သတင်း
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
၁၉၈၈ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဖြတ်ခဲ့ကြတဲ့ လူငယ်စာပေအနုပညာရှင်များက မိမိတစ်ဦးချင်းရဲ့အတွေ့အကြုံများကို အမြုတေပြုပြီး စာပေအနုပညာပစ္စည်းများအဖြစ် ဖန်တီးထုတ်လုပ်လျှက်ရှိရာမှာ ပျဉ်းမနားမြို့မှာနေထိုင်တဲ့ ကဗျာဆရာမောင်ရှင်စောကလည်း "နှင်းရိပ်ပြာမှောင်" အမည်ရတဲ့ ၈၈နောက်ခံ ဝတ္ထုတစ်ပုဒ်ကို လာမယ့် ဒီဇင်ဘာလအတွင်း ထုတ်ဝေဖြန့်ချီတော့မယ်လို့ သိရပါတယ်။
၁၉၈၈ ကာလက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်ခဲ့တဲ့ မောင်ရှင်စောဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့ရှေ့ပြေးဖြစ်ခဲ့တဲ့ မတ်လဖုန်းမော် အရေးအခင်း၊ တံတားနီအရေးအခင်း၊ဇွန်လ ရန်ကုန်တက္ကသိုလ် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး ၈.၈.၈၈ ရက်က စတင်တဲ့ ရန်ကုန်ဒီမိုကရေစီ လူထုအုံကြွမှုအတွင်း ဗကသအမှုဆောင၊် အထွေထွေသပိတ်ကော်မတီ (GSC) အမှုဆောင် တာဝန်များ ထမ်းဆောက်ခဲ့သူဖြစ်ပါတယ်။အရေးတော်ပုံကြီးချေမှုန်းခံရပြီးနောက် မန္တလေးမြို့ကို ပြောင်းရွှေ့ကာ ဗကသ(အထက် ဗမာပြည်)မှာ အမှုဆောင်တစ်ဦးအဖြစ် ဆက်လက်တာဝန်ယူပြီး မန္တလေးကျောင်းသား လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ဗကသ(အထက်ဗမာပြည်)နဲ့ မန္တလေးခရိုင် ကျောင်းသားသမဂ္ဂများက ထုတ်ဝေတဲ့ ဗဟိန်းဂျာနယ်၊တပ်လှန့်သံဂျာနယ်၊မီးတုတ်သတင်းစာတွေမှာလည်း အယ်ဒီတာတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
၁၉၉၁ခုနှစ်ကစလို့ တစ်ဖက်က အလွတ်ပညာသင်ဆရာအဖြစ် အသက်မွေးရင်း တစ်ဖက်က လစဉ်ထုတ်မဂ္ဂဇင်းတွေမှာ ကဗျာနဲ့ဝတ္ထုတိုများကို စတင်ရေးသားခဲ့ပါတယ်။
သူ့ရဲ့ကဗျာတွေကို စုစည်းပြီး ၂၀၀၉ခုနှစ်က "အရိုင်းတူရိယာ" (The Pagan Instrument) အမည်နဲ့ ကဗျာလုံးချင်းတစ်အုပ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ဝေခဲ့သလို ၂၀၁၂ခုနှစ် မေလကလည်း "ကြောင်ကလေး"အမည်ရတဲ့ ဝတ္ထုတိုပေါင်းချုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
့ကိုဘူန်း
မြန်မာအနုပညာရှင်များ၊အနုပညာအုပ်စုများနှင့် နိုင်ငံတကာအနုပညာရှင်များ ပါဝင်တင်ဆက်သည့် Blue Wind နိုင်ငံတကာ မာလ်တီမီဒီယာအနုပညာပွဲတော်ကို ရန်ကုန်မြို့တွင် နေရာလေးနေရာခွဲပြီး နိုဝင်ဘာ ၂၃ရက်နေ့မှ ၂၇ရက်နေ့အထိ ကျင်းပလျက်ရှိသည်။ အနုပညာပွဲတော်တွင် မီဒီယာပေါင်းစုံဖြင့်ဖန်တီးထားသော အနုပညာပစည်းများခင်းကျင်းပြသခြင်း၊ စာတမ်းဖတ်ခြင်း ၊ကဗျာရွတ်ဖတ်ခြင်း ၊ပါဖောမန့်အနုပညာဖြင့်တင်ဆက်ခြင်း ၊ဗွီဒီယို ဖြင့်တင်ဆက်ခြင်းတို့ကို ပါဝင်သည်။အစီအစဉ်အရ  ခေတ်ပြိုင် မြန်မာနှင့်နိုင်ငံတကာအနုပညာရှင် ၈၀ ကျော်၏ မီဒီယာမျိုးစုံဖြင့် ဖန်တီးထားသောအနုပညာ လက်ရာများအား ရန်ကုန်မြို့ကိုယ့်မင်းကိုယ်ချင်းလမ်းရှိ Professional Art Gallery တွင် ၂၃ ရက်နေ့မှ ၂၇ရက်နေ့အထိ နံနက် ၉နာရီမှ ၅ နာရီအတွင်းပြသထားသည်။ စာတမ်းဖတ်ပွဲကို ၂၄ရက်နှင့် ၂၅ရက်နေ့ တို့တွင် နေ့စဉ် နေ့လည် ၁နာရီမှ ၄ နာရီအထိ City Star ဟိုတယ် ၌နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ျာ
    ငါးကြိမ်မြောက် Beyond pressure နိုင်ငံတကာအနုပညာပွဲတော် ကျင်းပမည့် အစီအစဉ် စာနယ်ဇင်းမိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၆ရက်နေ့ နံနက်၁၁ နာရီကတာမွေမြို့နယ်ရှိ  ကော်ဖီဆိုင်တွင်ပြုလုပ်ခဲ့သည်။အခမ်းအနားတွင် အနုပညာဒါရိုက်တာ ပါဖောမန့်အနုပညာရှင်မိုးစက်နှင့် မန်နေဂျာကဗျာဆရာမောင်ဖုန်းမြင့်တို့က ငါးကြိမ်မြောက် Beyond pressure နိုင်ငံတကာအနုပညာပွဲတော်ကျင်းပမည့်အစီအစဉ်များကို တက်ရောက်လာသူများအား ရှင်းပြခဲ့ကြသည်။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ုသ စ
      မြန်မာခေတ်ပြိုင်အနုပညာရှင် မင်းသူရိန် (ကဗျာဆရာလင်းသဏ်ညီ)၏ ရန်ကုန်မြို့ တွင်ကျင်းပသော လေဟာနယ်၊နေရာလွတ် အနူပညာတင်ဆက်မှုကို နိုဝင်ဘာ(၁၈) မှ စတင်ပြီးအစီအစဉ်သုံးဆင့်ခွဲကာ ထုးထူးခြားခြားတင်ဆက်ခဲ့ပါသည်။
    အစီအစဉ် ၁ တွင် မင်းသူရိန်က ပြပွဲစတင်ရန် ပြင်ဆင်သည့် အနေဖြင့် ပြပွဲဖိတ်စာများကို ရန်ကုန်မြို့လယ်လမ်းများပေါ်တွင် ကိုယ်တိုင်လက်ကမ်းဝေငှခြင်း၊ဖြင့် အနုပညာရှင် နှင့်ပရိတ်သတ်တိုက်ရိုက်ထိတွေ့ဖြင်းဖြစ်စဉ် street performance အဖြစ် စတင်ခြင်းဖြင့် သာမရိုးကျအနုပညာပြပွဲများတွင်သုံးနေသောစနစ်မှ လမ်းခွဲထွက် ထားသည်ကိုတွေ့ရပါသည်။
   အစီအစဉ် ၂ အရ နိုဝင်ဘာ ၁၇ ရက် မနက် ၈နာရီမှ စတင်ကာ အနုပညာရှင် မင်းသူရိန်နေအိမ်(စတူဒီယို) စမ်းချောင်းမှ ပြပွဲတွင်ပြသမည့်အရာဝတ္ထုများအား ပြပွဲကျင်းပ မည့်Myanmar Ink ပြခန်းနေရာသို့ခြေကျင်လျောက် ကာသယ်ယူခြင်း အများပြည်သူများ ပုံမှန်နေ့စဉ်သွားလာသည့်ဘစ်စ်ကားများကို သုံးကာသယ်ယုခြင်းဖြင့် လူထုကြားတွင် မိမိ အနုပညာပစ္စည်းများသယ်ယု သည့် ဖြစ်စဉ်ကိုအနုပညာတရပ်အဖြစ် တင်ဆက်ဖြင်းဖြင့် ပုံမှန် ပြပွဲများတွင် သုံးသည့်နည်းလမ်းမှ လမ်းခွဲထွက်ကာ ထူးထူးခြားခြားတင်ဆက်လာ သည်ကိုတွေ့ရပါသည်။တို့နောက်ပစ္စည်းများ ကို နေရာချခြင်း နေရာပြောင်းခြင်း နေရာ လွတ်များချန်ထားခြင်းဖြစ်စဉ်တို့ကို လည်း ၄င်း၏ အနုပညာဖြစ်စဉ်အဖြစ်တင်ဆက်ခဲ့ပါသည်။
  အစီအစဉ် ၃ အရ နိုဝင်ဘာ ၁၈ တွင် ပြခန်းတွင် အနုပညာပစ္စည်းများကို ပြခန်းတွင် ပြပခြင်းဖြစ်ပြီး ထိုနေ့ ညနေ ၃နာရီခန့်တွင် မင်းသူရိန်ကိုယ်တိုင် စစ်ဆန့်ကျင်ရေး  နှင့် ငြိမ်းချမ်းရေးတို့ကိုဖေါ်ကျူးသော Performance အနုပညာတင်ဆက်မှုကို လုပ်ဆောင်ပြသခဲ့ပါသည်။တို့နောက် ပြခန်းတွင်ပြထားသော ပစ္စည်းများကို ပြန်လည် သယ်ယူခြင်း နှင့် ပြခန်းအတွင်း နေရာလွတ်ကျန်ရစ်စေခြင်းတို့ကို အနုပညာဖြစ်စဉ်အဖြစ် ဆင်လက်တင်ဆက်ခဲ့ပါသည်.။
မင်းသူရိန် ၏ ယခုပြပွဲတွင် အနုပညာပစ္စည်းအဖြစ် မိမိနေအိမ်မှ စက္ကူဗူးခွံများ၊ပလပ်စတစ်ဇလုံကြီးများ၊ ဓါတ်ဗူး၊ကျောပိုးအိတ်ဟောင်းများ၊ပိတ်စများ၊ စုတ်ပြဲနေသော အ၀တ်ဟောင်းများ ရေးလက်စပန်းချီကားတချို့နှင့် ပြပွဲကျင်းပနေစဉ်ရေးသားခဲ့သော လက်ရေးစာများကို အသုံးပြုခဲ့သည်။
ပန်းချီမင်းသူရိတ်သည် ရခိုင်တိုင်းရင်သား ဗုဒ္ဒဘာစသာဝင် အနုပညာရှင်တဦးဖြစ်ပြီး ၁၉၉၇တွင် ဖခင်ဦးစံအေးထံမှ အခြေခံပန်းချီပညာကို သင်ယူခဲ့ပါသည်.။ဆရာ ဘလေးညိုထံတွင် ၂၀၀၆ထိသင်ယုခဲ့ပါသည်။ ။၂၀၀၂ တွင် ပထမဆုံးပန်းချီပြပွဲတွင်ပါဝင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် Morekha art Gallery တွင် တကိုယ်တြော်ပပွဲကျင်းပခဲ့ပါသည်။ ၂၀၁၁စာပေလောက ၅ စာအုပ်တိုင်တွင် Childrenhood အမည်နှင့်ဒုတိယအကြိမ် တကိုယ်တော်ပြပွဲကို ပြသခဲ့ပါသည်.။
  မင်းသူရိန် ကသူ့အနုပညာလက်ရာများနှင့်ပတ်သက်ပြီး ကျွန်တော့် လက်ရာများဟာ လူမှုဘ၀ ။လူမှုနေထိုင်မှုပုံစံတွေကနေ ဆက်စပ်ပြီးဖြစ်ပေါ်လာတဲ့စိတ်ကူးတွေကို အခြေခံပါတယ်။အနုပညာဟာစိတ်နဲ့ကင်းလွတ်ပြီး ဖန်တီးလို့မရဘူးလို့ယုံကြည်ပါတယ်။ ဟုပြောပါသည်.။
  မင်းသူရိန်၏ တင်ဆက်မှုသည် ဘာမှမရှိခြင်း၊နေရာချခြင်း ၊ပြပြင်ခြင်း၊တည်ဆောက်ခြင်း၊ဆက်လက်တည်ရှိစေခြင်း၊ပြန်လည်ပယ်ဖျက်ခြင်းထပ်မံပြောင်းရွှေ့ခြင်း၊ဘာမှ မရှိသာနေရာကျန်ရစ်နေခြင်း စာသောလူသားဘ၀၊အထူးသဖြင့် မြို့ပြနေလူသားလ၀၏ မရပ်မနားရွေ့ပြောင်းဖြစ်တည်နေရခြင်းဖြစ်စဉ်ကို အနုပညာအဖြစ် တင်ဆက်လာခြင်း ဖြစ်သဖြင့် ၂၀၁၂ အတွင်းထူးခြားသော ပြပွဲတခုဖြစ်ပါသည်.။
                                                                        ကိုဘုန်း
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 ko
  စာနယ်ဇင်းများတွင်ခေတ်ပြိုင်ကဗျာများတစိုက်မတ်မတ်ရေးသားနေသူလည်းဖြစ် ပန်းချီဆရာလည်းဖြစ်သူမင်းသူရိန်(လင်းသဏ်ညီ)၏ လေဟာနယ်၊နေရာလွတ်အနုပညာတင်ဆက်မှုအားရန်ကုန်မြို့လယ်တွင်စတင်လုပ်ဆောင်လျက်ရှိသည်။မင်းသူရိန်၏တင်ဆက်မှုအား အစီအစဉ်သုံးခုဖြင့်တင်ဆက်ရန်စီစဉ်ထားသည်။အစီအစဉ် ၁ မှာ ပြပွဲစီစဉ်ခြင်းနှင့်ဖိတ်ကြားခြင်း၊ အစီအစဉ် ၂မှာ ၁၇၊၁၁၊၂၀၁၂(စနေနေ့)နေအိမ်(စတူဒီယို)မှ နံနက် ၈ နာရီခန့်တွင်အထောက်အပံ့ပစည်းများအား Myanmar Ink ပန်းချီပြခန်းသို့ သွားရာလမ်းတစ်လျှောက်သယ်ယူခြင်း၊တပ်ဆင်ခြင်း၊နေရာချခြင်း စသည့်တင်ဆက်မှု၊အစီအစဉ် ၃မှာ ၁၈၊၁၁၊၂၀၁၂(တနင်္ဂနွေ)တွင် တပ်ဆင်ထားသောပစည်းများအား ဆက်လက်ပြသခြင်း၊ ညနေ ၃နာရီခန့်တွင် တင်ဆက်သူကိုယ်တိုင်ပါဝင်သည့် အနုပညာပြကွက်ကိုတင်ဆက်ခြင်း၊ပစည်းများကိုနေရာပြောင်းလဲခြင်း၊နေရာရွှေ့ခြင်း၊Myanmar Inkပန်းချီပြခန်းမှနေအိမ်(စတူဒီယို)သို့ပြန်လည်သယ်ယူခြင်း၊ပန်းချီပြခန်းတွင်နေရာလွတ်၊လေဟာတစ်ခုအဖြစ်ချန်လှပ်ခဲ့ခြင်း၊နေအိမ(စတူဒီယို)တွင်ပစည်းများနေရာချခြင်း တပ်ဆင်ခြင်း၊သိမ်းဆည်းခြင်း၊ငြိမ်သက်တည်ရှိခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်စေခြင်းတင်ဆက်မှုတို့ဖြစ်သည်။ယခုအခါ အစီအစဉ် ၁ ပြကွက်ဖြစ်သော ပြပွဲစီစဉ်ခြင်းနှင့်ဖိတ်ကြားခြင်းပြကွက်အား စတင်လုပ်ဆောင်နေပြီး မှတ်တမ်းစတင်တင်နေပြီဖြစ်သည်။ယခုလို အစီအစဉ် သုံးခုဖြင့်ပြုလုပ်နေသောပန်းချီဆရာမင်းသူရိန်၏ လေဟာနယ်၊နေရာလွတ် အနုပညာတင်ဆက်မှုသည် ရွေလျားနေသောဘ၀၊ငြိမ်သက်တည်ရှိနေသောဘ၀ကို ထင်ဟပ်ပြသနေခြင်းဖြစ်ပြီးခေတ်ပြိုင်မြန်မာအနုပညာနယ်ပယ်အတွင်း ထူးခြားသစ်လွင်သောစိတ်ကူးတင်ဆက်မှုတစ်ရပ်ဟုဆိုရမည်ဖြစ်သည်။