အက်ဆေး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ငငင

 

လူတွေမှာ အသက်ကြီးလာလေ စိုးရိမ်စိတ် များလာလေ ကြောက်စိတ် ပိုလာတတ်လေ့ ရှိသည်လို့ တော်တော် များများ ပြောကြတာ ကြားဖူးပါသည်။ ကြောက်စိတ် ဆိုသည်မှာ စိုးရိမ်စိတ်က မြစ်ဖျားခံခြင်း ဖြစ်လေရာ စိုးရိမ်စိတ်ကိုလည်း ကြောက်စိတ်ဟုပင် ပြောတတ်ကြသည်။ ကျမသိသလောက် လူတော်တော် များများသည် ငယ်စဉ်ကတည်းက စိုးရိမ်စိတ် ကြောက်စိတ်များဖြင့် ရောထွေးစွာပင် ကြီးပြင်းခဲ့ရလေသည်။ ကိုယ့်ကိုယ်ကို ပြန်စစ်ကြည့်ရာတွင်လည်း  ကျမသည် စာမေးပွဲကျမှာကို စိုးရိမ်ခြင်း၊ ကြောက်ခြင်း၊ စာမရ၍ ဆရာမရိုက်မှာ ကြောက်ခြင်း၊ အမေဆူမှာ ကြောက်ခြင်း၊ လမ်းသွားရာတွင်ပင် လမ်းမှာ ဘိနပ်ပြတ်မှာ ကြောက်ခြင်း၊  စသဖြင့် ကြောက်ခဲ့ရတာတွေ များလှသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

hl

 

သက်ပြင်းချမိမလိုဖြစ်သွားတဲ့အခိုက် မချမိအောင် တ၀က်တပျက်မှာ ထိန်းလိုက်ပြီးမှ

အို..ဘာလို့ ထိန်းချုပ်ရမှာလဲလို့ တဆက်တည်းလိုလိုတွေးမိရင်း သက်ပြင်းကို မျှင်းပြီး

ချမိတယ်။ သက်ပြင်းလေညစ်တွေကုန်စင်သွားတဲ့အထိ သေချာစောင့်ကြည့်ပြီးမှ ၀င်သက်

ကို အလောတော်အနေထားမျိုးဖြစ်အောင် အထူးကြပ်မတ်ပြီး ပြန်ရှူသွင်းတယ်။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

စံမင်း

လွန်ခဲ့သော နှစ်ဆယ့်တစ်နှစ်က ဒီနေ့ရက်မှာ သမီးကြီးကို မွေးဖွားခဲ့သည်။ယောင်္ကျားလေးမှ မိန်းကလေးမှ ဟူ၍ စိတ်မှာ မရှိ။ သမီးဖေဖေရော ကျမပါ ဘာလေးဖြစ်ဖြစ်ဟု ပြောဖြစ်ကြသည်။ မွေးကာနီးတော့ ဘာလေးဖြစ်မလဲ မသိဘူး၊ ဘာလေးလိုချင်သလဲ မေးတော့ သမီး  ဖေဖေက လူလေး ဟုဆိုလေရာ ကျမ ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရသည်။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


mnw

 

မိခင်မြေနဲ့ မိခင်မြေက ချစ်ခင်ရသူတွေ

အကြောင်းပြန်စဉ်းစားလိုက်တိုင်း

ကျမရင်ကိုနွေးထွေးလွမ်းဆွတ်စေသူ တွေထဲမှာ

ပန်းချီမောင်ညိုဝင်းပါဝင်ပါတယ်။မြန်မာပန်းချီလောကမှာ

မောင်ညိုဝင်းဆိုတဲ့နံမည်ကိုကြားရသူတိုင်း က

သူ့အနုပညာကိုတန်ဖိုးထားအလေးပြုလျှက်

သားဖြစ်ပါတယ်။ ကြံ့ခိုင်တဲ့မေးရိုးကြောင့်တည်ကြည်ပြီးသား

မျက်နှာမှာအရာရာကိုအလေးအနက်ထားတတ်တဲ့သဘာဝကြောင့်

ဦးညိုဝင်းကိုလူပုဂ္ဂိုလ်အနေနဲ့လည်းလေးစား ကြပါတယ်။


User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active

picture

ရန်ကုန်တက္ကသိုလ်၊ အမိတက္ကသိုလ် နှစ်(၁၀၀) ပြည့်တော့မည်တဲ့။ တက္ကသိုလ်မြေကို လွမ်းလှသည်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို အောက်မေ့သည်။ တက္ကသိုလ်အတူတက်ခဲ့သည့် သူငယ်ချင်းများကိုလွမ်းသည်။ သစ်ပုပ်ပင်၊ ဘွဲ့နှင်းသဘင်အဆောက်အဦ၊ တက္ကသိုလ်စာကြည့်တိုက်ကြီး၊ ရေတမာတန်း၊ စာကြည့်တိုက်နားက ကံ့ကော်ပင်တွေ ၊အမြဲလျှောက်ခဲ့ရတဲ့ ပုဂံလမ်း... မဆုံးနိုင်အောင် လွမ်းစရာတွေပင်။