Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


 သရုပ်ဖေါ် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အဲဒါ ဒီနေ့တီးမယ် သူ့လက်ထဲက ပြန်တောင်းလိုက် ဇာတ်လမ်းကို ငရဲမင်းကြီးရဲ့ အထူး

စီရင်ရေးရုံးနဲ့ ဖွင့်ပါတယ် kanebo မှာ ကိုရဲဆိုတာ ရှိတယ် “အရွယ်ကောင်းတုန်း လင်ရှာ” တဲ့

မျက်နှာပေးက 4.8 Ln 5 အခုပြောနေတာ ဘယ်သူလဲ နံပါတ်တော့ မမှားဘူး စာမျက်နှာလဲ မမှား

ဘူး ဒီနေ့ရုံးဖွင့်ရက်ဆို သန္ဓေဥများ ဘဲပေါက်စလေး ရေထဲ တဖြည်းဖြည်းချင်းဆင်းသွား ကိုကို

အိပ်ယာက ထပြီ ဇယားတွေပဲ ဇယားကို ညာဖက်ထိပ်က မျဉ်းအရှည်ကြီး တကြောင်းဆွဲပြီး ကန့်

လန့် လန့်ဖျန့်သွားတဲ့ ငှက်တွေ ခေါင်မိုးထိပ် အသိုက်ကို စွန့်ခွာကြပေါ့

        ငါက သူတို့ထက်တောင် ခိုကိုးရာမဲ့သေးတယ်

        ငါ့မှာ..

        အတောင်ပံလဲမရှိဘူး

        ဘယ်ကို ပျံသန်းရမှန်းလဲ မသိဘူးလေ။ (ယာယောဆလဗ် ဆိုက်ဖဲရ်) နောက် တစ်ကြောင်းပြီး

တစ်ကြောင်း မျဉ်းတွေ မြင်းတွေ ဖုံလုံးတွေ စစ်ချီ အောင်လံတွေ အောင်စည် အောင်မောင်းတွေ စစ်

သည်တွေ မင်း ဘာ ‘တွေတွေကြီး’ လုပ်နေတာလဲ သူ့ဇယားက ဘာလဲ ကျန်းမာရေးအတွက် ဗွတ်ဇင်ဂ

သုတ် နေရောင်ခြည် အကူအညီဖြင့် ပြေလွတ် ထွက်သွားသောတစ်သျှူးစက္ကူလိပ် လမ်းတလျှောက် ဆိုင်း

ဘုတ်တွေ မြင်မဆုံး ဖတ်မဆုံး (မြင်မကောင်း ဖတ်မကောင်းဟု ယူလျင်လဲရ) တဂျုံးဂျုံးနှင့် အသံအလွန်

မြည်သော ကားဟောင်း၊ ကားအို၊ ကားစုပ် ရုပ်ရှင်ပြနေတယ် ဟယ်..တကယ်လိုပဲနော် အားလုံးအဆင်

ပြေ ချောမွေ့သွားပြီဗျို့ ပီယဝါစာ ချစ်ခင်မြတ်နိုးဘွယ်ကောင်းသောစကား ရှင့်စာထဲမှာကိုက မောင်တို့

ဆိုစေ ပျားသကာ အဲဒါ ဒီနေ့ တီးမယ် ကေ့ခ်ျကလွဲလို့ အားလုံးဂေး ဆက်ရေးရမယ့် သမိုင်းပေးတာဝန်

(ပလပ်စတစ်အကြည်ဖြင့် အုပ်လျက်) မျှောလိုက်သော ရေဖြင့် အရောင်တွေ ပြန့်သွားပုံ စကားတွေပြန့်

သွားပုံ အဖြစ်အပျက်တွေ ပြန့်သွားပုံ သမိုင်းတွေ ပြန့်သွားပုံ ကမ္ဘာကြီးပြန့်သွားပုံ စကြာဝဠာတခုလုံး

ပြန့်ကားနေပုံ စာကောင်းရင် မအေပေး တွေက အများစု ဟားဘတ် တက်ကြတယ် ။      

 

 

ခင်အောင်အေး

 

၂၊ မေ၊ ၂၀၁၀ စင်္ကာပူ စံတော်ချိန် ၁၀း၀၄ နာရီ