Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 Donation

ကောင်းကင် (မဂ္ဂဇင်း)  စာဖတ်ပရိသတ်များ ဖြစ်ကြသော လန်ဒန်မြို့နေ  ကိုကြည်ထွန်း-မရတနာတို့ ဇနီးမောင်နှံက   (၂၀၀၉) ခုနှစ် အတွင်း  ကောင်းကင် (မဂ္ဂဇင်း)  ပြည်တွင်း ကလောင်ရှင် (၂၀) ကျော်အတွက် တစ်ဦးလျှင် ဥာဏ်ပူဇော်ခ ကျပ်နှစ်သောင်း ပေးပို့ ချီးမြှင့်ခဲ့ပါသည်။

donation

          ၂၀၁၀ မေလလယ်မှ စတင်၍ လန်ဒန်မိုနေ ကိုကြည်ထွန်း-မရတနာ၊ ကိုအောင်ကျော်စိုးတို့ ဦးဆောင်သောအလှူရှင်များ (အလှူရှင်များစာရင်း ကြည့်ရန်နှိပ်ပါ။) က စုပေါင်းအလှူငွေ ဗြိတိသျှစတာလင်ပေါင် နှစ်ထောင့်နှစ်ရာကျော်ကို ရန်ကုန်မြို့ မှ ကဗျာဆရာ သုခေတ်နဒီ၊ ကိုမျိုးမင်း၊ တေးရေး ကိုရဲလွင်တို့ ဦးဆောင်သော စေတနာ့ဝန်ထမ်း အဖွဲ့မှတဆင့် ရေအခက်ခဲ ဖြစ်နေသော  တွံတေးမြို့နယ် ရေတွင်းကုန်း၊ လေးအိမ်စုရွာ၊ သန်လျင်မြို့နယ် စစ်ပင်ကွင်းရွာ၊ သူဌေးကွင်းရွာ၊ သုံးခွမြို့နယ် သိုက်တူးကန် ၊ ပျဉ်းမကန်၊ ညောင်နီ၊ ပုလဲ ရွာများသို့ သောက်သုံးရေများ လှူဒါန်းခြင်း၊ သာယာကုန်းရွာ ဘုံပျံကျောင်း ဗလငါးတန်၊ ဆုထူးပန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းဖွင့်ချိန် စာရေးကိရိယာများ လှူဒါန်းခြင်း၊ ဒဂုံမြို့သစ်အရှေ့ အမှတ် (၁၂၈) မူလတန်းကျောင်း၊ အမှတ် (၄) အနန္တမေတ္တာ ဘုန်းတော်ကြီးသင်ကျောင်းများတွင် ကျောင်းအပ်ရန် အခက်ခဲဖြစ်နေသော ကျောင်းသား (၂၀) ကို ကျောင်းအပ်ပေးခြင်း၊ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ၊ နံရံကပ် သင်ပုန်းကြီးများ၊ ကျောင်းအိမ်သာများ တည်ဆောက်ပေးလှူ နိုင်ခဲ့ပါသည်။

donation

ယခု ၂၀၁၀ ပြည့်နှစ်အတွင်း ကောင်းကင် (မဂ္ဂဇင်း)သို့ စာမူပေးပို့ကြသည့် ပြည်တွင်း ကလောင်ရှင်သုံးဆယ်နီးပါးကို ဉာဏ်ပူဇော်ခ ပေးလှူနိုင်ရန်အတွက် အင်္ဂလန်မှ စေတနာရှင် ကိုစည်သူထိုက်၊ ကိုကြည်ထွန်း-မရတနာ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခွန်ဆိုင်း၊ ကိုဇော်ဇော်အောင်၊ ကိုအောင်ကျော်စိုးတို့က  မတည်ငွေများ ထည့်ဝင်ထားပါသည်။

donation

ကောင်းကင် စာဖတ်ပရိတ်သတ်များထဲမှ အလှူငွေ ဉာဏ်ပူဇော်ခ ထပ်မံဖြည့်စွက် ထည့်ဝင်လိုသူများ  အောက်ပါ စာတည်းအဖွဲ့ဝင်များမှတဆင့် ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

 donation

စာတည်းအဖွဲ့

Email                      This email address is being protected from spambots. You need JavaScript enabled to view it.

ပန်းချီထိန်လင်း           (+၄၄) ၇၉၀၆၆၀၇၁၉၇

ဘိုဘိုလန်းစင်             This email address is being protected from spambots. You need JavaScript enabled to view it.

ကိုထိုက်                   (+၄၄) ၇၅၀၀၇၀၀၈၅၄