Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

KAA

 

နှဲရေလည်စိမ်ကို စန္ဒယားဖြင့်မွှေနှောက်ပြ

ဥပေက္ခာ မပြုနိုင်သေးတာကိုက ခံစားမှု၊ တုန်လှုပ်မှု

ဗဟိုဘဏ်၏လုပ်ပိုင်ခွင့်များ ငွေလွှဲစာတမ်း ပျက်ပြယ်ခြင်း

မြင်းကို ဇက်နိုင်နိုင်ထိန်း၍ မြင်းကို အသားကျစီး၍ မြင်းကိုနှင်တံဖြင့်

ကားတံခါးကို ဆွဲပိတ်လိုက်ပြီး မြေလမ်းပေါ်မှ ကတ္တရာလမ်းပေါ်မောင်းတက်လိုက်သည်

မီးခိုးတလူလူ တိုက်အမြင့်ကြီးတွေ မိုးထိုးနေလျက် ကားပုတီးစေ့များ အဝင်ဆိုးတဲ့

ဆေးတခွက်ကို မျက်နှာ ရှုံ့မဲ့စဉ် ပေါင်းပင်များ အိုကေ..ဒီလို လုပ်ရအောင် ပေါင်းပင်များ

ခေါင်းကိုက်တယ်ဗျာ မျက်နှာရှံ့မဲ့လျက် ပေါင်းပင်များ မျက်နှာချိုချို စိတ်ကူးချိုချို ဒါပေမယ့်

ပေါင်းပင်များ မြင်းများသည် ကွင်းပြင်သို့ ချဉ်းကပ်လာပြီးလျင် ထုံးတမ်းဓလေ့ အစဉ်အလာ

အတိုင်း အားပါးတရ တယောက်လက် တယောက် အားရပါးရ ဆွဲခါရမ်းလျက် ပေါင်းပင်များ

တဟားဟားရယ်မော ဈေးနှုန်းသည် တုံရင်လျက် လက်တဖက်က ခါးမှာ ကိုယ်စီထောက်လျက်

ကျန် လက်သုံးဖက် ပြိုင်တူ ဆွဲခါရမ်းလိုက်ကြတယ် ဒါပဲ စာချုပ်ထက်ခိုင်မာတဲ့ အမူအယာစာချုပ်

ယမုန်နာနှင့် လင်္ကျာမင်းထင်နှင့် တက္ကသိုလ်သုမောင်နှင့် ပေါင်းပင်များ မင်းအခုထိမသွားသေးဘူးလား

ပေါင်းပင်များ ဘာ ရစ်နေတာလဲ ပေါင်းပင်များ ရင်ထဲမှာ တော်တော်မကောင်းဘူး ပေါင်းပင်များ

ခေါင်းကို ပတ်တီးစည်းနှောင်လျက် သွေးများစွန်းပေလျက် ပြေးလွှားလျက် ယောက်ယက်ခတ်လျက်

အထိန်းအကွပ်မဲ့လျက် ပေါင်းပင်များ စိတ်ကူးအာရုံအဟုန်နဲ့စိတ်အာရုံထဲပေါ်လာတာကိုလိုက်ရေး

ပြီးမှ စကားလုံးတွေစကားစုတွေကိုစကားပြေအခြေပြုကဗျာရဲ့နည်းတွေနဲ့ ပေါင်းပင်များ ကဗျာဟာ

စကားလုံးအသုံးပြု အနုပညာဖြစ်တယ် ပေါင်းပင်များ ကွန်ပြူတာတလုံးစီ၏ရှေ့မှာ မျက်နှာချင်းဆိုင်လျက်

တံခါးကိုဆောင့်ပိတ်လိုက်တာ ဘာမှ မတုံ့ပြန်မိအောင် အောင့်အည်းလျက် ဂျာမန်တွေဝင်လာပြီ

ပေါင်းပင်များ တောင်အာဖရိကမှာလဲ ဒီအကြောင်းပဲ ပြောကြဆိုကြလို့ ပေါင်းပင်များ တင်းနစ်

ဘောလုံး တစ်လုံးဟာကံကြမ္မာလို့ တေးရေးဆရာတယောက်က သေချာခဲ့ဖူး ပေါင်းပင်များ

ခင်ဗျားနဲ့ကျနော် လိပ်ပြာအတောင် မှိတ်တုတ်မှိတ်တုတ် အငွေ့တထောင်းထောင်း ကော်ဖီ

ပန်းကန်ထဲမှာ အလှဆင်ထားတဲ့ ပန်းများ ပေါင်းပင်များ ကျမ/ဒီကနေ့/ပထမမြစ်လို့ ခေါ်

ဆိုကြတဲ့ (အမှန်က ဒုတိယမြစ်) ကို ပေါင်းပင်များ ဖတ်လို့ ပေါင်းပင်များ မရဘူး ။     

 

ခင်အောင်အေး

၁၈၊ မေ၊ ၂၀၁၀ စင်္ကာပူ စံတော်ချိန် ၁၁း၂၉ နာရီ