အက်ဆေး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 htein lin

အိမ်ဘေးကလမ်းကလေးကို ဖြတ်ကနဲ ချိုးအကွေ့ ရုတ်တရက်လန့်သွားတဲ့ ဖြူမကိုကြည့်ပီး ကျမရယ်လိုက်မိပါတယ်။ သူ့အိမ်က တစ်ယောက်ယောက်လာတယ်ထင်ပီး လန့်သွားဟန်ကလည်း သူ့မျက်နှာမှာ အထင်းသား။ သူ့အိမ်ကလူ မဟုတ်မှန်းလဲသိတာနဲ့ ညိုကြီးရဲ့ ခန္တာကိုယ်ကို သူ့ကိုယ်နဲ့ပွတ်သပ်ပီး ပြန်ထိုင်လိုက်ပါတယ်။ အော်.. အချစ်.. အချစ်  တရိစ္ဆာန်တွေမှာလည်း အချစ်ကြောင့် ဗျာများရပါလား ဆိုတာ တွေ့လိုက်ရပါတယ်။ တကယ်တော့ ညိုကြီးက ထိုင်းနိုင်ငံကခွေး၊ ထိုင်းခွေးပေါ့လေ။ ဒါပေမယ့် ကျမတို့ ပတ်ဝန်းကျင်မှာတော့ ဘယ်ကဘယ်လို ရောက်လာမှန်းမသိ၊ ပိုင်ရှင်ဘယ်သူဘယ်ဝါမရှိတဲ့ ခွေးလေခွေးလွင့်တစ်ကောင်။ ဖြူမကတော့ ထိုင်းနိုင်ငံကို ရောက်လာတဲ့ မြန်မာပြည်ကခွေး၊ သူ့သခင်မက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ နယ်စပ်ကနေအလာ သူ့ခွေးလေးကို မခွဲနိုင်မခွာနိုင်ဖြစ်တာနဲ့ လူတစ်ယောက်စားရိတ်နီးပါး အကုန်အကျခံပီး ခေါ်လာခဲ့လို့ မြန်မာပြည်က ဖြူမနဲ့ ထိုင်းက ညိုကြီးတို့ ဖူးစာဆုံတွေ့ကြတယ် ပြောရမယ်ထင်ပါရဲ့။ ခွေးတွေအကြောင်း ပြောလို့ ကျမကို ခွေးချစ်တတ်သူလို့တော့ မထင်ပါနဲ့။ ကျမက ခွေးတင်မက တရိစ္ဆာန်ဆို ဘာကောင်မှ မချစ်တတ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

picture

ထောင်ထဲရှိနေတဲ့ ၂၀၀၀ ခုနှစ် ဆောင်းတစ်မနက်မှာ ရေးဖြစ်တာပါ။ အဲဒီမနက်က နှင်းတွေ တအားကျလို့ ထောင်ဖွင့် နောက်ကျပါတယ်။ တိုက်ခန်းထဲကအားလုံး ထောင်ဖွင့် သံချောင်းသံကို စောင့်နေကြချိန်မှာ ကျနော့် မျက်နှာချင်းဆိုင် တိုက်ခန်းထဲက ရဲဘော်တစ်ယောက်က ခင်ဝမ်းရဲ့ ပြည်မှာဆောင်းသီချင်းကို တိုးတိုးလေး ညည်းနေပါတယ်။ သူညည်းနေတဲ့ သီချင်းသံကို နားထောင်ရင်း စိတ်အာရုံမှာ စကားလုံးတွေ ထင်လာပါတယ်။ ဒါနဲ့ ဒီအရေးအသားတွေကို ချရေး ဖြစ်သွားပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
picture

 နေခြည်ဝင်းဝင်းနှင့် လှုပ်လှုပ်ရှားရှား ပတ်ဝန်းကျင်တို့မှ တဆင့် နွေးထွေးသော အပျော်ကို သယ်ဆောင်လာခဲ့ပေးသော နွေဦးတစ်ခု လွန်မြောက်ခဲ့ပြန်ပြီ။ နှင်းဖွေးဖွေးနှင့် သစ်ကိုင်းခြောက် ထီးထီးတွေကြားမှာ တချိန်လုံးလိုလို ငိုချင်ဝမ်းနည်း နေခဲ့ရသော တိတ်ဆိတ်သည့် ဆောင်းပန်းချီကို မေ့လျော့ဖို့ ကြိုးစားနိုင်သည့် အင်အားကိုလည်း နွေဦးက သယ်ဆောင်လာပေးခဲ့သည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

 

 

 ပါဖေါင်းမင့် သမားတဦးရဲ့ မှတ်စု


ကျွန်တော် ဧပြီလ(၃) ရက် နေ့မှာရန်ကုန်မြေကို ပြန်ရောက်ခဲ့ပါတယ်။

(၄)ရက်နေ့မှာတော့ နိုင်ငံရေး အကျဉ်းသားဟောင်းကိုလွင်ကိုလတ်ရဲ့

  

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

(၁)

မျက်စိရှေ့ စားပွဲပေါ်တွင် ရှိနေသော ဂျာနယ်နှစ်စောင်ထဲမှ တစ်စောင်၏ မျက်နှာဖုံး သတင်းခေါင်းစဉ်တချို့ကို ကြည့်သည်။ “လျှပ်စစ် ဓာတ်အားခ နှုန်းထားများ တိုးမြှင့်သတ်မှတ် ဆိုသော ခေါင်းစဉ်က အတွင်းဘက် စာမျက်နှာဆီသို့ ညွှန်းထား၍ သူ့အညွှန်းအတိုင်း လှန်ဖတ်ကြည့်သည်။ ၂၀၁၂၊ ဇန်န၀ါရီ (၁) ရက်မှစ၍ တိုးမြှင့် ကောက်ခံ သွားမည့်နှုန်းထားများကို ဖော်ပြထားသည်။ ဤသတင်းကို ဖတ်နေရင်းမှာ စိတ်ဝင်စားစရာ တွေ့လိုက်ရသဖြင့် ဂရုစိုက်ပြီး ဖတ်ကြည့်မိသည်။

           

“… တစ်နှစ်မှာ မြန်မာငွေကျပ် ဘီလီယံ ၂၆၀ လောက် အရှုံးပြနေပါတယ်။ လျှပ်စစ်တစ် ယူနစ်အတွက် ကျပ် ၃၀ လောက် အရှုံးပြပါတယ်။ ဒီနှစ်မှာ ဘီလီယံ ၂၅၀ လောက် ရှုံးမယ် ဟု အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ဒီဇင်ဘာလ ဆန်းပိုင်းက ပြောကြားခဲ့သည်။

(မြန်မာသမာဓိဂျာနယ်၊ ၂၃၊ဒီဇင်ဘာ၊ ၂၀၁၁)

 

သတင်းကိုဖတ်ပြီး “အော် .. အတော့်ကို အရှုံးပေါ်နေပါလား၊ တစ်ယူနစ်ကို ကျပ် ၃၀ လောက် ရှုံးနေတာတောင်မှ ငါတို့ဆီက တစ်ဆယ်ပဲ တိုးကောက်တာဆိုတော့ ပေးရမှာပေါ့လေ ဟု ခပ်ဖျော့ဖျော့လေးပဲ တွေးလိုက်မိသည်။ “သူတို့ခမြာ သနားစရာ ဟုပင် အဆစ်ကလေး တွေးလိုက်သေးသည်။ ဟိုရက်ပိုင်းတုန်းက ကြားရတဲ့ သတင်းက မှန်သွားပြီးပေါ့ဟုပါ စဉ်းစားမိလိုက်ပြန်သေးသည်။