Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

သရုပ်ဖော် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တစ်ခုခုရေးမယ်ကြံရင် အစဦးဆုံး ဇော်ဂျီဝမ်းကိုရွေးပေးရတယ် ဒါ ဒီနေ့တနေ့လုံးအတွက်

ဘယ်နှစ်ခုမြောက် ရွေးချယ်မှုလဲ .. ရွေးနေရတာပဲ  ရွေးချယ်နေရတာကိုက ဘဝ သင်ယူတတ်

မြောက်ခဲ့သမျှပညာအားလုံးတောင် ရွေးချယ်မှုနဲ့ပဲ အဆုံးသတ်ရတာပဲ ဒါကြောင့် ပြောင်းလို့

မရဘူးလို့ ယုံတယ်လို့ဂင်းစ်ဘာ့ဂ် ကပြောတယ် တုပမှုဆိုတာ ရာသီဥတုက သိပ်ပူတယ်ဗျာ ခရေပင်

အောက်ကိုတစ်ကြိမ် ခြံစည်းရိုးဘေးကိုတစ်ကြိမ် စာအုပ်စင်နားတစ်ဝိုက် ပျားကောင်သေးသေး

လေးတွေ အုံကျင်းဖွဲ့စ ပြုနေပြီဗျ ခင်ဗျားရဲ့ ဝရံတာမှာ သံပုရာပင် ဆိုလည်း သံပုရာပင် စပျစ်သီး

ချဉ်တဲ့ ဇာတ်လမ်းက တအား ရိုးအီနေပြီ ဆင့်ပါးစပ်ကိုနှမ်းပက်မယ့် အုံလိုက်ကျင်းလိုက် ပရော

ဂျက်တွေ ရောက်ရာအရပ်က ဖုံးခေါ်ပါ ၁၉၉၀ အမေရိကန်ရဲ့ poet laureate ကဗျာစာအုပ် ၉အုပ်

ထုတ်ဝေပြီးပါပြီ ထောင့်စွန်းနှစ်ဘက်က ယိုကျလာတယ် ကောင်းတယ်ဗျာ ပန်ကာလေကိုပဲ မလွှဲ

မရှောင်သာ အားကိုးရသပေါ့ ညည်းတွားတယ် နောက် မီးဖိုချောင် ညစ်တီးညစ်ပတ် ငါ့ကိုယ်ငါသတ်

နောက်တကြောင်းနဲ့ ဆက်စပ်လို့လဲမရ ဝက်ကျ ပါဒ အစရှိသဖြင့် ညည်းညူ ပြောဆို မြည်တွန်

တောက်တီး တောက်တဲ့ က ၂ ကောင်တောင်ရှိတယ် ညည သူတို့ အော်တဲ့အသံ တစ်ကောင်နဲ့

တစ်ကောင်မတူဘူး ကျနော်က ဘာကို အထူးပြုရမလဲ အာရုံစိုက်စရာတွေကလဲ အများသား

လူ့အခွင့်အရေး /ပတ်ဝန်းကျင်ထိန်းသိမ်းမှု /climate change /ကျွတ်ကျွတ်အိတ်အသုံးဆန့်ကျင်ရေး

/အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး / မစားရတာကြာတဲ့ မုန့်ဟင်းခါး မှာနေတုန်း

အရေးကြီး ပုဂ္ဂိုလ် ဝင်လာ ဆေးလိပ်တစ်ပွဲပါ ဆက်မှာပြီး သူငယ်ချင်းက ဦးထုပ်ကောက်ဆောင်းတယ်

ဟင်းရေထဲမှာ ပေါလောမျောနေတဲ့ ကြက်သွန်ဖတ် တောင်သမန်ရွှေအင်းက လေညှင်းဆော် စာအုပ်

ကိုင်ကာ ဆိုင်ကယ်စက်နှိုးကာ (သူ ရေချိုးနေတာ မသိကျိုးကျွန်ပြုခဲ့တယ်) ကဗျာအကြောင်းမရေးပါနဲ့

ဆေးဝါးကို စမ်းသပ်တယ်။ အဆောင်အိပ်ခန်း နံရံပေါ် အမှုကို ပြီးစေတတ်သော အကြောင်းတရားငါးပါး

ဟိုင်း..တွမ် -

အားလုံးဟာ အသစ်စက်စက်တွေ မဟုတ်ဘူး

တစ်နေ့မှာ ကားအစီး ၁,၃၇၅ စီးတိုးလာ

ခင်ဗျား ဘာသိချင်သေးလဲ

ရောဂါဖြစ်မှာ စိုးရိမ်လို့

ယာဉ်ကျောပိတ်ဆို့မှု အသစ်စက်စက်

ကျွန်တော်တို့ တရုတ်ကြီး WTO

အစစ အဆင်ချောပါစေဗျာ

ခင်ဗျားရဲ့မိုက်ကယ်

ဦးဝေကား သက္ကရာဇ်၁၁၈၇ ခုနှစ်ဖွား အင်္ဂပူသားဇာတိ ဖြစ်ပေသည်။ မွန်အနွယ် မှူးမျိုး မတ်မျိုးတည်း အတုလေ၊၃၆၀။ ပရိပုဏ္ဏေ၊ပြည့်လတ်သော်။

 

ကမ္ဘာပြားပြီ။       

 

 

 

ခင်အောင်အေး

၂၀၁၀ ဧပြီ ၂၂ ရက် ဘန်ကောက်စံတော်ချိန် ၁၉း၃၅ နာရီ