သတင်း
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 4293
မန္တလေးသား ကဗျာဆရာ အောင်ချမ်းရဲ့ ကဗျာစာအုပ် 'ဘယ်တယောသံမှ ဗီသိုဘင်နားထဲမဝင်ဘူး' မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီက မန္တလေးမြို့ ၇၈လမ်း မင်းသီဟကဖေးမှာ ကျင်းပပြုလုပ်ရာ ကဗျာဆရာ စာရေးဆရာ နဲ့ စာနယ်ဇင်းဆရာတွေ စုံစုံညီညီ တက်ရောက်ကြတယ်။ဒီပွဲမှာ ဆရာသင့်နော်က အခန်းအနားမှုးအဖြစ်ဆောင်ရွက်ပြီ
းစိုးနိုင်(မန္တလေးတက္ကသိုလ် ,ညီပုလေး,အောင်သန်းချစ်,ကိုငြိမ်း(မန္တလေး),မောင်တင်သစ်,မောင်သင်းတို့က မုဒိတာစကားများပြောကြားကြပါတယ်။ဆက်လက်ပြီး ရေးဖော်ကဗျာဆရာများက အောင်ချမ်းစာအုပ်ထဲက မိမိနှစ်သက်ရာ ကဗျာများ အမှတ်တရ ရွတ်ဆိုကြပြီး အခန်းအနား ရုတ်သိမ်းခဲ့ပါတယ်။
အောင်ချမ်းဟာ မြန်မာမှု မြန်မာစာပေအပေါ် လေးနက်သက်ဝင်တဲ့ တရုပ်နွယ်ဖွား လူငယ်ကဗျာဆရာတစ်ဦးဖြစ်ပါတယ်။
တရုတ်,စင်ကာပူ,ထိုင်ဝမ်,ဂျပန်,မလေးရှား,ဟောင်ကောင်ထုတ် စာစောင်တွေမှာလည်း တရုတ်ဘာသာစကားနဲ့ ကဗျာများရေးသားလျက်ရှိကြောင်း သိရပါတယ်။
'ပန်းချီ'အမည်ရတဲ့ အောင်ချမ်းကဗျာတစ်ပုဒ်ကိုမိတ်ဆက်ပေးလိုက်ပါတယ်။

ပန်းချီ
ပန်းချီကားတစ်ချပ်
အိမ်, သစ်ပင်, ပန်းခြံ
ခွေး, မြင်း, ကြက်, ဘဲ, ဝက်, နွား
စုံလင်မွေးမြူရေး
ကားချပ်ထဲပေါ်လွင်
သေချာစိုက်ကြည့်
အံ့သြသွားသည်
လူမရှိ။ ။
အောင်ချမ်း
ပန်းချီကားတစ်ချပ်
အိမ်, သစ်ပင်, ပန်းခြံ
ခွေး, မြင်း, ကြက်, ဘဲ, ဝက်, နွား
စုံလင်မွေးမြူရေး
ကားချပ်ထဲပေါ်လွင်
သေချာစိုက်ကြည့်
အံ့သြသွားသည်
လူမရှိ။ ။
အောင်ချမ်း