
အမြဲတမ်း အနုပညာ အသစ် အသစ်တွေ ကို တစိုက်မတ်မတ် ဖန်တီးတတ်တဲ့ ခေတ်ပြိုင် အနုပညာရှင် မြတ်ကျော့ ဟာ မြန်မာ အသစ်ပြုလုပ်ခြင်း အမည်ရတဲ့ ၁၃ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲ တခုကို ရန်ကုန်မြို့ အမှတ် ၆၅ ယောမင်းကြီးလမ်းကGallery 65 အနုပညာပြခန်းမှာ ဇွန်လ ၂၂ ကနေ စတင် ပြသထားမယ်လို့ သိရပါတယ်။
ယခုပွဲမှာ ပြသထားမယ့်ပန်းချီကားတွေဟာ ဆိုရင် ယခင်ပြပွဲတွေမှာ ရေးဆွဲ ခဲ့တဲ့ လက်ရာတွေနဲ့ သိသိသာသာ ကွဲပြားခြားနားပြီး လက်ရှိ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်းအလဲ က ရိုက်ခတ်ထင်ဟတ်လာတဲ့ စိတ်ကူး တွေနဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။
စာတည်း