အမှတ်တရ

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

picture 

 

ဝေးလံသောအရပ်မှ ရေစီးသံလို အသံသဲ့သဲ့ ကြားနေရသည်။ ပတ်ဝန်းကျင်တခုလုံးက ညဖြစ်လေသလား မသိ မှောင်မှောင်မဲမဲ။ အရင်းတုတ်ကာ အဖျားသွယ်သွားသော အမျိုးအမည်မသိ ပင်အုပ်ကြီးများနှင့် တော၏အလယ်ခေါင်တွင် ကျနော်ရောက်နေသည် ထင်သည်။ မျက်စိတဆုံး ပင်အုပ် တောအုပ်။ ကြည့်လေရာ ခြာခြာလည်။ ထိုပင်အုပ် ထိပ်ဖျားလွတ်ရာနေရာတွင် ကောင်းကင်ကို မှိန်ဖျဖျဖြစ်နေရသည်။ ကြယ်တပွင့် လတစင်းမရှိ။ ဟိုး ကောင်းကင်မှ နှင်းစက်လား၊ မိုးစက်လားမသိ ရေစက်များက ခြောက်သွေ့ တင်းမာနေသော ကျနော့် နှုတ်ခမ်းထက်သို့ ကျလာသည်။ ရေစက်များ၏အတွေ့က အေးမြစူးရှစွာ ကျနော့် မနောအာရုံထဲ ထိုးဖောက်ဝင်လာသည်။ ရေစီးသံသဲ့သဲ့က ခေါ်သံအဖြစ် တဖြေးဖြေး ပီပြင်ကျယ်လောင်လာသည်။ ညီလေ . . . ညီလေ . . .

 

ကျနော့် မျက်လုံးအစုံပွင့်လာသည်။ ကျနော်က ဖျာတချပ်ပေါ်တွင် လဲလျောင်းအိပ်စက်နေပြီး ကျနော့်ဘေးတွင် စိုးရိမ်သော မျက်နှာများဖြင့် ဝိုင်းပြုစုနေသူ (၄)ဦး။ ထိုသူများမှာ ကိုမောင်စိန်၊ ကိုမြအေး၊ ဦးအောင်နု နှင့် ဦးစောတို့ဖြစ်ကြသည်။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း၊ တောက်ပပြူးကျယ်သော မျက်လုံးကောင်းကောင်း၊ မျက်ခုံးကောင်းကောင်းနှင့် ကိုစိန်က ကျနော့်နဖူးနှင့်နှုတ်ခမ်းများပေါ်သို့ ရေပတ်တင်ပေးနေသည်။ ကျနော် သတိကောင်းကောင်းရလာပြီး။ ကျန်ေသည် အင်းစိန်ထောင် အမှတ်(၂) ကြိုးတိုက်ထဲတွင် မစင်တိုက် (ခေါ်) လောက်တိုက်၊ တိုက်ပိတ်ပြစ်ဒဏ်ဖြင့်ရောက်ရှိရင်း ခြစ်ခြစ်တောက် အဖျားသွေးတက်ကာ သတိလစ်သွားတာ မဟုတ်ပါလား။ အချိန်က ၁၉၇၉ခုနှစ် မေလ၊ ရက်အတိအကျတော့ မမှတ်မိတော့ . . .

           

ထိုအချိန်က ကျနော်သည် တက္ကသိုလ်ကျောင်းသား လူငယ်တဦးအဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရာပြည့် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ရင်း အင်းစိန်ထောင်တွင် ထောင်ဒဏ်(၇) နှစ်ကျခံနေရချိန်ဖြစ်သည်။ ကိုစိန်(ခ) ကိုမောင်စိန်မှာ စစ်တောင်းစက္ကူစက်အင်ဂျင်နီယာ တဦးဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီလိုလားသူ၊ ပါတီနှင့် အဆက်အသွယ်ရှိသူ အစုများက ထုတ်ဝေသော "မီးမောင်း" စာစောင်ဖြန့်ချီရာတွင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ရင်း အလုပ်နှင့် ထောင်ဒဏ်(၉)နှစ် ချမှတ်ခြင်းခံရသူဖြစ်သည်။ ကိုမြအေးမှာ ရ.က.သ ကျောင်းသားတဦးဖြစ်ပြီး ကိုးကိုးကျွန်းတွင် ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းရေး၊ ကျွန်းတိုက်ပွဲများတွင် ဖြတ်သန်းခဲ့သူဖြစ်သည်။ သူသည်လည်း "မီးမောင်း" ခေါင်းဆောင်တဦးအဖြစ် ထောင်ဒဏ်(၉) နှစ် ချမှတ်ခံရသူဖြစ်သည်။ ဦးစောနှင့် ဦးအောင်နုတို့မှာ သမိုင်းချည်စက်မှ အလုပ်သမားကြီးများဖြစ်ကြပြီး ၁၉၇၄ အလုပ်သမားအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၄) နှစ် ချမှတ်ခံရသူများ ဖြစ်ကြပါသည်။ ကျနော်တို့အားလုံး ပြစ်ဒဏ် တိုက်ပိတ်များအဖြစ် အမှတ်(၂) ကြိုးတိုက်၊ ရင်ကွဲတိုက်တွင် ထောင်အခေါ် လောက်တိုက် (သို့မဟုတ်) မစင်တိုက်ပိတ် ပြစ်ဒဏ်ဖြင့် ရောက်ရှိနေကြသူများ ဖြစ်ပါသည်။ သွားလေသူ ကိုစိန်နှင့် ကျနော်တို့ အတူဖြတ်သန်းခဲ့ရသည့် ထို ကြမ်းတမ်း ခက်ထန်သော ပြစ်ဒဏ် တိုက်ပိတ် အဖြစ်စုံကား ဤသို့လျင် အစပျိုးခဲ့ပါသည်။

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သမ္မတဦးသိန်းစိန်၏ အမိန်ဖြင့် အကျဉ်းသား ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း   ယနေ့ ညနေ ၆ နာရီသတင်းတွင် ကြေညာသွားပါသည်။

အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦး ကို ဇန်န၀ါရီလ ၁၃ ရက်နေ့မှ စ၍ လွတ်ပေးမည်ဟု ကြေညာသွားပါသည်။

နိုင်ငံအတွက် အနစ်နာခံစွန့်စားခဲ့ကြသူ များ ပြန်လည်လွတ်မြောက်လာမှုကို ဂုဏ်ပြု ကြိုဆိုလိုက်ပါသည်။

{youtubejw}57M4xmszh8Y{/youtubejw}

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

      shwegaitha

       မြန်မာမှုသုတေသီ ဆရာတော်ရွှေကိုင်းသားရာပြည့်အမှတ်တရ (၁၉၁၂ ဇန်နဝါရီ ၅)

 

'' .... ဦးပဉ္စင်းဟာ ဒီဆင်ယင်ထုံးဖွဲ့မှုစာအုပ်ကိုတတ်သိ နားလည်လှ၍ ပြုစုလိုက်ရသည် မဟုတ်ဘဲ  သုတေသီတယောက်အနေနဲ့ သုတေသနလုပ်ရာမှ ရရှိခဲ့တဲ့ အချက်အလက်တွေကို စာတစောင်ဖွဲ့ပြီး တင်ပြလိုက်ခြင်းမျှသာဖြစ်ပါတယ်။

ဦးပဉ္စင်းဟာ ဆင်ယင်ထုံးဖွဲ့မှုနဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို စာအုပ်မရေးသားမီ ၁၀ နှစ်ကျော် ၁၅ နှစ်ခန့်လောက်ကစပြီး ရှာဖွေစုဆောင်းခဲ့ပါတယ်။ လေ့လဲ လေ့လာခဲ့ပါတယ်။ စုဆောင်းလေ့လာတဲ့ နေရာမှာလဲ စာပေ အထောက်အထားသာမကပါဘူး။ ပန်းချီတို့ ပန်းပုတို့ ဆိုတဲ့ အနုပညာ လက်ရာတွေ ထဲကပါ လေ့လာမှတ်သားခဲ့ပါတယ်။

အဲဒီလို ဆင်ယင် ထုံးဖွဲ့မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်း လေ့လာတဲ့အထဲမှာတော့ ကျောက်စာဌာနက ပန်းချီဆရာဘဝနဲ့ ၁၀ နှစ်ကျော်ခန့် ဆည်းပူးစုဆောင်းခဲ့တဲ့ အချက်အလက်တွေဟာ အားအကိုးရဆုံး အထောက်အပံ့အရဆုံးလို့ဆိုရပါမယ်။  အဲဒီ စုဆောင်းလေ့လာချက်တွေဟာ ဆင်ယင်ထုံးဖွဲ့မှု စာအုပ်ရဲ့ ကျောရိုးသဖွယ်လဲဖြစ်ခဲ့ပါတယ်။ ...

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
Normal 0 false false false EN-GB X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:10.0pt; font-family:"Zawgyi-One","sans-serif"; mso-fareast-language:EN-US;}

 

cartoon

 

 

ဗျို့ ကိုထိန်

            မဆုံဖြစ်တာနှစ်တွေလည်း ကြာဆိုတော့ ကိုယ်စီပြောစရာ စကားတွေလည်း အများကြီး ရှိနေကြမှာပဲပေါ့။ အထူးသဖြင့် မထော်မနမ်း မြင်တွေ့နေရတာတွေကို တွေ့ပြီး အတူတူ မဟားရတားလည်း ကြာပြီပဲပေါ့။ ကိုထိန်တို့ဆီမှာတော့ မသိဘူးဗျ။ ကျွန်တော်တို့ ဒီအထဲမှာတော့ ပြောကွက်၊ ဟားကွက်တွေက အတော်များသဗျ။ ကျွန်တော့်မှာ တစ်ယောက်တည်း အူတောင်နာတယ်။ ထောင်ထဲမှာ အတူနေတုန်းက အူနာအောင် အတူ ဟားခဲ့ကြရတာကိုလည်း ပြန်သတိရမိသဗျ။ ဒါပေမယ့် ကိုထိန်ရေ၊ ဟားစရာလို့သာပြောတာ၊ အူနာအောင်သာ ရယ်တယ်ပြောတာ တကယ်တော့  ရင်လဲတကယ်နာတဲ့ ဟားကွက်တွေပါဗျာ။ ဒါနဲ့ အထဲမှာ အတူပြောဖော်ပြောဖက်၊ အတူဟားဖော်ဟားဖက် ကိုထိန်ကို သတိရပြီး အတူပြန်ဆုံတဲ့အခါ အတူပြန်ပြော၊ ပြန်ဟားဖို့ မှတ်စုလေးထဲ တို့ထား မှတ်ထားမိသဗျ။ ဒါပေမယ့် မအောင့်နိုင်တော့လို့ အခုပဲ ပြောလိုက်တော့မယ်ဗျို့။ အဝေးရောက်နေ့များ အတွက်ပေးသော စာပေါ့ဗျာ။

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
800x600 Normal 0 false false false EN-GB X-NONE X-NONE MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin:0cm; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:"Times New Roman","serif";}

 shwegaitha

 

ကျနော်တွေ့ကြုံဖူးသော သံဃာတော်များထဲမှာ သံဃာနဲ့အတူဆုံးဘုန်းကြီးတပါးကိုပြောပါလို့ဆိုရင် ကျနော်ပထမဆုံး မဆိုင်းမတွပြောလိုက်မိမှာဟာ ဆရာတော်ဦးသောဘိတ ခေါ် ရွှေကိုင်းသားဆရာတော်ပဲဖြစ်ပါတယ်။ ဓမ္မတာပဲ ကျနော့်ဘ၀မှာ သံဃာတော်အများကြီးနဲ့ထိတွေ့ခဲ့ရပါတယ်။ ကြည်ညိုစရာသံဃာတွေအများကြီးကိုတွေ့ခဲ့ပါတယ်။ စံကင်း ဆရာတော်ကြီး၊ ဆရာတော်ဦးဇနကဘိဝံသ စသဖြင့်လေးစားကြည်ညိုဖွယ်ရာ ဆရာတော်ကြီးများကိုလူကိုယ်တိုင်ဖူးမြော် ကန်တော့ဖူးပေမယ့် နီးနီးကပ်ကပ်မနေရတော့ သူတို့အကြောင်းထူးထူးခြားခြားပြောစရာမရှိသလိုလိုဖြစ်နေပါတယ်။

            ဒါပေမဲ့ဆရာတော်ဦးသောဘိတကတော့ ကျနော်တို့မိဘများနဲ့ ကျနော်မမွေးခင်၊ သူလူဝတ်ဘ၀ကတည်းက သိကျွမ်းခဲ့ပြီး-အသွားအလာမပြတ်ရှိနေတဲ့ ဘုန်းကြီးမို့သူ့အကြောင်းကို နှိုင်းစာခြင်းအားဖြင့် အများကြီးသိတယ်လို့ဆိုနိုင် ပါတယ်။