Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

picture

သူရဲတန်းရွာဇာတိ ပန်းချီကိုအောင်ကို ဦးဆောင်ပြီး ကျင်းပတဲ့ လေးကြိမ်မြောက် "သူရဲတန်း အနုပညာ ပရောဂျက်" တစ်ခုကို  ၂၀၁၁ ခုနှစ် ဇန်န၀ါလ (၂၃) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၄) ရက်နေ့ အထိ ပြသတင်ဆက်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ မြန်မာပြည်မှ အနုပညာရှင်များဟာ ပြည်မြို့အနီးက သူရဲတန်းရွာရဲ့  "သူရဲတန်း အနုပညာ ပရောဂျက်" အဖြစ် အနုပညာလက်ရာ (၃) ခုကို ဖန်တီးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 အဆိုပါ အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင် ဖြစ်တဲ့ ပန်းချီပိုပိုဟာ မြန်မာနိုင်ငံမှာ ကွန်တန်ပိုရာရီ အနုပညာကို တစိုက်မတ်မတ် ဖန်တီးနေသူဖြစ်ပြီး ပြည်တွင်းမှာရော ပြည်ပမှာပါ မကြာခဏ ပြပွဲတွေ ကျင်းပလေ့ရှိတဲ့ ထင်ရှားတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

ဒီလို သွားရောက် ဖန်တီးတာနဲ့ ပတ်သက်လို့ ကိုပိုပိုက ….. “လူတချို့က ကျွန်တော်ကို မေးကြတယ် ဒီလောက်ခေါင်တဲ့ရွာကို တကူးတကသွားပြီး အထူးသဖြင့် ခေတ်ပေါ် အနုပညာတွေကို ခံစားနားလည်နိုင်သူ ပရိတ်သတ်လည်း မရှိတဲ့နေရာမှာ ဘာကြောင့်အနုပညာတွေကို သွားဖန်တီးခဲ့တာလဲတဲ့။ သူတို့ယူဆချက်ဟာ လုံးဝ မှားနေပါတယ်။ တကယ်က မြန်မာနိုင်ငံ လူဦးရေရဲ့ ၉၀% ဟာ နယ်တွေမှာ နေကြတာပါ။ ကျွန်တော် အနေနဲ့ အထူးသဘောကျတဲ့ အချက်ကတော့ အနုပညာ ဖန်တီးချက်တွေကို ဆင်ဆာအဖွဲ့ထံမှာ အစစ်ဆေးခံ နေစရာမလိုဘဲ လွတ်လွတ်လပ်လပ် ဖန်တီးနိုင်တာပါ။ နောက်တခုကတော့ အလွန်အပြောကျယ်တဲ့ လွင်ပြင်ထဲမှာမိမိ စိတ်ကူးရှိသလို ဖွင့်ပြီး ဖန်တီးနိုင်ခွင့်ရှိတာပါ။ ဒါကြောင့်ဒီကိုတကူးတက လာပြီးဖန်တီးရတာပါ လို့ဆိုပါတယ်။

 

သူပြောသလိုပဲ ဟိုရောက်မှ တွေ့ရတဲ့ ကြခတ်ဝါး ခက်တွေကို စုစည်းပြီး ဖန်တီးထားတဲ့ Sphere of Thorn လက်ရာဟာ အောက်ခံမြေသားနဲ့ အလွန်ဟပ်မိသွားပါတယ်။

 

 picture

picture

 

မြစ်ကမ်းမှာတွေ့တဲ့ ကျောက်တုံးတွေ၊ ၀ါးလုံးတွေကို ကြိုးတွေနဲ့ တည်ဆောက်ထားတဲ့ Weighing the Gravity ဆိုတဲ့ လက်ရာဟာ လွင်ပြင်မှာမို့ အလွန်အားကောင်းလာတာ ဖြစ်ပါတယ်။

 

picture

 

ပြခန်းထဲမှာ ဘယ်လိုမှ ဒီအရသာမျိုး မရနိုင်ပါဘူး။

စငခအကမန

 

မြင်သူတိုင်း သေချာပေါက် သဘောကျစေတဲ့ လက်ရာကတော့ လှည်းလမ်းကြောင်းကို ခွပြီး မီးသွေးမှုန့်၊ ကော်၊ ဆန်တို့နဲ့ မြို့ရဲ့ ကားလမ်းတွေပေါ်မှာသာရှိတဲ့ လူကူးမျဉ်းကြားတခု ဖန်တီးထားတာ ဖြစ်ပါတယ်။

စငခအကမန

စငခအကမန

 

အခုလက်ရာတွေကို ပြပွဲကျင်းပသူတွေက … အလွန်ကြွယ်ဝတဲ့ သဘာဝနဲ့ ခေတ်ပေါ် အနုပညာ ယဉ်ကျေးမှူတို့ အချိုးကျကျ ရောယှက်ပေါင်းစည်းမှုရဲ့ အလှတရားလို့ ဆိုပါတယ်။