သတင်း
- Details
- Written by လေးကျွန်းမြေ - တောင်ငူ
- Category: သတင်း
- Hits: 6426
(၅၁) မြောက် - ၇ ဇူလိုင် - အထိမ်းအမှတ်နေ့ အခမ်းအနား
နှင့် ကေတုအိုးဝေစာကြည့် ဖွင့်ပွဲ ကို တောင်ငူမြို့  ၊ မင်ကြီးညို ရပ်ကွက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို ဗ.က.သ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို နှင့် ပဲခူးတိုင်းအနောက်ခြမ်း ဗ.က.သ ဥက္ကဋ္ဌ ကိုအာကာဦး၊ တောင်ငူခရိုင် ဗ.က.သ ကျောင်းသားကျောင်းသူများ၊
တို့က ကိုယ်တိုင်ကဗျာရွတ်ဆိုခဲ့ကြပါသည်။
အခမ်းအနားတက်ရောက်လာကြသူများ နှင့် ဗ.က.သ အဖွဲ့ဝင်များက သံပြိုင်သီဆိုကြပြီး၊အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သိရပါတယ်။
လေးကျွန်းမြေ - တောင်ငူ
- Details
- Written by မင်းရဲညွန့်လှိုင်
- Category: သတင်း
- Hits: 5571

မဇ္ဈိမသတင်းစာ၏မန္တလေးမြို့စာပေအနုပညာရှင်များဖြန့်ချီရေးတာဝန်ခံများ မိတ်ဆွေများနှင့်မိတ်ဆက်ပွဲ
အခမ်းအနားကိုယနေ့(ဇွန်လ၃၀ရက်)နံနက်ခင်းတွင်မန္တလေးမြို့ ၈၄လမ်း(၂၉လမ်းနှင့်လမ်း၃၀ကြား)ရှိယူနီစန်
လဘက်ရည်ဆိုင်တွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင်အခမ်းအနားမှူးအဖြစ်ကဗျာဆရာအနီမောင်ကဆောင်ရွက်ပြီးမြို့ခံစာရေးဆရာများ
ဖြစ်ကြသည့်ဆရာဆူးငှက် နှင့် ဆရာညီပုလေးတို့ကနှုတ်ခွန်းဆက်မုဒိတာစကား
ပြောကြားကြသည်။
မဇ္ဈိမသတင်းစာ၏တာဝန်ခံစာတည်းမှူးတစ်ဦးဖြစ်သူဦးငြိမ်းဝေ(ကဗျာ့အိုးဝေ)ကသတင်းစာနှင့်ပတ်သက်
သည်များကိုရှင်းလင်းပြောကြားပြီးကဗျာဆရာမောင်ကြည်သော်(ကောလင်း)က"ရွှေပြည်တော် မျှော်လျင်
ရောက်ရမည်"ကဗျာအားရွတ်ဖတ်ခဲ့သည်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကျောင်းသားအချို့စတင်ထူထောင်ခဲ့သည့် မဇ္ဈိမမီဒီယာသည်ပြည်ပတွင်
(၁၅နှစ်)ကြာရပ်တည်ခဲ့ပြီးဒီမိုကရေစီရေးအပြောင်းအလဲများအတွက်တွန်းအားပြုခဲ့သည်။၂၀၁၂ခုနှစ်တွင်
ပြည်တွင်းသို့ဝင်ရောက်ပြီးမဇ္ဈိမမီဒီယာကုမ္ပဏီလီမိတက်
အနေဖြင့်ဖွဲ့စည်းခဲ့သည်။ယခုအခါနေ့စဉ်သတင်းစာအပြင် အင်္ဂလိပ်ဘာသာဖြင့် m-zine+ အပတ်စဉ်စီးပွား
ရေးမဂ္ဂဇင်း ရုပ်သံအစီအစဉ်နှင့် အွန်လိုင်းဂျာနယ်တို့ကိုလည်းထုတ်လွှင့်ဖြန့်ချီလျက်ရှိကြောင်း
သိရှိရသည် ။ ။
မင်းရဲညွန့်လှိုင်
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 6171

တစ်ကိုယ်တော်ပြပွဲ ကို မန္တလေးမြို့၊ သီရိပန်းချီအနုပညာပြခန်းမှာ မေ ၈
ရက်က ၁၂ ရက်နေ့ထိ ၅ ရက်ကြာ ပြသခဲ့ပါတယ်။ ဒီပြပွဲဟာ ဆရာ သိန်းဆိုင်ရဲ့
အကြိမ် (၂၀)မြောက် ပြပွဲလည်း ဖြစ်ပါတယ်။
ဆရာ သိန်းဆိုင်ဟာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ဇာတိဖြစ်ပြီး ရန်ကုန်
ပန်းချီ ပန်းပု ကျောင်း မှာ ၂၀၀၃ ခုနှစ်က ၂၀၀၆ ခုနှစ်ထိ
ပညာဆည်းပူးခဲ့ပါတယ်။
ဆရာ သိန်းဆိုင်ဟာ ၂၀၀၄ ခုနှစ်ကစပြီး ပြည်တွင်းပြည်ပမှာ
ပန်းချီပြပွဲပေါင်းများစွာ ပြသခဲ့သလို The Myanmar Youth Painting (2nd
prize-2004), Elephant Prize (20-Finalist-2006), Elephant Prize ((1th
prize-2007), Beauty of Myanmar (III) (Special Prize-2007), Myanmar
National Portrait Competiting (20-Finalist-2011), The Myanmar Youth
Painting (1th prize-2012) ဆုများ ဆွတ်ခူးခဲ့တဲ့ လူငယ် ပန်းချီကျော်
တစ်ဦး ဖြစ်ပါတယ်။
အခု ပြသတဲ့ Dancer & Colours ပြပွဲမှာ မြန်မာမင်းသမီး ကကြိုးကဟန်
မျိုးစုံ ကို စိတ်ကြိုက် ကာလာများ နဲ့ ခြယ်မှုန်းထားတဲ့ ပန်းချီကားများ
တင်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။
" မန္တလေးမြို့က အနုပညာ အမွေအနှစ် အားကောင်းတဲ့မြို့ဖြစ်တဲ့ အတွက်
ပန်းချီဆရာတွေ အနုပညာမြတ်နိုးသူတွေ အများကြီး လာရောက်အားပေးပါတယ်။
အကြံဉာဏ် နဲ့ ဝေဖန်ချက်တွေ လည်း ပေးခဲ့ပါတယ်။ ပန်းချီကား ၂၁ ကား
ခင်းကျင်းပြသခဲ့တဲ့ အနက် ၅ ကား ရောင်းချခဲ့ရပါတယ်"လို့ ဆရာသိန်းဆိုင်က
ပြောပါတယ်။
ဒီ ပြပွဲ ပြီးရင် ရန်ကုန်မြို့၊ ပန်းဆိုးတန်း က လောကနတ်ပြခန်း မှာ Group
Show တစ်ခု စက်တင်ဘာလထဲမှာ ပြသဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 5819
စာနယ်ဇင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းနေခဲ့တာ ၄၆နှစ်ကြာခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ ပထမဆုံးပုဂ္ဂလိက သတင်းစာများ ၂၀၁၃ ဧပြီ ၁ ရက်ကပေါ်ထွက်ခဲ့ပါပြီ။ဒီကနေ့အထိ သတင်းစာ ၅ စောင်ထွက်ရှိနေပြီဖြစ်ရာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့အာဘော် ပြည်ထောင်စု နေ့စဉ်သတင်းစာလည်းအပါအဝင်ဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အာဘော် ဒီလှိုင်းသတင်းစာကတော့ ထုတ်ဝေခွင့် ရရှိပြီးဖြစ်ပေမယ့် ဒီနေ့အထိ ထုတ်ဝေနိုင်ခြင်း မရှိသေးပါဘူး။အခုထိ ပေါ်ထွက်သမျှ သတင်းစာတွေထဲမှာ အရင်က အပတ်စဉ်ထုတ် ဂျာနယ်အဖြစ် အရှိန်ရခဲ့ပြီးသား the Voice နဲ့ 7Day သတင်းစာတွေက ဈေးကွက်ဝေစု ပိုမိုရရှိနေပြီး မျက်နှာသစ်များဖြစ်တဲ့ ရွှေနိုင်ငံသစ်နဲ့ စံတော်ချိန် သတင်းစာတွေက အားယူရဆဲဖြစ်တာ တွေ့ရပါတယ်။
ပြည်ထောင်စုနေ့စဉ်က နိုင်ငံတကာ အရွယ်အစား စံချိန်မီ ထုတ်ဝေတာဖြစ်ပေမယ့် ပရိသတ် စိတ်ဝင်စားမှု သာမာန်မျှသာ ရှိပါသေးတယ်။
မကြာခင်ရက်ပိုင်းအတွင်း Eleven နဲ့ Messanger သတင်းစာတို့ ပေါ်ထွက်လာဖို့ ရှိပြီး သူတို့ရဲ့ လက်ဆကို စောင့်ကြည့်ရပါမယ်။
အခုထိတော့ သတင်းစာနဲ့ဂျာနယ်မကွဲသေးဘူးလို့ ပရိသတ်က ဝေဖန်ကြပြီး သတင်းစာစစ်စစ်အရသာကို မျှော်လင့်နေကြပါတယ်။
အထက်ဗမာပြည် မန္တလေးမြို့ကလည်း မြန်မာဓိကသတင်းစာ အမည်နဲ့ နေ့စဉ်သတင်းစာတစ်စောင် ပေါ်ထွက်လာဖို့ ရှိပါတယ်။
ပုဂ္ဂလိကသတင်းစာများ ဖူးပွင့်စ အချိန်မှာ ပြန်ကြားရေးဝန်ကြီးဋ္ဌာနကလည်း သူရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းကို လွှတ်တော်ရဲ့ အတည်ပြုချက်ရရေး ရည်ရွယ်ပြီး ဘက်တော်သားစာရေးဆရာအချို့ နဲ့ ပုံနှိပ်ထုတ်ဝေသူ အချို့ ကလိုလားတဲ့ ဥပဒေကြမ်းဖြစ်ပါကြောင်းပြသနိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ဒီဥပဒေကြမ်းဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဇက်သတ်ဖို့ အစိုးရရဲ့ အားထုတ်မှု အဖြစ် မီဒီယာသမားများက ရှုမြင်ကြပါတယ်။
ရည်မွန်
- Details
- Written by ကိုဘုန်း
- Category: သတင်း
- Hits: 5947
ယုဇနဥယျာဉ်မြို့တွင် နေထိုင်ကြသောပန်းချီဆရာများ၏ တတိယအကြိမ်မြောက်ပန်းချီပြပွဲကို ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိ လောကနတ်ပန်းချီပြခန်းတွင်ပြသလျက်ရှိသည်။ ပန်းချီပြပွဲကို Art Garden ဟုအမည်ပေးထားပြီး ယုဇနဥယျာဉ်မြို့ရှိပန်းချီဆရာ မောင်ဒီ၊မောင်ဌေးအောင်၊ကောင်းစံ၊ထွန်းလွင်၊သန်းဝင်းထွန်း၊ အောင်နိုင်မောင်၊လှဖုန်း၊တီကျူး၊စသူ တို့အပါအ၀င်ပန်းချီဆရာ ၅၀ကျော် ပါဝင်ပြသခဲ့ကြသည်။ ပြပွဲတွင် ပန်းချီဆရာအသီးသီး၏ ပုဂ္ဂလဘာဝကို အခြေပြုသောပန်းချီကားများမှသည် ခေတ်ပြိုင် မြန်မာလူအဖွဲ့အစည်းအခြေအနေများကို ထင်ဟပ်ထားသည့် အကြောင်းအရာ ပေါင်းစုံကို
ပန်းချီရေးဟန်အမျိုးမျိုး၊ တင်ဆက်ပုံအမျိုးမျိုးတို့ ဖြင့် ရေးဆွဲထားသည့် ပန်းချီကားပေါင်း ၉၀ကျော်ပြသထားသည်။ အထူးသဖြင့် မကြာသေးခင်က အစိုးရမှ ဆင်ဆာစိစစ်ဖြတ်တောက်မှုတင်းကြပ်သည့် ကာလများ အတွင်း ပြပွဲတွင်ဖော်ပြခွင့်မရခဲ့သည့် လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လူမှုတရားမျှတရေးစသည့် အကြောင်းအရာများကိုလည်း ထင်ဟပ်ထားသည့်ပန်းချီကားများလည်းပါဝင်နေပါသည်။ ယခု ပန်းချီပြပွဲကို ဧပြီလ ၂၄ရက်နေ့မှ ၂၉ရက်နေ့အထိ လောကနတ်ပန်းချီပြခန်းတွင် နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅နာရီအထိပြသထားမည်ဖြစ်သည်။
ကိုဘုန်း