အက်ဆေး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သရုပ်ဖေါ်ပန်းချီ မင်းကျော်ခိုင်

 

 

ဒီလိုဗျာ။  နေ့စဉ်ရက်ဆက်ဆိုသလို ကျွန်တော်ဟာ လိမ္မော်သီးကို သတိရနေတယ်။ ဘာကြောင့် သတိရ နေသလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ တစ်နေ့ တစ်နေ့ ကျွန်တော့်စိတ်ထဲ လိမ္မော်သီးပဲ ရှိနေတာတော့ သိတယ်။ သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်ဆိုသလိုမျိုး သွားလည်း ဒီလိမ္မော်သီး၊ စားလည်း ဒီလိမ္မော်သီး ဖြစ်နေတာ။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

chaw ei thein's art

 

(၁)

စကားထဲမှာကျ တောင်တွေ တစ်တောင်ပြီး တစ်တောင် ချီမနေသည်။ လက်ကတော့ မြေတဆုပ်တောင် သယ်ခဲ့ဖူးသလား မသေချာ။

သစ်စေ့ကလေးတစ်စေ့ ကြဲဖူးရုံသာရှိ၏။ ဒါပေမယ့် မျက်နှာပေးနှင့် အိုင်တင်ကတော့ တောကြီးတတောလုံး ကိုယ်ပဲစိုက်ထားခဲ့သယောင်ယောင်။

တစ်လှိမ့်နှစ်လိမ့် လောက်သာသွားခဲ့ဘူးသော ဘီးက မိုင်ထောင်ချီ ခရီးအကြောင်းပြောလျက်။ ထိုဘီး၏ ပန်းများက ပွန်းပင် မပွန်းသေး။

စစ်ပြန် ဓါးမြှောင်က မိုးဖိုချောင်သုံး ဓါးများကြား၌ လူတွင်ကျယ်လုပ်လွန်း၏။ တကယ့် တကယ်ကျ တိုက်ပွဲမှာ အမှန်တကယ်ပါခဲ့သလားဆိုတာ ဘယ်သူမှ မသိ။

အမှန်ပြောရလျှင်တော့ ဘာပန်းမှ မပွင့်သည့် ဥယျာဉ်ထဲတွင် အရွက်လှနေရုံဖြင့် လူရာဝင်နေခြင်းဖြစ်၏။ နည်းနည်းပါးပါး စာတတ်လျှင်တော့ အရွက်အလှများကို အဆုပ်အခဲပြုလျက် အပွင့်ပုံဖမ်းကာ စွာကျယ်စွာကျယ် လုပ်နိုင်ကြသေးသည် မဟုတ်လော။


Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဦးကိုယု ဆိုရင် ရှေ့နေလောက မှာအလွန် ရဲရင့်ပြီး၊ ဥပဒေကိုချစ်မြတ်နိုးတဲ့ ရှေ့နေကြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ အမျိုးသားဒီမိုကရစီ အဖွဲ့ချူပ်ကို စတင် တည်ထောင်သူတွေထဲက တစ်ဦးအဖြစ် သိရှိကြသလို ဘ၀သရုပ်ဖေါ် ၀တ္ထုတွေ၊ ဥပဒေလောက နောက်ခံဝတ္ထုတွေကို မောင်ကိုယု ကလောင်အမည်နဲ့ ရေးခဲ့သလို မောင်သစ် ဆိုတဲ့ ကလောင်အမည်နဲ့ အလွန်ပြောင်မြောက်တဲ့ သရော်စာတွေ ရေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ယနေ့ထိ မှတ်မိနေကြပါတယ်။

သူ အကျဉ်းထောင်က လွတ်မြောက်လာပြီးနောက် မော်ဒန်၊ ပို့စ်မော်ဒန် အနုပညာမဂ္ဂဇင်းဖြစ်တဲ့ သရဖူမဂ္ဂဇင်းမှာ သရော်စာများစွာ ရေးသား ပေးပို့ခဲတဲ့အထဲက၊ စာပေစိစစ်ရေး ပေါ်လစီကြောင့် အဲဒီခေတ်က ဖေါ်ပြခွင့် မရခဲ့ပေမဲ့ သရော်စာကောင်းတစ်ပုဒ် ဖြစ်နေတာမို့ ကောင်းကင် ပရိတ်သတ်အတွက် တင်ဆက်လိုက်ပါတယ်။


စာတည်းအဖွဲ့

 

 

Than htay maung's painting

 

မော်ဒန်တို့၏ မာယာ

အကုသိုလ် စိတ်တို့သည် နည်းပေါင်း ထောင်ချီ၍ ပုထုဇဉ်လူသားတို့၏ အာရုံအတွင်းသို့ ဝင်ရောက်တတ်ကြပါသည်။

အချို့သော ပညာရှိ ဝေဖန်ရေး လူကြီးမင်းတို့သည် စာပေတံခါးကို ပိတ်လိုက်လျှင် လူ့ဘောင်ကြီး၌ အကုသိုလ်များ ကင်းသွားလိမ့်မည်ဟု မျှော်လင့်နေကြ၏။

မိုက်မဲ့လှစွာတကား။

ပန်းခြံတံခါးကို ပိတ်ထားလိုက်ရုံမျှဖြင့် ကျီးကန်းများကို မဝင်အောင် တားနိုင်လိမ့်မည်ဟု ယုံကြည်သကဲ့သို့ပင်။

 ♣    ♣    ♣    ♣    ♣

 


Star InactiveStar InactiveStar InactiveStar InactiveStar Inactive

human with monkeys head

တိရစ္ဆာန်များတွင်သာ ဆုံးဖြတ်နိုင်သော အသိဥာဏ် သည့်ထက် မြင့်မြင့်ရှိမည်ဆိုလျှင် လူကို ရယ်စရာကောင်းသော ပုံပန်းသွင်ပြင်ရှိသည့် သတ္တ၀ါတစ်ဦးအဖြစ် သတ်မှတ်ပေမည်။ တခြားအပိုင်းတွေကို ထားပါဦး၊ ဦးခေါင်းထိပ်မှာ ပေါက်နေသော ဆံပင်မွေးများကို ပုံစံအမျိုးမျိုး ထားရှိကြသည်။ အရောင်ဆိုးကြသည်။ လူတွေအမြင်မှာ လှနေသည်ဆိုလျှင် လိုရာရောက်သည်ဟု ဆိုနိုင်ပါပြီ။ လှခြင်းကို ကျွန်တော်တို့ သတ်မှတ်တတ်သလို သတ်မှတ်ထားသည်ပဲ။


Star InactiveStar InactiveStar InactiveStar InactiveStar Inactive

other world

 

ဒီလိုပြောလိုက်လို့ ခင်ဗျားအံ့သြသွားလိမ့်မယ်ဆိုတာ ကျွန်တော်သိနေခဲ့တယ်။ ကျွန်တော်ဟာ သေဆုံးပြီးသား လူတစ်ယောက် ဖြစ်တယ်ဆိုတာ ခင်ဗျားကို ကျွန်တော်ဘယ်လိုရှင်းပြရမလဲ။ ကျွန်တော်သေဆုံးသွားတာကို ကျွန်တော့် မိန်းမကတောင် သိလိုက်တာ မဟုတ်ဘူး။ နောက် ကျွန်တော့်သားနဲ့သမီး။ သူတို့တွေကလည်း ကျွန်တော် သေဆုံးသွားပြီ ဆိုတာကို သတိတောင်ထားမိကြပုံ မပေါ်ဘူး။ ဘယ်လောက်များ စိတ်ပျက်စရာကောင်းသလဲဆိုတာပါ။ ခင်ဗျား ကျွန်တော့်ကို မရယ်နဲ့။ အိုဗျာ…ခင်ဗျားရဲ့ မျက်လုံးအကြည့် တွေပြင်လိုက်ပါဦး။ ခင်ဗျားနဲ့ ကျွန်တော်က အတွင်းသိအဆင်းသိတွေပဲဗျာ။ ကျွန်တော်ဘာဖြစ်နေလဲ ဆိုတာ ခင်ဗျားသိအောင်လို့ ကျွန်တော်က ပြောပြနေတာရတာကိုက မဟုတ်သေးဘူး ။ ခင်ဗျားက ကျွန်တော်ကို ရူးသွားပြီလို့ထင်နေတာလား။ မထင်နဲ့၊ မထင်နဲ့ ဒီလိုမထင်နဲ့။