဲ့ သူကအနုပညာ အကြောင်း ကောင်းကင် မဂ္ဂဇင်းမှ သွားရောက်မေးမြန်းချက်များကို မကြာမှီ ဆက်လက်ဖေါ်ပြပေးမည်ဖြစ်ပါကြောင်း ။  ။

                                                                                                                             ကောင်းကင်စာတည်း