အမှတ်တရ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


 သရုပ်ဖေါ်ပုံ  ပန်းချီထိန်လင်း

 

 

ကျနော်တို့ ကြားမှာ သင့်တော် အံဝင်တဲ့ နေရာ တွေကျရင် သုံးစွဲနိုင်ဖို့ အတွက် ..အလီ သွားကျက် လိုက်ဦး.. ဆိုတဲ့ စကားလေး တခု ပေါ်လာ ဘူး တယ်ဗျ။

 

ဒီစကားလေး ကို ထွင်ပေးတဲ့ ရဲဘော် ရဲ့ အမည် က ကမ်ပူးချား တဲ့။ သူ့  နာမည် ရင်း တော့ မဟုတ်ပါဘူး၊ ကမ်ပူးချား လို့ ဘာကြောင့် ခေါ်ကြ သလဲ ဆိုတာ တော့ ကျနော် မမေးမိဘူး။ သူက ရဲဘော်အများ ကြားမှာ လူသိများ တယ်။ အလုပ်ကြိုးစားတယ်၊ စိတ်ထားကောင်းတယ်၊ သူ က ပြဿနာ တခု ရှာလိုက်တယ် ဆိုတာမျိုး တခါမှ မကြားရသလို တခြားရဲဘော် တွေ ကို ကူညီ ပေးတဲ့ စိတ် အမြဲ ရှိတဲ့ ရဲဘော်ဆိုတော့ အများ က သူ့ ကို ချစ်ကြတာ အဆန်း မဟုတ်ဘူးပေါ့။

 

သူ က ရှစ်လေးလုံး ကာလ မတိုင်မီ အထိ အတန်းပညာရေး ကောင်းကောင်း မသင်ဘူးဘူး၊ သူ စာမဖတ်တတ်ဘူး၊ ကြမ်းရှတဲ့ သူ့ ဘဝ ကပေးတဲ့ အသိကိုက မြန်မာအစိုးရ ကို ပုန်ကန်ရဲတဲ့ သတ္တိ ကို မွေးဖွားပေးခဲ့တယ် ထင်ပါ တယ် ဗျာ၊ သူ ရှစ်လေးလုံး ရဲဘော် တဦးဖြစ်လာတယ်၊ စက်တင်ဘာလ စစ်တပ် က အာဏာသိမ်းတော့ ABSDF ကျောင်းသား တပ်မတော် သား တဦး ဖြစ်လာ ပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သရုပ်ဖေါ်ကလေးပန်းချီ ဆရာမသံဒိုင်းခင် နှင့်ပန်းချီထိန်လင်း


သူသေကိုယ်ရှင် တိုက်ပွဲဝင် ၊ ကျနော့်ဘဝမှာ ဒီစကားလုံး ပထမဆုံး စပြောတာက ဆရာကြီး ဦးတင်မိုး(ဆရာဂျမ်း) ပြောတဲ့နေရာက ဆရာသာမည ခေါ် ကိုခင်မောင်စိုး. ချင်းမိုင် နေမာဟေမင်။ ဆရာဂျမ်းအခေါ် ဟေမာနေဝင်း လမ်းရဲ့ တိုက်ခန်းမှာ၊ အချိန်က ၂ဝဝ၆ ခုနှစ်ထဲက နေ.တနေ.ရဲ့ ညနေ ၇း၃ဝ။ ၈းဝဝနာရီ လောက်ဖြစ်မည်၊ထိုနေ.က ဆရာအား မဲဆောက်မှ ချင်းမိုင်သို့ ကျနော် ပြန်ခေါ်လာသည့် နေ့၊ ဒါဟာ ဆရာ့အတွက် မဲဆောက် နောက်ဆုံးခရီးစဉ်လဲဖြစ်သည်၊

ဒီဗီဘီရုံးသို. ဆရာကို တီဗီမှတ်တမ်းရိုက်ပြီး အပြန်၊ အင်တာဗျူးတဲ့ အကြောင်းကလည်း ဆရာ. ထောင်တွင်း အတွေ.အကြုံများ၊ ဆရာပြောချင်တာ စိတ်လွတ်လက်လွတ် ပြောနိုင်ရန် ဧည့်ခန်း စက်တီပေါ်တွင် သက်သောင့် သက်သာထိုင်ရင်း ဗီဘီတီဗီ ဝိုင်းတော်သားတွေက ရိုက်ကူးပေးခဲ့ကြသည်၊ ဆရာက ဆေးလိပ်ကိုဖွာရင်း အေးအေးဆေးဆေး ပြောလိုက်။ ခဏနားလိုက်။ သတိရတဲ့ အကြောင်းတွေကို ပြန်ပြောလိုက်နဲ. ကျနော်ကတော့ တီဗီ ကင်မရာမြင်ကွင်းထဲမရောက်တဲ့ ဘေးတနေရာမှာထိုင်ရင်း ဆရာ့စကားတွေကို နားထောင်ကာ ဆရာနှင့်အတူ ဆရာ့ဘဝဇာတ်ကြောင်းထဲ မျောဝင်ခံစားနေသည်၊

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

inamges

 

၁၂၅နှစ်ပြည့်

 

တန်ဆောင်မုန်း လပြည့်ကျော် ၈ရက် - ပါတော်မူနေ့

ဒေါက်တာဆာမြဘူး (၁၈၈၅-၁၉၆၆)

စစ်ရှေ့ခေတ် ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ်၊ စာပေဗိမာန် သုခမိန်အဖွဲ့ ဥက္ကဋ္ဌ

ဦးတုတ်ကြီး (၁၈၈၅-?)

သူရိယသတင်းစာ မန်နေးဂျင်း ဒါရိုက်တာ၊ သရာဇ (Swaraj) ပါတီခေါင်းဆောင်၊ အိန္ဒိယ ဥပဒေပြုလွှတ်တော် အမတ်ဟောင်း


Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ အမှတ်တရ အတွက် ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) မှ ဒေါ်အောင်ဆန်းစုကြည်အတွက် အမှတ်တရ ရေးဆွဲကြသော ပန်းချီ အနုပညာရှင်များ၏ အမှတ်တရ လက်ရာများကို စုစည်း၍ ပန်းချီပြခန်း တစ်ခု တင်ဆက်လိုက်ပါသည်။

စာတည်းအဖွဲ့

ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း)

 

 

 

poem for daw suu

Daw Suu

 

 

Daw Suu

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
cartoon in the woman prison
 
 

ထောင်ထဲမှာ အနိဌာရုံတွေက အများစု လွှမ်းမိုး နေရာယူထားတယ်ဆိုပင်မဲ့ ငိုအားထက်ရယ်အားသန်တဲ့ နေ့တွေလဲရှိပါတယ်။ ကျမတို့ မြန်မာနိုင်ငံသားတွေဟာ “ဒီလောက်ဖိနှိပ်မှုတွေ မတန်တဆ ခံနေရတဲ့ ကြားထဲက ခံနိုင်ရေ အပြည့်အ၀နဲ့ ဘယ်လိုများ ရပ်တည်နေနိုင်ကြသလဲ” ဆိုတဲ့မေးခွန်းကို နိုင်ငံခြားသားတွေက မေးလေ့ရှိပါတယ်။ ကျမ ဖြေလေ့ရှိတဲ့အတိုင်း ဆိုရင် “SENSE OF HUMOUR” ပေါ့ အရာရာကို တက်နိုင်သမျှ အကောင်းမြင်တက်တယ်။ ညဉ်းနေမယ်အစား ရယ်စရာလုပ်ပစ်ပြီး မိမိကိုယ်ကို သက်သာရာရအောင် နှစ်သိမ့်တက်တဲ့စိတ်ရယ် ဘာသာရေးအရဆိုရင်လဲ အရင်ဘ၀က ၀ဋ်ကွေးတို့ ခန္ထီပါရမီတို့ စတာတွေနဲ့ အစားထိုး ဖြေသိမ့်တက်လေ့ ရှိပါတယ်။ ဒါတွေကို သူတို့ သဘောပေါက်အောင် ကျမနားလည်းသလို ရှင်းပြတတ်ပါတယ်။