အနုပညာသတင်း
- Details
- Written by ရည်မွန်
- Category: အနုပညာသတင်း
- Hits: 4627
ကဗျာဆရာ ဘိုလ်သိန်းစီစဉ်ထုတ်ဝေတဲ့ ဆူညံသောဝန်ချီစက် အမည်ရတဲ့ ကဗျာစာအုပ် မိတ်ဆက်ပွဲကို ဒီနေ့မနက်က(ဇွန် ၂၅) မန္တလေးမြို့ နန်းတော်ရှေ့ မိသားစုလက်ဖက်ရည်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
ဒီစာအုပ်မှာ ခေတ်ပေါ်ကဗျာဆရာ ၆၇ ယောက်ရဲ့ ကဗျာ ၆၇ ပုဒ်ပါဝင်ပြီး
၁၉၆၀-၇၀ဝန်းကျင်မျိုးဆက်ထဲကမောင်သင်းခိုင်၊အောင်ချိမ့်၊ပိုင်စိုးဝေ၊ အုန်းမြင့်လှိုင်၊မောင်အောင်ပွင့်တို့ အမှုးပြုပြီး ၁၉၈၀-၉၀ဝန်းကျင်မျိုးဆက်များ၊
၂၀၀၀ခုနှစ် ဒီဖက်မျိုးဆက်များ အုံနဲ့ ကျင်းနဲ့ ပါဝင်နေပါတယ်။
ဟံသာဝတီဦးဝင်းတင်က ကဗျာအိပ်မက်အမည်နဲ့ အမှာရေးပါတယ်။အမှာစာမှာ ဆရာဦးဝင်တင်က "ခေတ်ဝန်ကို ချီတဲ့ ပိုးတဲ့ သယ်တဲ့ ဆောင်တဲ့ စက်တွေ ဆိုတာတော့ ဆူညံရမှာပဲပေါ့" လို့ မှတ်ချက်ပြုပါတယ်။
စာအုပ်မိတ်ဆက်ပွဲကို မြို့ခံကဗျာဆရာများ ကဗျာချစ်သူများ တက်ရောက်ကြပြီး ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)၊
မောင်တင်သစ်၊မကို၊ချောအိမာန် နဲ့ ထွဏ်းသွေးအိမ်တို့က မုဒိတာစကားများပြောကြပါတယ်။
ဆက်လက်ပြီး အနီမောင်၊မောင်ကြည်သာ တောင်တွင်း၊ကိုထက်ရေဦး၊ရိုးဒီ၊ဇော်ထိန် စတဲ့ ကဗျာဆရာများက အမှတ်တရကဗျာများ ရွတ်ဆိုကြပါတယ်။
စာပေစိစစ်ရေးလွန်ခေတ်ရဲ့ လွတ်လပ်ပြီး အနှောင်အဖွဲ့ ကင်းတဲ့ခေတ်ပြိုင်ကဗျာများ ပါဝင်တဲ့
ဒီစာအုပ်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ မြန်မာကဗျာအကြောင်းပြောရင် မဖြစ်မနေ ပြန်လည်ရည်ညွှန်း ကိုးကားရမယ့် ကဗျာစာအုပ်တစ်အုပ် ဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။
ရည်မွန်
- Details
- Written by စာတည်း
- Category: အနုပညာသတင်း
- Hits: 3299

အမြဲတမ်း အနုပညာ အသစ် အသစ်တွေ ကို တစိုက်မတ်မတ် ဖန်တီးတတ်တဲ့ ခေတ်ပြိုင် အနုပညာရှင် မြတ်ကျော့ ဟာ မြန်မာ အသစ်ပြုလုပ်ခြင်း အမည်ရတဲ့ ၁၃ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲ တခုကို ရန်ကုန်မြို့ အမှတ် ၆၅ ယောမင်းကြီးလမ်းကGallery 65 အနုပညာပြခန်းမှာ ဇွန်လ ၂၂ ကနေ စတင် ပြသထားမယ်လို့ သိရပါတယ်။
ယခုပွဲမှာ ပြသထားမယ့်ပန်းချီကားတွေဟာ ဆိုရင် ယခင်ပြပွဲတွေမှာ ရေးဆွဲ ခဲ့တဲ့ လက်ရာတွေနဲ့ သိသိသာသာ ကွဲပြားခြားနားပြီး လက်ရှိ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်းအလဲ က ရိုက်ခတ်ထင်ဟတ်လာတဲ့ စိတ်ကူး တွေနဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။
စာတည်း- Details
- Written by စာတည်း
- Category: အနုပညာသတင်း
- Hits: 3737
ယူကေရောက် မြန်မာနိုင်ငံသားများနှင့် လန်ဒန်မြို့ကို ရောက်ရှိလာမည့် ၈၈ မျိုးဆက် ခေါင်းဆောင်များ တွေ့ဆုံပွဲအား လန်ဒန်မြို့ SOAS တက္ကသိုလ်ရှိ Brunei Gallery တွင် ဇွန်လ ၂၂ ရက်နေ့ ၂၀၁၃ ခုနှစ် နေ့လည် ၁ နာရီမှ ၄ နာရီအထိ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသဖြင့် ယူကေရောက် မြန်မာနိုင်ငံသားများအား ဖိတ်ကြားအပ်ပါသည်။
တွေ့ဆုံပွဲ အခန်းအနားကို နေ့လည် ၂ နာရီတွင် စတင်မှာ ဖြစ်ပြီး အခန်းအနား မစတင်မီ နေ့လည် ၁ နာရီမှ ၂ နာရီ တွင် လာရောက်ကြသော ဧည့်သည်များအား မုန့်၊ အချိုရည်များဖြင့် တည်ခင်းဧည့်ခံပြီး စကားစမြည်ပြောနိုင်အောင် စီစဉ်ထားပါသည်။
- Details
- Written by ကိုဘုန်း
- Category: အနုပညာသတင်း
- Hits: 3184
နာမည်ကျော်ပန်းချီဆရာကြီးတစ်ဦးဖြစ်သူ ပန်းချီဝသုန်ကွယ်လွန်ခဲ့သည်မှာ ယခုအခါငါးနှစ်ရှိခဲ့ပြီဖြစ်သည်။ ဆရာဝသုန်ကွယ်လွန်ခြင်းငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆရာဝသုန်၏လက်ရာများကို ``အမှတ်တရများနှင့်ရှင်သန်ခြင်း´´အမည်ဖြင့် ရန်ုကုန်မြို့ ဗိုလ်ချုပ်ဈေးရှိ မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံးပြခန်းတွင် မေ ၉ ရက်နေ့မှ ၁၄ရက်နေ့အထိ ပြသခဲ့သည်။
Read more: ပန်းချီဝသုန်ငါးနှစ်ပြည့်` `အမှတ်တရများနှင့်ရှင်သန်ခြင်း´ ´ပန်းချီပြပွဲ
- Details
- Written by ထူးညို
- Category: အနုပညာသတင်း
- Hits: 3841