သတင်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ym
အသစ် အသစ်ဖန်တီးမှုကို အမြဲ တောင်းဆိုလေ့ရှိတဲ့ အနုပညာဟာ တစ်ဦးချင်း တစ်ယောက်ချင်း ဖန်တီးတဲ့ လက်ရာအပြင် အစုအဖွဲ့ အသိုင်းအဝိုင်းတစ်ခုက ဖန်တီးတဲ့ လက်ရာတွေကိုပါ တောင်းဆိုလာခဲ့ပါပြီ။
အရင်က အနုပညာဆိုတာ အနုပညာရှင်လို့ ခံယူထားသူ တစ်ဦးနဲ့သာ သက်ဆိုင်ခဲ့တယ်။အနုပညာရှင်က လက်ရာတစ်ခု ဖန်တီးတယ်၊ပရိသတ်က ဒီလက်ရာကို ခံစားမယ်၊အနုပညာရှင်နဲ့ ပရိသတ်ကြား စည်းတစ်ခု ခြားထားခဲ့တယ်။Community Art ဆိုတာ ဒီစည်းကို ချိုးဖျက်ပစ်ချင်တဲ့ ကြိုးစားအားထုတ်မှု တစ်ခု ဖြစ်ပါတယ်။
Community Art က အနုပညာကို ပရိသတ်ထဲ တိုက်ရိုက် ပို့ဆောင်ချင်တယ်။အနုပညာကို ပရိသတ်ကိုယ်တိုင် ပါဝင် ဖန်တီးစေချင်တယ်။အနုပညာ ခံစားရုံသက်သက် ပရိသတ် မဟုတ်တော့ဘူး၊ကိုယ်တိုင် အနုပညာ ဖန်တီးတဲ့ ပရိသတ်၊ကိုယ်တိုင် အနုပညာ ဖန်တီးတဲ့ လူထု။
Community Art မှာ အနုပညာနဲ့ ပရိသတ်၊အနုပညာနဲ့ လူထု တစ်သားတည်း ဖြစ်ခဲ့ပြီ။
Community Art အကြောင်း မန္တလေးမြို့က လူငယ်အနုပညာရှင်တွေကို မိတ်ဆက်ပေးဖို့ ရည်ရွယ်တဲ့ The Community and Contemporary Art Course Workshop and Training တစ်ခုကို Mandalay Contemporary Art Centre မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က ၂၄ ရက်အထိ ကျင်းပခဲ့ရာ ပန်းချီ၊ကဗျာ၊ဓာတ်ပုံ၊ပါဖောင်းမင့် မျက်နှာသစ် လူငယ်အနုပညာရှင် ၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။
သင်တန်းဆရာများအဖြစ် ပိုလန်အမျိုးသမီးအနုပညာရှင် Lydia Parusol၊ကမ္ဘောဒီးယား အမျိုးသမီးအနုပညာရှင် Tith Kanitha တို့ နှစ်ဦးက ဆောင်ရွက်ပြီး Community Art and Cambodia's Contemporary Art Practice များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
ဇန်နဝါရီ ၂၃ ရက် သင်တန်းစတုတ္ထမြောက်နေ့ကတော့ လက်တွေ့ Community Art ဖန်တီးမှု အစီအစဉ်အဖြစ် မန္တလေးမြို့ တစ်ဖက်ကမ်း ဧရာဝတီမြစ်ဘေးက သံဘိုကျွန်းရွာ သောင်ပြင်မှာ စိတ်ကူးထဲက ရွာကလေးတစ်ရွာ စုပေါင်းဖန်တီး တည်ဆောက်ခဲ့ကြတယ်လို့ သိရပါတယ်။
MCAC အနေနဲ့လည်း လူငယ်အနုပညာရှင်တွေ ဖန်တီးလိုတဲ့ Community Art Project များ အကောင်အထည်ဖော်နိုင်အောင် ဆက်လက်ပြီး အားပေးကူညီသွားမယ်လို့ အဆိုပါအဖွဲ့ရဲ့ ဒါရိုက်တာ ဆရာစူးမြင့်သိန်းက ပြောပါတယ်။

 

ရည်မွန်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

 

 

ကောင်းကင်နိုင်ငံပြုအနုပညာ အွန်လိုင်းမဂ္ဂဇင်းတွင်ဖေါ်ပြခဲ့သော ကဗျာများကို ရန်ကုန်အခြေစိုက် ကဗျာဆရာဘုန်းသက်ပိုင် စုစည်းတင်ဆက်သည့် ကောင်းကင်လက်ရွေးစင်ကဗျာများစာအုပ် ကို ရန်ကုန်မြို့စာအုပ်ဆိုင်များတွင် ယနေ့စတင်ဖြန့်ချီခဲ့သည်။ ထိုကဗျာလက်ရွေးစင် တွင် ကဗျာဆရာကြည်ဇော်အေး၊ကိုရွေး၊မောင်ဒီ ၊ဘုန်းသက်ပိုင်၊ သူရနီ၊မျိုးတေဇာမောင်၊ မနော်ဟရီ၊ ခင်အောင်အေး၊ မောင်ပြည့်မင်း ၊ ဦးရွှေထူး ၊အိန္ဒြာ၊ ပန်ဒိုရာ၊ မိုးဝေး၊ သည်မော်နိုင်၊ အောင်ချိမ့်၊ထိန်လင်း၊ မောင်သင်းခိုင်၊ စိုင်းဝင်းမြင့်၊လှသန်း၊ အောင်ဒင်၊ဇေယျာလင်း ၊မောင်စိမ်းနီ ၊အိုအောင်၊ ၀င်းမြင့် ၊ဝေးခေါင် ၊ခရမ်းပြာထက်လူ၊ သစ္စာနီ၊ မောင်တင်သစ်၊ လွှမ်းရုံ ၊ဇော်လူစိမ်း၊ ထူးညို၊ ကိုထိုက်၊ ကိုကိုသက်၊ ကျော်ကိုကို၊ တို့၏ ကဗျာများ ပါဝင်ပြီး မျက်နှာဖုံး ဒီဇိုင်း ကိုထိုက် က ဖန်တီးထားသည်။ ဆက်လက်၍ ကောင်းကင်ကဗျာများကိုအတွဲ ၂ အနေနှင့် ဆက်လက် ထုတ်ဝေသွားမည် ဖြစ်ပါသည်။

 

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

့ဖေညွန့်ဝေ

ထင်ရှားသည့်ခေတ်ပြိုင်မြန်မာပန်းချီဆရာတစ်ဥိးဖြစ်သူ ပန်းချီဖေညွန့်ဝေ၏   BAGAN DECO တစ်ကိုယ်တော်ပန်းချီပြပွဲကို ဖေဖ၀ါရီ ၄ ရက်နေ့တွင် လောကနတ် ပန်းချီပြခန်း၌စတင်ပြသမည်ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင်တည်ရှိသည့်သမိုင်းဝင် ပုဂံဒေသတွင် စေတီပုထိုးပေါင်း အမြောက်အမြား ရှိ ပြီး အာရှတွင် အကြွယ်ဝဆုံးသောယဉ်ကျေးမှု၊ပိသုကာလက်ရာများကြောင့် ထင်ရှားသည့်နေရာဒေသတစ်ခုဖြစ်သည်။ ပုဂံခေတ်ယဉ်ကျေးမှုသည် လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ကျော်ကာလ အေဒိ ၁၁မှ ၁၃ရာစုအတွင်း ထွန်းကားခဲ့သည်။ မြန်မာ့သမိုင်းကိုပုံဖော်ပေးခဲ့သောအထင်ကရဖြစ်စဉ်များ၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် ကိုးကွယ်ယုံကြည်မှုများ၊ စာပေအနုပညာလက်ရာများ စတင်ထွန်းကားခဲ့ရာ နေရာဒေသဖြစ်သောကြောင့် ပုဂံဒေသသည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် နှုန်းစံတန်ဖိုးများစွာကို ကိုယ်စားပြုနေသည့် နေရာဒေသတစ်ခုပင်ဖြစ်သည်။

ပုဂံနှင့်စပ်လျဉ်းသော စာပေ၊ကဗျာ၊ပန်းချီ၊ဂီတ၊ရုပ်ရှင်၊သဘင် စသည့်နယ်ပယ်အသီးသီးမှ ဖန်တီးတင်ပြမှုများစွာ မြန်မာ စာပေအနုပညာသမိုင်းအစဉ်တွင် ရှိခဲ့ပြီးဖြစ်သည်။ ခမ်းနားကြီးကျယ်လှသော အတိတ်သမိုင်းကို နယ်ပယ်အသီးသီးမှ အနုပညာ ရှင်ပေါင်းများစွာတို့မှ စိတ်ကူးပုံဖော် တင်ဆက်မှုများစွာပြုလုပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ခမ်းနားဆန်းကြယ်လှပြီး တန်ဖိုးပေါင်းများစွာကိုကိုယ်စားပြုနေသော နေရာဒေသဖြစ်သည်နှင့်အညီ ခေတ်အဆက်ဆက် ပုဂံနှင့်စပ်လျဉ်းသော ဖန်တီးမှုအနုပညာတိုင်းသည် ထူးခြားဆန်းသစ်နေလေ့ရှိပါသည်။

ပုဂံကိုရေးဖွဲ့တင်ဆက်သည့် စာပေ၊အနုပညာလက်ရာများသည် နှစ်ပေါင်း နှစ်ထောင်ကျော်ကာလအတွင်း မရေမတွက်နိုင်အောင်ပေါ်ထွက်ခဲ့ပြီးဖြစ်သော်လည်း အနုပညာရှင်များက ထပ်မံအနုပညာလက်ရာများထပ်မံထုတ်လုပ်နေကြသလို ထိုထွက်ပေါ်လာသောအနုပညာလက်ရာများသည်လည်း ဆွဲဆောင်မှုအပြည့်ရှိနေသည်မှာ ပုဂံဒေသအားလွှမ်းခြုံထားသော လျှို့ဝှက်ဆန်းကြယ်မှုပင်ဖြစ်သည်။

နအဖ အစိုးရ အနှစ် ၂၀ ကာလ အတွင်း ပုဂံရှေးဟောင်းဘုရားများ ကို ပြန်လည်မွန်းမံသည်ဟု ဆိုကာ နံရံဆေးရေးလက်ရာများပေါ်တွင် ဆေးများထပ်သုတ်ခြင်း ဘုရာများကို ထီးအသစ်တင် ခြင်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အလယ်တွင် နန်းမြင့်မျော်စင်သစ် တည်ဆောက်ခြင်းတို့ ကြောင့်  ဝေဖန်သံများပြားခဲ့သလို တန်ဘိုးရှိသော အနုပညာလက်ရာများ ဆုံးရှုံးခဲ့ရလေသည်။

ပန်းချီဆရာဖေညွန့်ဝေ၏ BAGAN DECO  ပန်းချီပြပွဲသည်လည်း ခမ်းနားကြီးကျယ်လှသောပုဂံဒေသကို စိတ်ကူးပုံဖော်တင်ဆက်လိုက်ခြင်းပင်ဖြစ်သည်။ ပြပွဲနှင့်စပ်လျဉ်း၍ပန်းချီဆရာက ““ကျွန်တော်တို့ဟာ အခုချိန်ထိ နံရံဆေးရေးလက်ရာတွေ၊အပြောက်အမွှန်းတွေရှိတဲ့ပုဂံကိုတည်ထောင်ထိန်းသိမ်းခဲ့တာနှစ်ပေါင်း၂၀၀၀လောက်ကြာမြင့်ခဲ့ပါပြီ၊ အနာဂတ်မှာ ပုဂံရဲ့ထာဝရအလှတရားဟာ လူသားနဲ့ဝန်းကျင်ရဲ့ဖြစ်စဉ်ထဲမှာ အနုပညာလက်ရာတွေနဲ့ဆက်လက်သက်ဝင်နေမှာဖြစ်ပါတယ်။””ဟုဆိုပါသည်။

အခုပြပွဲသည် ပန်းချီဖေညွန့်ဝေ၏ ပုဂံအပေါ်ထင်ဟပ်ဖန်တီးထာသည့် အနုပညာလက်ရာများစွာပါဝင်ပြသမည်ဖြစ်သည်။ ပြပွဲကို ဖေဖော်ဝါရီ ၄ရက်နေ့မှ  ၉ရက်နေ့အထိ လောကနတ်ပန်းချီပြခန်းတွင် နံနက် ၉ နာရီမှ ညနေ ၅နာရီအတွင်းပြသသွားပါမည်။

                                                                               ကိုဘုန်း

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

့kmy

၂၀၁၂ ခုနှစ်ဆန်းပိုင်း ကစတင်ပြီး မြန်မာနိုင်ငံ အတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်များ သိသိသာသာ ရရှိလာပြီး စာပေစီစစ်ရေး အဖွဲ့ ကို ပယ်ဖျက်လိုက်ပေမယ့် အခြား အနုပညာပညာ နယ်ပယ်များဖြစ်တဲ့ ရုပ်ရှင် ပန်းချီ နယ်များမှာ ဆင်ဆာ အဖွဲ့ ရဲ့ စီစစ်မှု တွေ ဆက်ရှိနေဆဲလို့ဆိုပါတယ်။

အထက်တွင် ဖေါ်ပြထားတဲ့ အိပ်ပျော်နေတဲ့ မိန်းကလေး ပန်းချီကားဟာ မော်ဒန်မာစတာ ခင်မောင်ရင် ရဲ့ ပန်းချီကားဖြစ်ပြီး လွန်ခဲ့တဲ့ အပတ် လောကနတ် ပြခန်းမှာ ပြုလုပ်တဲ့ ခင်မောင်ရင် ၁၀၀ တကိုယ်တော် ပြပွဲမှာ စီစစ်ရေးအဖွဲ့ က မြန်မာယဉ်ကျေးမှု နဲ့ မဆီလျော်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြသဘို့ ငြင်းပယ်ခံခဲ့ရတဲ့ပန်းချီကားဖြစ်ပါတယ်။

ပွင့်လင်းလာတဲ့ ခေတ်အခြေ အနေနဲ့ လိုက်ပြီး ပန်းချီဆရာ တွေဟာ နိုင်ငံရေး ဆန်တဲ့ ပန်းချီကားတွေ အထူးသဖြင့်  အမျိုသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ပုံတူ တို့ကို စတိုင်အမျိုးမျိုးနဲ့ ရေးဆွဲလာကြတာတွေ့ရပါတယ်။ထို့ အပြင် ယခင်က လုံးဝရေးဆွဲပြသ ဘို့ စိတ်မကူးခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားများ ဘ၀ ကိုထင်ဟပ်တဲ့ ပန်းချီကားတွေကိုလည်း အတွေ့ရများလာပါတယ်။

 နောက်ပန်းချီလောကမှာအရင်က အတွေ့ရနည်းတဲ့ အမျိုးသမီး ကိုယ်လုံးတီး ပုံပန်းချီကားများကို စတိုင်အမျိုးမျိုးရေးဆွဲ လာတာတွေ့ရပါတယ်။ အထူးသဖြင့် ပန်းချီဆရာများ ရဲ့ ဖေ့ဘွတ် စာမျက်နှာ များမှာ တွေ့ရသလို ကိုယ်ပိုင် ပန်းချီပြခန်းတွေမှာ ရောင်းချဘို့ချိတ်ဆွဲထားတာတွေ တွေ့ရပါတယ်။လုံးတီးပုံ ပန်းချီကား ချိတ်ဆွဲပြသခွင့်ဟာ မြန်မာနိုင်ငံထက် နိုင်ငံရေးလွတ်လပ်ခွင့်ပါတယ်ဆိုတဲ့ ဒေသတွင်း အထူးသဖြင့် မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား အင်ဒိုနီးရှားလို နိုင်ငံတွေမှာ လည်း ပြသနာတွေရှိနေဆဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ၀င်အများစုမြန်မာနိုင်ငံမှာတော့ ဘာသာရေး အရ တင်းတင်းကြပ်ကြပ်တားမြစ်ထားတာမျိုးမရှိသော်လည်း မြန်မာယဉ်ကျေးမှု မှာ အစဉ်အလာ အရ ဆိုတဲ့ ပေတံနဲ့တိုင်းတာပြီး တားမြစ်ခဲ့တာတွေ အစဉ်အဆက်ရှိခဲ့ပါတယ်။

ဒါကြောင့် ပြောင်းလဲပွင့်လင်းလာတဲ့ ခေတ်အခြေအနေကြောင့် ပန်းချီဆရာတွေ တကိုယ်လုံးဖေါ် အလှမယ်ပုံ ကို ဘယ်လိုပဲ ရေးဆွဲလာကြသော်လည်း လူထုကိုပြသတဲ့ လောကနတ်လိုပြခန်းမျိုးမှာ  ပြသခွင့် ရဘို့ အတွက် တော့ လက်ရှိပန်းချီစီစစ်ရေးအဖွဲ့ ရဲ့ မြန်မာယဉ်ကျေးမှုနဲ့ကိုက်ညီရမယ်ဆိုတဲ့ မူလပေတံဟောင်းကြီးကြောင့် လွတ်လပ်စွာ ပြသနိုင်ဘို့ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။

 zyn

အထက်ဖေါ်ပြထားသောပန်းချီ ၂ကားဟာ ပန်းချီကိုကိုနိုင်နဲ့ပန်းချီ ဇွဲရန်နိုင်တို့ အလှမယ်ကားများဖြစ်ပါတယ်။

                                                                                       ကိုဘုန်း

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ko phone

ခေတ်ပြိုင်မြန်မာလူငယ်ပန်းချီဆရာတစ်ဦးဖြစ်သူ မင်းထက်အောင်၏ တတိယအကြိမ်မြောက်တစ်ကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ လောကနတ်ပန်းချီပြခန်းတွင် ဒီဇင်ဘာ ၁၄ရက်နေ့မှ ၁၇ ရက်နေ့အထိပြုလုပ်ခဲ့သည်။

ပန်းချီမင်းထက်အောင်(၃၄ နှစ်)သည် ရန်ကုန်ဇာတိပန်းချီဆရာဖြစ်ပြီး လွန်ခဲ့သောငါးနှစ်ခန့်မှ စတင်ကာ ခေတ်ပြိုင် ရေးဆွဲနေသောပန်းချီဆရာများ၊ ခေတ်အဆက်ဆက် ပန်းချီဆရာများ ၏လက်ရာများကို ကိုယ်တိုင်လေ့လာသင်ယူကာ ပန်းချီကားများစတင်ရေးသားခဲ့သည်။