အက်ဆေး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

မိုးတွေတအုန်းအုန်းရွာနေတော့ ကိုယ်ဟာ အိပ်ယာထဲမှာ ဇိမ်ကျနေတုန်းပဲ။ ၁ နှစ်မှ နှစ်ခါ သုံးခါ

အနိုင်နိုင်ဆိုသလို စောင်ခြုံရလောက်တဲ့ အခန်းအပူချိန်မျိုး၊ ကိုယ့်အခန်းလေးထဲ နေလို့ ထိုင်လို့

(ခုဆို)အိပ်နေလို့ အင်မတန်ကောင်းတဲ့ ရှားရှားပါးပါး အခြေအနေမျိုးပါ။ ညတုန်းက အင်တာနက်

လိုင်းလည်း သိပ်မကောင်း၊ လူကလည်း ဘာကြောင့်ရယ်မသိ စောစော အိပ်ချင်တာနဲ့ အိပ်ယာ

ဝင်ခဲ့တာမို့ ခု မနက် ၅ နာရီသာသာမှာ ဆက်အိပ်လို့မရတော့ပါဘူး။ ဒါနဲ့ပဲ အိပ်ယာက လူးလဲ

ထ ပြီး အလွန်ငြီးငွေ့စွာနဲ့ပဲ စောစောထ သွားတိုက် မျက်နှာသစ် အစီအစဉ်တွေကို ၀တ္တရားကျေ

ရုံ ဆောင်ရွက်ပြီး ကော်ဖီ တစ်ခွက်နဲ့ ၀ရံတာမှာ ထိုင်တော့တာပါပဲ။ ဟင်းရည်ပူပူလေး လောင်း

ဆမ်းထားတဲ့ နံနံပင် နိုင်းချင်းနဲ့ မုန့်ဟင်းခါး တစ်ပန်းကန်ကို စိတ်ထဲကပဲ အာရုံခံရင်း မုန့်ကျွတ်

လေး ငါးချပ်ကို မြက်ခြောက်ဝါးသလို ၀ါးနေရတော့တယ်။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

                    

 

 
   
 

အောင်ဘုငယ်ငယ်ထဲက ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ၇၈၆ ဆိုတဲ့ စကားလုံးကို တွေ့ဖူးတယ်။ အဲဒီထဲက လူတွေ အမျိုးမျိုးပြောတာတွေ ကြားဖူးနေတာ။
 
          ၂၁ ရာစုမှာ ကမ္ဘာကို မွတ်ဆလင်တွေက လွှမ်းမယ်တို့ ဘာတို့ပေါ့။တချို့တွေကလည်း ပြောတယ် ကုလားဆိုင်တွေ အားမပေးနဲ့တို့။
 
ငယ်ငယ်တုန်းကတော့ အောင်ဘုလည်း သူများယောင်တော့ လိုက်ယောင်ဖို့လုပ်လိုက်သေး။ ကိုယ်ဘာမှန်းမသိတဲ့ ၇၈၆ ဆိုတာကြီးတင်ထားတဲ့ ဆိုင်ထက်၊ (သူများတွေပြောတာကို ယုံတာမယုံတာ အပါ့ထား) ကိုယ့်ဗမာလူမျိုးဆိုင် အားပေးတာ ကောင်းတယ်ပေါ့။ ကိုယ်လည်း ဘာမှ ခက်ခက်ခဲခဲ လုပ်ရတာမှ မဟုတ်တာ။ဒါပေမဲ့  အောင်ဘုလို ကောင်မျိုးက ဘယ်တော့မှ တခုခုကို ကြာရှည် ဇွဲနဲ့ လုပ်တတ်တဲ့ ကောင်မှ မဟုတ်တာ။ ပျက်ဖို့အကြောင်းက လွယ်လွယ်ကူကူကို ပေါ်လာတယ်။ အောင်ဘုက ငယ်ငယ်ထဲက ဒံပေါက်အရမ်းကြိုက်တယ်။ အခုထိလဲ ကြိုက်တယ်။ ဘုန်းကြီးကျောင်း အလှူမှာ ဒံပေါက်ဆိုရင် အောင်ဘုမလွတ်စေရဘူး။ တပါတ်တခါလောက် ဒံပေါက်စားရမှာ နေသာထိုင်သာရှိတယ်။ (ဒံပေါက်တင်မက ဗယာကြော်သုပ်တို့၊ ကီးမားတို့၊ ဒိန်ချဉ်တို့လည်း ကြိုက်သေး။) အဲဒီတော့ သူ့ ၇၈၆ ကမ္ဘာကို သိမ်းပိုက်ပိုက် မပိုက်ပိုက် ဒံပေါက်စားရဖို့က အောင်ဘုအတွက်ပို အရေးကြီးတယ်။ ဒီဒံပေါက် တစ်ပွဲစားချင်လွန်းလို့ ဝယ်စားမိပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ထလ

.."

ခင်ဗျားတို့က "ဦး" ကို "ပိုင်" တယ်လို့ ထင်နေတာကိုးဗျ။


တကယ်တော့ ဘယ်သူက ဘယ်သူ့  ကိုများ ပိုင်တာရှိလို့လဲ?


အိမ်သာချင်းကွာပေမဲ့ အိမ်သာတက်ရင် လူတိုင်း ဖင်လှန်ရတယ်။ 
(ပုဆိုး/ဘောင်းဘီထဲ ပါချသူများမှလွဲ၍)။


စားတဲ့အစားချင်း ကွာပေမဲ့ ထမင်းစားရင် လူတိုင်းရဲ့  အစာဟာ အဲဒီလူတိုင်းရဲ့  အူလမ်းကြောင်းတစ်ခုခုကို ဖြတ်ရတယ်။
(အစာမစားနိုင်၍ သွေးကြောမှတစ်ဆင့် ဓာတ်စာဖြည့်သွင်းရသူများမှ လွဲ၍)။


လူတိုင်းဟာ သန္ဓေတည်တဲ့အခါ ဖို+မ ဗီဇများ ပေါင်းစပ်ပြီးမှသာ လူဖြစ်ရတယ်။
လူတိုင်းဟာ သေရင် သေတာပဲ။



Star InactiveStar InactiveStar InactiveStar InactiveStar Inactive


့ထလ                                                                          
              တကယ်တမ်း ပြောရရင် လောလောဆယ် ဝတ္ထုတိုလေးတစ်ပုဒ်ကို စိတ်တိုင်းကျ ရေးနေတာ နိဂုံးချုပ်ကို မရောက်သေးပါဘူး။ ကိုယ့်နိုင်ငံရဲ့ ပြင်ပကို ရောက်နေကြတဲ့ သူတွေမှာ ဖြစ်လေ့ရှိတဲ့ သဘာဝအတိုင်း တောမြင်လွမ်း တောင်မြင်လွမ်း ဆိုသလို မုန့်ဟင်းခါးမြင်လဲ လွမ်း ၊ ဘူးသီးကြော်မြင်လဲ လွမ်းလာရာက ( ပညာရှင်တွေကတော့ Home sick လို့ ဆိုကြ) စိတ်တိုင်းကျ အလွမ်းသယ် ဝတ္ထုလေး ရေးမိနေပါတယ်။ ဒါပေမယ့် ဒီဝတ္ထုကို အဆုံးမသတ်နိုင်ခင်မှာ အဆုံးသတ်ဖို့ မလိုဘူးလို့ ၊ မလိုဘူးဆိုတာထက် ဘယ်လိုမှ ဆက်ရေးစရာ အကြောင်း မရှိနိုင်ဘူးလို့ ထင်ထားတဲ့ ကျမရဲ့ အက်ဆေးတစ်ပုဒ်ကို နိဂုံးချုပ်ပေးရဖို့ အကြောင်းက ပေါ်လာပါတော့တယ်။ ကောင်းကင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့ ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်းရဲ့ နိဂုံးကို မဖြစ်မနေ ရေးချင်စိတ်က ပေါ်လာခဲ့ရပါတယ်။ ဇာတ်လမ်းရဲ့ နိဂုံးလေးပေါ့၊ အခုစာကို ဖတ်မိပေမယ့် ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်းကို မဖတ်ဖူး မဖတ်လိုက်မိတဲ့ သူတွေ အတွက် အနည်းငယ်လောက်တော့ ပြန်ပြောပါရစေ။


           ညိုကြီးဆိုတဲ့ ထိုင်းနိုင်ငံက ခွေးထီးတစ်ကောင်နဲ့ မြန်မာပြည်ကနေ ပိုင်ရှင်ဖြစ်သူ သခင်နဲ့အတူ ထိုင်းနိုင်ငံကို ရောက်လာခဲ့တဲ့ ဖြူမဆိုတဲ့ ခွေးမလေးတို့ရဲ့ သံယောဇဉ် အကြောင်းလေးပါ။ တရိစ္ဆာန်တွေ ဖြစ်ပေမယ့် တစ်ကောင်နဲ့တစ်ကောင် သံယောဇဉ်ကြီးတာ ၊ လူတွေက ခွဲထားတာကို လူလစ်ရင် ခိုးတွေ့တတ်တာတွေဟာ တကယ့်ကို အံ့ဩစရာမို့ အဲဒီအကြောင်းလေး ရေးထားခြင်းပါ။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


pe nyunt waiသမီးရေ
           မေမေ အခုရေးလိုက်တဲ့ ခေါင်းစဉ်ကတော့ မေမေသိပ်ကြိုက်တဲ့ ရေဒီယို ဓါတ်ပြားရ သီချင်းတစ်ပုဒ်ပဲ။ ဒါပေမယ့် စာသားတွေမေ့ကုန်တဲ့ အပြင် အဆိုတော်နာမည် စဉ်းစားလို့ မရတာနဲ့ အင်တာနက်မှ ဘယ်လိုမှ ရှာမရ ဖြစ်နေတယ်။ မှတ်မိသလောက်ပြောရရင် ဒီကမ္ဘာမြေ လောက လူသားများရဲ့ အလယ် လောကဝယ် ချစ်ရင်လည်းပြုံးကွယ် မုန်းရင်လည်းပြုံးကွယ်ဆိုတာလေးတော့ မမေ့မလျော့ မှတ်မိနေပီး သီချင်းအဓိပ္ပါယ်ကိုလဲ ကောင်းကောင်းမှတ်မိနေတဲ့ အတွက် ဒီခေါင်းစဉ်လေး ရေးလိုက်မိတယ်။ နောင်အလျဉ်းသင့်လို့ပဲ ဖြစ်ဖြစ် စာသားတွေ သတိရလာပြီး အင်တာနက်မှာ ဒီသီချင်းလေးကို ရှာလို့ရခဲ့ရင် သမီးကို ပို့ပေးပါအုန်းမယ်။ သီချင်းနာမည်က အပြုံးကိုဆောင်တဲ့။ သမီးကိုရေးပြဖို့ ဖြစ်လာတဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလေး အတွင်းက သမီးရဲ့ ညီမလေးတွေ သူတို့ ကျောင်းရဲ့ကျောင်းပွဲ ကလေးတစ်ခုမှာ ကြုံတွေ့ခဲ့ရတာလေးနဲ့ ပတ်သက်ပြီး ပြောစရာလေးရှိလာလို့ပေါ့ သမီးရေ။ ကျောင်းကပွဲရက်ကလို့ ရည်ညွှန်းလိုက်ပေမယ့် ကျောင်းပွဲနဲ့ ဘာမှမဆိုင်ပါဘူး၊ ကျောင်းပွဲကို လာရင်းကြုံရတာလေး ပြန်ပြောချင်တာပါ။ သမီးဟာ အင်မတန် အေးအေးဆေးဆေး နေတတ်ပြီး အိမ်မှာနေရတာကို ခင်တွယ်တတ်တဲ့သူ ဖြစ်တဲ့ အလျှောက် ပွဲတွေ လမ်းတွေ သွားရမှာ အင်မတန်ဝန်လေးသူ ဖြစ်ပေမယ့် ညီမလေးတွေ ကကြမယ်ဆိုတဲ့ အတွက် မေမေတို့နဲ့ လိုက်ခဲ့တယ်ဆိုတာ မေမေသိတယ်။ ဘယ်သူ့ကိုဖြစ်ဖြစ် ဖော်ဖော်ရွေရွေ လေးလေးစားစား ဆက်ဆံတတ်တဲ့ သမီးဟာ အဲဒီနေ့က လူတစ်ယောက်ကို စိတ်တို ဒေါသထွက်စွာ လုံးဝ နှုတ်မဆက် မမြင်ယောင်ဆောင်ခဲ့တယ်။ အဲဒါကို မေမေက အားပေးထောက်ခံခဲ့မိတယ်။ အဲဒီအတွက် သမီးဆီကို မေမေ ဒီစာရေးဖြစ်ခဲ့ရတာပါပဲ။ အမှန်ကတော့ သမီးဒေါသထွက် စိတ်တိုခဲ့ရတဲ့သူဟာ တချိန်က သမီးနဲ့ လုပ်ငန်းခွင်တစ်ခုထဲမှာ အတူ လုပ်ခဲ့ဖူးယုံသာမက ဖေဖေ မေမေတို့နဲ့ပါ ရင်းနှီးသူဖြစ်တယ်။ ပြောရကြေးဆို ရင်းနှီးတာထက်တောင် ပိုပါတယ်။ ဆွေမျိုးလိုပဲ ကိုယ်ချက်တာ သူလာစား သူချက်တာ ကိုယ်သွားစား နေနေကြတာပဲ။ ဒါ့ကြောင့် ဒီလိုလူမျိုးက ဒီလိုဆက်ဆံလိုက်တဲ့ အတွက် သမီးစိတ်တိုတာ မလွန်ဘူးဆိုပြီး မေမေပါ အလိုတူဖြစ်ခဲ့တယ်။ အိမ်ပြန်ရောက်မှ တဖြေးဖြေးစဉ်းစားရင်း စိတ်ထဲ အေးသွားတဲ့အခါ သမီးကို မေမေ ပြောစရာတွေ ရှိလာခဲ့တယ်။
          တကယ်တော့ မေမေတို့ မောင်နှမတစ်တွေဟာ လူချစ်လူခင်များကြတယ်။ အဲဒါ သမီးဖိုးဖိုး မေမေ့ရဲ့အဖေရဲ့ သွန်သင်ဆုံးမမှုနဲ့ သမီးဖိုးဖိုးရဲ့ အပြုအမူတွေကို မေမေတို့ အတုယူခဲ့ ကြလို့သာပဲ။ သမီးဖိုးဖိုးဟာ လုပ်ငန်းသဘာဝအရ မြန်မာတစ်နိုင်ငံလုံး မရောက်ဖူးတဲ့ အရပ်မရှိဘူး။ ဘယ်လောက်အထိ သွားခဲ့ရသလဲဆို အင်မတန်မှ ဝေးလံခေါင်သီလှလွန်းလို့ သွားရော့ လဟယ်ဆိုပီး နောက်ပြောင်ပြောတတ်ကြတဲ့ လဟယ်ကိုလည်း ရောက်ဖူးတယ်။  အခုခေတ်မဟုတ်ဘူးနော်သမီး၊ ဟိုး လွန်ခဲ့တဲ့ အနှစ်(၃၀) လောက်ကတည်းကပဲ၊ နောက်ပီး ဗိုလ်ချုပ်အောင်ကြီး တော်လှန်ရေးကောင်စီက နှုတ်ထွက်ပြီး သူ့ကိုယ်သူ နယ်နှင်ဒဏ်ပေးပြီး သွားနေတယ်ဆိုတဲ့ မချမ်းဘောလဲ ရောက်တယ်။ ရုပ်ရှင်မင်းသားကြီး(ဦး) အောင်လွင် အကယ်ဒမီရခဲ့တဲ့  နေခြည်ဖြာမှနွေးသော်ကြောင့်  ဇာတ်ကား၊ ရေခဲတောင်တွေကြား ခက်ခက်ခဲခဲ ရိုက်ခဲ့ရတယ်ဆိုတဲ့ မြို့ကလေး ဆွမ်ပရာဘွမ် ဆိုတာလဲ ရောက်ဖူးယုံမက ရှမ်းပြည်တစ်ခွင်၊ချင်းတောင်တန်း နာဂတောင်တန်းတွေအပြင် ရခိုင်ရိုးမအနှံ့ မြစ်ဝကျွန်းပေါ်မကျန်ပါပဲ။ လူပေါင်းစုံ အဆင့်ပေါင်းစုံ စိတ်သဘောထားမျိုးစုံ ရှိတဲ့ လူတွေ ဘယ်လောက်များ ဆက်ဆံခဲ့ရသလဲဆိုတာ တွေးကြည့်ယုံနဲ့ သိရောပေါ့။ သမီးဖိုးဖိုးဟာ အားလုံးကို အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံနိုင်တယ်။ သူ့သားသမီးတွေကိုလည်း သူ့လိုပဲ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ ဖြစ်စေချင်လို့ အမြဲ သွန်သင်ဆုံးမလေ့ရှိတယ်။ ဒါကတော့ စိတ်ဆိုးသည်ဖြစ်စေ မုန်းသည်ဖြစ်စေ ချစ်သည်ဖြစ်စေ ပြုံးပြုံးလေးနေတတ်ဖို့ပါပဲ။ သမီးဖိုးဖိုးဟာ ဘယ်သူနဲ့ စကားပြောပြော မျက်နှာမှ အပြုံးကိုအမြဲ ဆောင်ထားတယ်။ ပြုံးပီး စကားစတယ်၊ ပြုံးပီးနှုတ်ဆက်တယ်၊ ငြင်းစရာရှိရင်တောင် အပြုံးမပျက်ငြင်းနိုင်တဲ့ အထိပဲ။ မေမေတို့ကို မိတ္တဗလဋီကာဆိုတာ ပေးဖတ်တယ်၊  သမီးဖိုးဖိုး ခြေရာကိုတော့ မနင်းနိုင်ခဲ့ဘူးပေါ့ သမီးရယ်။ ဘယ်လောက် ခင်မင်သူပေါသလဲဆို သမီးစဉ်းစားနိုင်အောင် မေမေပြောပြမယ်။ ပင်စင်စားအဖိုးအိုကြီး တစ်ယောက်၊ ဘာမှလုပ်မပေးနိုင်တော့တဲ့ ဒီအဖိုးအိုဆီက ဘာမှ မျှော်မှန်းစရာမရှိပဲ သီတင်းကျွတ်တဲ့အခါ လာကန်တော့ကြတာ၊ သတိရတဲ့အခါ မုန့်လေးပဲလေးကအစ ငွေကြေးတချို့ပါ လာကန်တော့ကြတာ အဲဒါတွေကြည့်ရင် သိနိုင်တာပေါ့ သမီးရယ်။ လူတွေရဲ့ သဘောကိုက အထူးသဖြင့် ဝန်ထမ်းလောကမှာက ပင်စင်ယူသွားတဲ့ လူတစ်ယောက်ဆို မေ့ကို သွားကြတာလေ။ မေမေတို့ သူငယ်ချင်းတစ်ယောက်ဆို အမြဲပြောတယ်။ ပင်စင်မယူခင် သေသွားရင် ကောင်းမယ်တဲ့ ။ ဘာလို့လဲဆိုတော့ သူ့အသုဘစည်အောင်လို့တဲ့ အဲသလို နောက်သလိုလို ပြောဖူးတယ်။ သမီးဖိုးဖိုးဆုံးသွားတော့ အဝေးရောက်နေတဲ့ မိတ်ဆွေတွေကတောင် မလာနိုင်ပေမယ့် သူတို့တတ်အားသလောက် ကူညီကြတာ၊ မရောက်ရောက်အောင် လာတဲ့သူက လာတဲ့အပြင်၊ ကျန်းမာရေး မကောင်းလို့ သိသွားရင် သွားမှာဆိုးတဲ့ အတွက်  သားသမီးတွေက သတင်းစာကို ဖွက်ထားတဲ့ကြားက ရက်လည်ကာနီး အမှတ်တမဲ့ တွေ့ပီး မရောက်ရောက်အောင်လာခဲ့တာ၊ အောက်စီဂျင်ဘူးတန်းလန်းနဲ့ ရန်ကုန်မြို့ရဲ့ အပြင်က ဥယျဉ်မြို့တော်ဆီ မရောက်ရောက်အောင် လာခဲ့တာကို ပြန်သိရတော့ သမီးဖိုးဖိုးရဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းခဲ့တာတွေကို တရိပ်ရိပ် ပြန်မြင်လာခဲ့တယ်။ အဲဒါတွေ မေမေ တွေးမိပြီး သမီးကို ပြောစရာတွေ ဖြစ်လာခဲ့တာပေါ့။