Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

akardodo

မြန်မာနိုင်ငံတွင်း ငလျင်ဒဏ်သင့် မိဘမဲ့ ကလေးငယ်များသို့ ပေးလှူရန် သက်တံဖြူ ကဗျာဆိုင်ကလေးကို ရန်ကုန်မြို့ အလုံလမ်းနှင့် ပြည်လမ်းထာင့် ရန်ကုန်အင်တာနေရှင်နယ် ဟိုတယ် အတွင်း ၂၀၁၁ ဧပြီလ ၉ ရက်နေ့ ညနေ ၃ နာရီမှ ည ၉ နာရီထိ ကဗျာဆရာစောဝေ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့က ဦးဆောင်၍ မြန်မာကဗျာဆရာ များအပါအ၀င် ဂီတ၊ ရုပ်ရှင်နယ်ပယ်မှ အနုပညာရှင်များ၏ လက်ရေး ကဗျာစာမူများကို ရောင်းချပြီး ရံပုံငွေ ရှာခဲ့ကြသည်ဟု သိရပါသည်။

အာကာ

ကလေးငယ်များ ရံပုံငွေအတွက် လက်ရေး ကဗျာများ ရောင်းချရာတွင် ပါဝင်ရေးသားခဲ့ကြသော အနုပညာရှင်များမှာ ကဗျာဆရာမ မအိ၊ မင်းချစ်သူ၊ သန်းမြင့်အောင်၊ ခင်ပန်နှင်း ၊စောဝေ၊ ဗေလုဝ၊ မိုဃ်းဇော်၊ ဖြူမွန် ၊ မြင့်မိုးအောင်၊ နှင်းဝေငြိမ်း၊ မင်းခိုက်စိုးစံ၊ အကြည်တော်၊ သျီသူအောင်၊ စိုးသော်တာ၊ ညီမင်းညို၊ ရွှေထိုက်၊ သွေး (စစ်ကိုင်း)၊ အဖြူရောင်ရွှေ၊ စုမီအောင် ၊ အာကာဒိုဒို၊ ညိုပြာဝိုင်၊ အရိုး၊ ကျားပေါက်၊ ရသ၊ အနဂ္ဂ၊ သံသာဝင်း၊ သားစိုး၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်း၊ ရွှေစင် ၊သီရိရှင်းသန့် ကယ်ရီကေးခြား ကိုစိုင်း တို့ဖြစ်ကြပါသည်။

အာကာ

ကဗျာရောင်းချပွဲမှ ရံပုံငွေ ၇ သိန်း၊ ၈သောင်း ၄ ထောင်တိတိ ရရှိကြောင်း သိရပါသည်။ လက်ရေးကဗျာ တစ်ပုဒ်ကို တစ်သိန်းတိတိပေး ၀ယ်သူပင်ရှိကြောင်း ကဗျာဆရာ ကိုစောဝေ ကပြောပါသည်။ ယခုလို ဘေးဒုက္ခ ကြုံတွေ့နေရသော ကလေးများအတွက် ပြုလုပ်သောပွဲတွင် ကိုစောဝေက ယခင် ၂၀၀၆၊ ၂၀၀၇ ခုနှစ်များက အဖြူရောင်သက်တန့် ကဗျာရွတ်ပွဲများတွင် မိမိနှင့်အတူ တက်တက်ကြွကြွ ဦးဆောင်မှုပေးခဲ့ကြသော ရဲဘော်ဟောင်းများဖြစ်သည့် ကဗျာဆရာ အယ်ဒီတာ ကိုဇော်သက်ထွေး၊ ကဗျာဆရာအောင်ဝေး၊ ပန်းချီဆရာမ ချောအိသိမ်း၊ သရုပ်ဆောင် နှင်းဝတ်ရည်သောင်းတို့အား အထူး သတိရမိပါကြောင်း ကောင်းကင်သို့ ပြောကြားခဲ့ပါသည်.။

အာကာဒိုဒို