aboutkaungkin

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

 

ဘဝကို အများထက်ပိုပြီး အတိအကျ မောင်းနှင်တဲ့သူတွေ။

သူ့တို့ အချင်းချင်းထဲမှာရော၊ သူတို့ပတ်ဝန်းကျင်မှာပါ စည်းစနစ်ကျသူတွေ။

ဒီပြသနာကို ဒီနည်းနဲ့ရှင်း၊ သူတို့မှာ အဖြေမှန်တစ်ခု အမြဲရှိ။

 

ဘယ်သူက ဘယ်သူနဲ့ တွဲနေ၊ ဘယ်သူ့မှာ ဘာရှိ၊ ဘယ်သူက ဘယ်လမ်းကြောင်းကို

ဘာအတွက် လျှောက်နေတယ်ဆိုတာတွေကို သူတို့ အလွယ်တကူ ခန့်မှန်းနိုင်ကြ။

 

တစ်ခုတည်းသော အမှန်တရားအပေါ်ကို တံဆိပ်ခေါင်းကပ်၊

မလိုအပ်တဲ့ အချက်အလက်တွေကို စက္ကူစင်းစက်ထဲထည့်၊

သူတို့နားမလည်တဲ့သူတွေကို အမည်ပေးပြီးသား ဖိုင်တွဲတစ်ခုထဲ ပို့ပစ်တတ်။

 

လိုအပ်သလောက်ပဲ သူတို့တွေးတယ်၊

တစ်စက္ကန့်မှ မပို။

သံသယဆိုတာ အဲဒီ အပို စက္ကန့်ရဲ့နောက်မှာရှိလို့ပဲ။

 

သေရွာသွားမယ် ဆိုရင်တောင်

သူတို့ဟာ အလုပ်က

ထွက်စာတင်သွားတတ်ကြတယ်။

 

တခါတလေတော့လည်း သူတို့ကို အားကျမိ။

တော်ပါသေးရဲ့၊ အဲဒီ အားကျမှုဟာ ရေရှည်မခံလို့။

 

 

 

 

There Are Those Who

 

There are those who conduct life more precisely.

They keep order within and around them.

A way for everything, and a right answer.

 

They guess straight off who’s with who, who’s got who,

to what end, in what direction.

 

They set their stamps on single truths,

Toss unnecessary facts in a shredder

and unfamiliar persons

into previously designated files.

 

They think as long as it takes,

not a second more,

since doubt lies lurking behind that second.

 

And when they’re dismissed from existence,

they leave their place of work

through the appropriately marked exit.

 

Sometimes I envy them

 

—it passes, luckily

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


မရှိတဲ့နေရာ ရှာနေရသလို
မရှာတဲ့နေရာ ရှိနေရ
မကျက်တကျက်နဲ့ အသက်ဆက်နေရတဲ့
ငါ မိုကရေစီ ။       ။
                        မင်းလုဇော်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ခပ်ကျယ်ကျယ် ပင်လယ်ကမ်းစပ်
အငူစွန်းရဲ့အစွန်း အဆုံးနားကနေ
ဟိုးးးးး ခပ်ဝေးဝေးက မှုန်ပျပျ ဇင်ယော်ငှက်တစ်ကောင်ရဲ့ ခွန်အားပြည့်ရိုက်ခတ်မှုမျိုး
ပင်လယ်ဟာ ကြယ်တွေကို ကြဲပျိုးထားတယ် 
အရည်လဲ့လဲ့ ကျောက်စိမ်းရိုင်းတုံးကြီးတွေ တလှိမ့်လှိမ့် 
ကံဆိုးမိုးမှောင်ကျခြင်းဟာ မုန်တိုင်းသဏ္ဍာန် တည်ဆောက်ထားတဲ့ စစ်ဆင်ရေးအသွင်ဆောင်လျက်
တလှိုက်လှိုက် တစ်စ တစ်ဖဲ့ ပဲ့ကျလာတဲ့ သတင်းစာအဟောင်းပုံကြားထဲ
လေအလျင်မှာ အလံတော်ဟာ တဖျက်ဖျက်
စစ်သားတစ်ယောက်ရဲ့ ပုခုံးထက်က ကြယ်ပွင့်
ပင်လယ်ဟာ ကြယ်တွေကို ဖြန့်ခင်းထားတုန်း
အစိမ်းရင့်ရင့်တွေဟာ ရင်အုံကို ပြင်းပြင်းထန်ထန်ရိုက်ခတ်ဆဲ

အိမ်ယာတွေဆီကနေ ဟိုး ကျူးကျော်ရပ်ကွက် ဆင်ခြေဖုန်းအထိ
အသက်ရှင်လိုမှုက လွယ်အိတ်ထဲထည့်သိမ်းခံရတဲ့ ငါးလိပ်နှစ်ရာကျပ် ဒေါ်မဆေးပေါ့လိပ်တစ်စည်း 
ဘတ်စ်ကားမရှိ ဆိုက္ကားစီးတဲ့မြို့ထဲ
မြွေတွေဟာ အခိုးငွေ့ဝေနေတဲ့ ပါးပျဉ်းတထောင်ထောင် ထိတာနဲ့ လိုက်ပေါက်တော့မယ့် ဒေါသမီးလျှံငီးနေ
ကောလိပ်ကွေ့လမ်းထဲက ဂီတာသံတွေ သစ်လွင်နေတုန်း

အသက်မှီရုံလေး ပြေးတွေ့လိုက်ရ ငါ့အမကြီးရေ
လင်ကောင်းသားကောင်းနဲ့ တင့်တောင်းတင့်တယ်နေချင်ဆိုပြီး
လမ်းတစ်ဝက်မှာဘဲ
ငါ့တို့ရဲ့ နှုတ်ဆက်စကားသံတွေက လည်ချောင်းထဲတစ်လစ်
ခေတ်သစ်ရဲ့ ဗိုင်းရပ်စ်တွေ ငါတို့ရဲ့ အသားတစ်တွေထဲဝင်ရောက် 
ငါတို့ရဲ့ ခြေမဟာ မိုင်စေလီယမ်ရဲ့ ဟိုက်ဖာတွေနဲ့ပြည့်နှက်ပေါ့ 
ပင်လယ်ဟာ အပြောကျယ်သလောက်
ငါတို့ရဲ့ ကြယ်တွေဟာ လှိုင်းထန်ထန်ကြားထဲ လူးလို့ လွန့်လို့ 
အသက်ရှင်တယ်ဆိုရုံ
။     ။

ချဲလင်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဇာတ်ပွဲ --------- ဒါရိုက်တာဟာ ဇာတ်နာအောင် ဖန်တီးတတ်တယ်။ မလယ်မဝယ်နဲ့ ငါတို့မှာ မျက်ရည်တွေချောင်းစီး။ သနားစရာ ကိုယ့်ဘဝ ကိုယ်မေ့ပြီး။ ။ ကမ်လူဝေး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

သက်ဦးဆံပိုင်ခေတ် ကတ္တီပါ ဖိနပ်ဆိုတာ 
မင်းညီ၊ မင်းသမီးတွေအတွက် သက်သက်
လူထုကြီးဟာ ခြေတုံးလုံးနဲ့ လွတ်လပ်ခဲ့
ယနေ့ မြန်ပြည်မတော့ ကလေးလုပ်အားနဲ့ 
အများအစားထုတ်လုပ်ထားတဲ့ 
ကတ္တီပါဖိနပ်ကိုလူထုကြီး စီးနိုင်ပြီ
မိုးစိုမခံတဲ့ ကတ္တီပါ ဖိနပ်ရဲ့တွဲဖက်ရောင်းကုန်
 ရွှေထီးကိုလည်း မှန်းလိုသူများ မှန်းနိုင်ပြီ
ရပ်ကွက်ထဲ ရှင်လောင်းလှည့်တဲ့နေ့က
သဲကြိုးပြတ်ကတ္တီပါ ဖိနပ်တစ်ဖက်က 
ငါ့ကိုပြုံးပြုံးကြီး ပြောတယ်
တကယ်တော့သူဟာနင်းပြားဖြစ်ချင်တာ မဟုတ်
ကတ္တီပါ ဖိနပ်တိုင်းရဲ့ အိပ်မက်က  ရွှေထီးဖြစ်ဖို့
ဒါပေမယ့် ဖိနပ် တစ်ရံမှာ ဖိနပ်တစ်ဖက်ပဲ
ရွှေထီးဖြစ်ခွင့် ရှိလေတော့ ကတ္တီပါ ဖိနပ်ဆိုတာ
သူ့အမွှာကို သတ်ဖို့အမြဲချောင်းနေရတယ်
ငါ့ကိုစကားပြောနေတဲ့  ကတ္တီပါ ဖိနပ်အပြတ်က  
ရွှေထီးဖြစ်ရေး ညီအကိုသတ်ပွဲမှာ ရှုံးသွားသူ
ခု ခင်ဗျား ဆောင်းထားတဲ့ ရွှေထီးက 
သူ့အကို
 
ကိုကိုသက်