User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
Normal 0 false false false EN-GB X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:10.0pt; font-family:"Zawgyi-One","sans-serif"; mso-fareast-language:EN-US;}

 

cartoon

 

 

ဗျို့ ကိုထိန်

            မဆုံဖြစ်တာနှစ်တွေလည်း ကြာဆိုတော့ ကိုယ်စီပြောစရာ စကားတွေလည်း အများကြီး ရှိနေကြမှာပဲပေါ့။ အထူးသဖြင့် မထော်မနမ်း မြင်တွေ့နေရတာတွေကို တွေ့ပြီး အတူတူ မဟားရတားလည်း ကြာပြီပဲပေါ့။ ကိုထိန်တို့ဆီမှာတော့ မသိဘူးဗျ။ ကျွန်တော်တို့ ဒီအထဲမှာတော့ ပြောကွက်၊ ဟားကွက်တွေက အတော်များသဗျ။ ကျွန်တော့်မှာ တစ်ယောက်တည်း အူတောင်နာတယ်။ ထောင်ထဲမှာ အတူနေတုန်းက အူနာအောင် အတူ ဟားခဲ့ကြရတာကိုလည်း ပြန်သတိရမိသဗျ။ ဒါပေမယ့် ကိုထိန်ရေ၊ ဟားစရာလို့သာပြောတာ၊ အူနာအောင်သာ ရယ်တယ်ပြောတာ တကယ်တော့  ရင်လဲတကယ်နာတဲ့ ဟားကွက်တွေပါဗျာ။ ဒါနဲ့ အထဲမှာ အတူပြောဖော်ပြောဖက်၊ အတူဟားဖော်ဟားဖက် ကိုထိန်ကို သတိရပြီး အတူပြန်ဆုံတဲ့အခါ အတူပြန်ပြော၊ ပြန်ဟားဖို့ မှတ်စုလေးထဲ တို့ထား မှတ်ထားမိသဗျ။ ဒါပေမယ့် မအောင့်နိုင်တော့လို့ အခုပဲ ပြောလိုက်တော့မယ်ဗျို့။ အဝေးရောက်နေ့များ အတွက်ပေးသော စာပေါ့ဗျာ။

            ကိုထိန်တို့နဲ့ မဆုံဖြစ်တော့ကတည်းကဆိုရင် ပြောစရာတွေက များမှများပဲဗျ။ တော်တော်များများလည်း ဒိတ်အောက် သွားပြီဆိုတော့ အခုထည့်ပြောမနေတော့ပါဘူး။ ကိုထိန်တို့ သိတဲ့အတိုင်းပဲ အခုဆိုရင် အစိုးရ ပြောင်းသွားပြီဆိုတော့ (ဒါအစိုးရ ထုတ်သတင်းစာတွေ၊ ပြည်တွင်း ဂျာနယ်တွေကို ကိုးကားပြောတာပါ။) ကျွန်တော်တို့ ရပ်ထဲရွာထဲ၊ ကျွန်တော်ကျင်လည်ရာ စာတော၊ ပေတောထဲ အချင်းချင်း လက်တို့ပြီး မေးကြ၊ ပြောကြတာ ရှိသဗျ။ မေးကြ၊ ပြောကြတယ်ဆိုတာလည်း တိုးတိုးတိတ်တိတ်၊ ဟိုနား ကြိတ်ကြိတ်၊ ဒီနား ကြိတ်ကြိတ်နဲ့ပေါ့။ အမယ် အစိုးရပြောင်းတယ်သာဆိုတာ ဒါတော့ မပြောင်းဘူးဗျ။ အရပ်ထဲမှာ ဒီနေ့ ဘယ်ဂဏာန်းကောင်းသလဲဆိုတာ၊ ဘာထွက်သွားသလဲဆိုတာသာ အသံကျယ်ကျယ်နဲ့ ပြောကြ၊ မေးကြတာ။ အစိုးရနဲ့ ပတ်သက်တာ၊ ဒါမှမဟုတ် ဒေါ်စု၊ ကိုပေါ်ဦး (မင်းကိုနိုင်) စတဲ့ သူတွေနဲ့ ပတ်သက်တာ ပြောခါနီးဆို ရပ်ထဲရွာထဲမှာတင်မက၊ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာပါ ဘေးဘီကို မသိမသာအကဲခတ် (ကိုယ့်ကို စောင့်ကြည့်နေသူများ ရှိသလားလို့ပေါ့)။ ပြီးအသံကိုနှိမ့်၊ အရမ်းလျှို့ဝှက်တဲ့ အရာတစ်ခုကို ပြောသလို တစ်ယောက်နား တစ်ယောက်ကပ်ပြီး တိုးတိုးပြော၊ ရယ်စရာဆိုလည်း တိုးတိုးရယ်။ ဒေါသ ထွက်စရာဆိုလည်း တိုးတိုးတိတ်တိတ်ပဲ ဒေါသထွက်။ ဒီပုံစံက တော့မပြောင်းဘူးဗျ။ ဒီအကြောင်းနဲ့စပ်တာ တစ်ခုခုပြောရင် မင်းပြစ်မင်းဒဏ် ခံရမယ်ဆိုတာကို အကျင့်စွဲနေလေတော့ အစိုးရက အစိုးရပြောင်းပြီလို့ တစ်ခွင်လုံး ညံအောင် ဟစ်ကြွေးနေပေမယ့် လူတွေရဲ့ စိတ်ထဲမှာ သိပ်တော့ ယုံပုံ မရသေးဘူးဗျ။ စစ်အစိုးရရယ်လို့ ပြောင် အုပ်ချုပ်နေစဉ်ကအတိုင်း တိုးတိုးတိတ်တိတ်ပဲပေါ့။ အဲဒီလို တိုးတိုးတိတ်တိတ်နဲ့ ဘာပြောကြသလဲဆိုရင်  အစိုးရက အစိုးရပြောင်းသွားပြီလို့ ပြောနေတာဆိုတော့ ဘာများပြောင်း သွားသလဲပေါ့။ အချင်းချင်းလက်တို့ မေးစမ်းကြည့်ကြတာ ပေါ့ဗျာ။ သတင်းစာ တွေထဲမှာ၊ ဂျာနယ်တွေထဲမှာတော့ ပြောင်းတယ် ပြောနေကြတာပေါ့ဗျာ။

အဲဒီတော့ အရပ်ထဲမလဲ ပြန်ကြည့်၊ ကိုယ့်မိသားစုဘ၀ ကိုယ်ပြန်ကြည့်၊ ထူးပြီး ပြောင်းတာ မတေ့တော့၊ ကိုယ်သာ ကျန်ခဲ့တာ ကိုယ့်မိတ်ဆွေများ ပြောင်းသွားသလားလို့ တီးခေါက်ကြည့်၊ လမ်းထိပ်က ဆိုက်ကားဂိတ်ကို သွားကြည့်၊ ရပ်ကွက်ထောင့်က ပျံကျဈေးလေးထဲရောက်တော့လည်း တစေ့တစောင်း အကဲခတ်ကြည့်၊ ရပ်ကွက်သားတွေရဲ့ အားထားရာ (အင်္ကျီ၊ ပုဆိုး၊ ခြင်ထောင်၊ စောင်၊ အိုးခွက်ကအစ အိမ်မှာရှိသမျှ အားလုံး အပေါင်လက်ခံတဲ့) အမိန့်ရ အပေါင်ဆိုင်လေးရှေ့ ရောက်တော့လည်း စပ်စုကြည့် (လာပေါင်တဲ့ဦးရေ နည်းသွားသလား၊ အရင်အတိုင်းပဲလား) ၊အဲဒီလို ကိုယ်လက်လှမ်းမီသရွေ့ စူးစမ်းနေကြတာပေါ့ဗျာ။ ဘာများပြောင်းသွားသလဲပေါ့။ တကယ်လို့ ပြောင်းသွားရင်လည်း ကိုယ်တစ်ယောက်ထဲ ကျန်ခဲ့မှာကို စိုးတာကြောင့်လည်း ပါတာပေါ့ဗျာ။ ကျွန်တော်ကျင်လည်ရာ စာတော၊ ပေတောထဲမှာလည်း ဒီကိစ္စကို ပြောဖြစ်ကြသဗျ။ ဘာတွေများ ပြောင်းသွားသလဲပေါ့။

            ကိုယ့်အမြင်နဲ့ ကိုယ်ထင်ရာ ပြောကြမိတာပေါ့ဗျာ။ ဒါနဲ့ အဖြေရှာမတွေ့ဘဲ ပြန်ချိန်ရောက်လာပြန်ရော။ လူခွဲခါနီး ပြန်စရာ လမ်းစရိတ်မရှိတဲ့ မိတ်ဆွေ စာရေးဆရာ တစ်ဦးက အရင်က အတိုင်းပဲ အပြန်ကားခ တောင်းပါတယ်။ ကျွန်တော်တို့ထဲက လောလောဆယ် စာမူခထုတ်ထားတဲ့သူကလည်း သူ့ရဲ့ မဖြစ်ညစ်ကျယ် စာမူခလေးထဲကနေ ထုတ်ပြီး အရင်ကလိုပဲ ပေးလိုက်ပါတယ်။ နောက် ကိုယ်စီ အပြန်ကားမှတ်တိုင်တွေဆီ လျှောက်လာခဲ့ကြတယ်။ ကိုအောင်ချိမ့်ရဲ့ “၁၉၈၉” ဆိုတဲ့ ကဗျာထဲက ''ငါဟာ ရှုံးနိမ့်ယိုင်ထိုးလျှက်၊ တစ်ယောက်ထဲ အိမ်ပြန်ခဲ့ရတဲ့ ညနေခင်းများ'' အတိုင်းပဲပေါ့။ ကျွန်တော်ကလည်း ကျွန်တော်ကားစီးရမယ့် ဆူးလေကားမှတ်တိုင်ကို လျှောက်လာခဲ့ပါတယ်။

ကိုထိန်ရေ ကားမှတ်တိုင်မှာက ကိုထိန် သိတဲ့အတိုင်း တမျှော်တခေါ်လူအုပ်ကြီး၊ ဗန်ဂိုးရဲ့ “အာလူးစားသူများ” ပန်းချီကားထဲက မျက်နှာတွေနဲ့။ ကိုယ့်ကို သယ်ဆောင်သွားမယ့်ကားတွေ လာမယ့်လမ်းဆီ ငေးမျှော်လို့၊ ကားဆိုက်လာပြန်တော့လည်း စစ်ပြေးဒုက္ခသည်တွေလို တစ်ယောက်ကိုတစ်ယောက် တွန်းထိုး အလုအယက် တိုးဝှေ့ တက်လို့၊ ကျန်ခဲ့တဲ့သူတွေက နောက်ကားလာမယ့်လမ်းဆီ ထပ်မံငေးကြောင်လို့ ရန်ကုန်ရဲ့ နေ့တဒူဝ မပြောင်းမလဲ မြင်ကွင်းတွေပေါ့ ကိုထိန်ရေ။ သိပ်မကြာခင်တုန်းက အခုလို အိမ်ပြန်ဖို့ ကားစောင့်နေတုန်း၊ (အတိအကျ ပြောရရင် အိမ်ပြန်ဖို့ ကားပေါ် လုတက်တာ မအောင်မြင်ဘဲ ကျန်ခဲ့တုန်းကပေါ့)၊ အဝေးက မိတ်ဆွေတစ်ယောက်ဆီက ဖုန်းဝင်လာတယ်ဗျ။ သူက အစိုးရအဖွဲ့သစ် (သူကလည်း အစိုးရထုတ် သတင်းစာနဲ့၊ ပြည်တွင်းဂျာနယ်တွေကို ကိုးကားပြီး ဒီစကားလုံးသုံးတာပါ) တက်လာပြီလို့ အပြောအဆိုများနေတော့ ဘာတွေများ ထူးခြား ပြောင်းလဲသွားသလဲလို့ လှမ်းစပ်စုတာပေါ့ဗျာ။ ကျွန်တော်လည်း ကားပေါ်လုတက်တာ မအောင်မြင်လို့ စိတ်အခန့်မသင့်နေတဲ့အချိန် အခုလို အမေးခံရတော့၊ စဉ်းစားကြည့် ကိုထိန်ရာ ဘယ်လောက် စိတ် ကသိကအောင့် ဖြစ်ရသလဲဆိုတာ။ ဒါနဲ့ ဟုတ်တယ် သတင်းစာ၊ ဂျာနယ်တွေနဲ့ တီဗွီသတင်းတွေထဲမှာတော့ ပြောင်းသွားပြီဗျ။ ကျွန်တော်တို့ကတော့ အိမ်ပြန်ဖို့ စစ်ကြိုခေတ်က ကားစုတ်ကြီးတွေပေါ် လုတက်နေရတုန်းပဲလို့ ဘုတောလိုက်မိတယ်။ ကျွန်တော် လွန်သလားဗျာ။ ကိုထိန် ရေဗန်ဂိုးရဲ့ “အာလူးစားသူများ” ပန်းချီကားထဲက မျက်နှာတွေ။ ဟိုး လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က ဆရာနိုင်ဝင်းဆွေရဲ့ “ဘ၀စာမျက်နှာများ” ထဲက မျက်နှာတွေ။ ကျွန်တော်ငယ်စဉ် ကတည်းက မြင်တွေ့ ရင်းနှီးခဲ့ရတဲ့ မျက်နှာတွေ။ ဒီနေ့ ကျွန်တော်တို့ခေတ်ရဲ့ မျက်နှာတွေ။ ဘာမှ မပြောင်းမလဲ၊ မျက်လုံးတွေက ငေးကြောင်လို့၊ မ၀ရေစာ ထမင်းလုပ်လေးတွေကို လုယက်ရှာဖွေစားသောက်လို့၊ (မိတ်ဆွေပန်းချီဆရာ တစ်ယောက်က တောကြက်တွေယက်ပြီး အစာရှာ သလိုပေါ့ဗျာတဲ့။ နာနာကျင်ကျင်နဲ့ ပြောဖူးပါတယ်)။ ဘာများပြောင်းလဲသွားပါသလဲ။

            ကိုထိန်ရေ ဘုန်းကြီးရူးနဲ့ လှေလူး၊ အမြီးအမှောက် မတည့်တဲ့ ခေတ်ကြီးထဲမှာ အခုလို မထော်မနမ်း ဖြစ်တာတွေ၊ မြင်ရတာတွေက အများကြီးပေါ့။ အခု ပြန်စဉ်းစားကြည့်မိတော့လည်း တစ်ယောက်တည်း ရယ်မိပါတယ်။ ရင်နာအောင်ကို ရယ်မိပါတယ် ကိုထိန်ရေ။

ကိုဘုန်း